ၾကားသိရသမွ်

အမှန်တကယ် အိမ်ခြံမြေမရှိသူများကို လူမျိုးဘာသာမရွေး မြေယာများ ပေးဝေလှုဒါန်း

သံဖြူဇရပ်ဒေသခံ သူဌေး ဦးခွေး- (ဒေါ်ယိမ်း)တို့မှ အိမ်ခြံမြေမရှိသူများအတွက် မြေယာများ ပေးဝေလှုဒါန်း

YNI ရန်ကုန်သတင်းပုံရိပ်

မွန်ပြည်နယ် သံဖြူဇရပ်မြို့ဒေသခံ ဦးခွေး မှ၎င်းပိုင် ရော်ဘာခြံမြေဧက ၈၀ မှာ မြေကွက် ၉၀၀ ကျော်ဖော် ထုတ်၍ ဒေသတွင်း မြေယာမဲ့ပြည်သူတွေကို ပေးအပ်လှူဒါန်းရန် လျှောက်လွှာများ လက်ခံခဲ့ပြီးဖြစ်သည်ဟု သတင်းရရှိသည်။

အဆိုပါမြေယာပေးဝေရေးမှာ ကူညီဆောင်ရွက်ပေးနေသူ ဒေါက်တာတင့်အောင်စိုးက “မနေ့ကနဲ့ဒီနေ့ နှစ်ရက်ကို လျှောက်လွှာတွေလက်ခံပြီး ချလံ(၉၀၀) ပေးလိုက်ပါပြီး၊ ချလံရတဲ့ လူတွေကမြေကွက် တွေရပြီးပေါ့၊ ဘယ် မြေကွက်ရမလဲဆိုတာတော့ မဲနှိုက်ပါမယ်၊ လာလျှောက်တဲ့လူတိုင်းကိုပေးပါတယ်၊ ဒါပေမဲ့ တစ်အိမ်ထောင်ကို မြေတစ်ကွက်နှုန်းပေါ့၊ဆရာတို့အဓိက စိစစ်တာက အိမ်ထောင်စုစာရင်း တစ်ခုတည်းကနေ ၂ ယောက် ၃ ယောက် လာလျှောက်တာမျိုးကိုပဲ စိစစ်ပြီးပယ်ပါတယ်၊ ကျန်တာတွေအားလုံးက ရကြပါတယ်”ဟု ပြောသည်။

သံဖြူဇရပ်မြို့ဒေသခံ သူဌေးကြီး ဦးခွေး-(ဒေါ်ယိမ်း)တို့မှ သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာ သံဖြူဇရပ်-ဘုရားသုံးဆူသွား ကားလမ်းမဘေးရှိ ပုံစံ ၇ ကျထားပြီးသား ၎င်းတို့ပိုင် မြေကွက်များပေါ်တွင် အလျား ၃၅ ပေ အနံ ၇၀ ပေ ရှိသည့် အိမ်ခြံကွက်(၉၀၀)ကျော်ကို ဖော်ထုတ်၍ လိုအပ်သူများကို ပေးဝေလှူဒါန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ‌မြေယာဧက ၈၀ တွင် ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဆောက်လုပ်ပေးလျက်ရှိပြီး ဘုရားစေတီတစ်ဆူကိုလည်း တည်ထားလျက်ရှိသည်ဟု ဆိုသည်. မြေယာပေးဝေရာတွင်လည်း စည်ကမ်းချက်အနေဖြင့်မြေကွက်ရရှိသူများသည်အနည်းဆုံး ဆယ်နှစ်နေထိုင်ရမည်ဖြစ်ပြီး ဆယ်နှစ်နေထိုင်ပြီးမှ မြေပိုင်ဆိုင်မှုစာချုပ်ထုတ်ပေးမှာဖြစ်သည်။ ဆယ်နှစ်မပြည့်မီ လက်လွှဲရောင်းချခြင်း နေထိုင်မှုမရှိခြင်း စစ်ဆေးတွေ့ရှိပါက ပြန်လည်ပြီးသိမ်းဆည်းကာ လိုအပ်သူတွေထံ ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းသူဌေးကြီးကပင် တာပူသွန်ကျေးရွာရှိ မြေဧက ၁၆၀ နှင့် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းလမ်းခွဲအနီးရှိ မြေ ၇ ဧကကိုလည်း လှူဒါန်းမှုပြုလုပ်ရန်စီစဉ်နေကြောင်းသတင်းရရှိသည်။

ကိုကိုအောင် YNI ရန်ကုန်သတင်းပုံရိပ်

သံျဖဴဇရပ္ေဒသခံ သူေဌး ဦးေခြး- (ေဒၚယိမ္း)တို႔မွ အိမ္ၿခံေျမမရွိသူမ်ားအတြက္ ေျမယာမ်ား ေပးေဝလႈဒါန္း

YNI ရန္ကုန္သတင္းပုံရိပ္

မြန္ျပည္နယ္ သံျဖဴဇရပ္ၿမိဳ႕ေဒသခံ ဦးေခြး မွ၎ပိုင္ ေရာ္ဘာၿခံေျမဧက ၈၀ မွာ ေျမကြက္ ၉၀၀ ေက်ာ္ေဖာ္ ထုတ္၍ ေဒသတြင္း ေျမယာမဲ့ျပည္သူေတြကို ေပးအပ္လႉဒါန္းရန္ ေလၽွာက္လႊာမ်ား လက္ခံခဲ့ၿပီးျဖစ္သည္ဟု သတင္းရရွိသည္။

အဆိုပါေျမယာေပးေဝေရးမွာ ကူညီေဆာင္ရြက္ေပးေနသူ ေဒါက္တာတင့္ေအာင္စိုးက “မေန႔ကနဲ႔ဒီေန႔ ႏွစ္ရက္ကို ေလၽွာက္လႊာေတြလက္ခံၿပီး ခ်လံ(၉၀၀) ေပးလိုက္ပါၿပီး၊ ခ်လံရတဲ့ လူေတြကေျမကြက္ ေတြရၿပီးေပါ့၊ ဘယ္ ေျမကြက္ရမလဲဆိုတာေတာ့ မဲႏွိုက္ပါမယ္၊ လာေလၽွာက္တဲ့လူတိုင္းကိုေပးပါတယ္၊ ဒါေပမဲ့ တစ္အိမ္ေထာင္ကို ေျမတစ္ကြက္ႏႈန္းေပါ့၊ဆရာတို႔အဓိက စိစစ္တာက အိမ္ေထာင္စုစာရင္း တစ္ခုတည္းကေန ၂ ေယာက္ ၃ ေယာက္ လာေလၽွာက္တာမ်ိဳးကိုပဲ စိစစ္ၿပီးပယ္ပါတယ္၊ က်န္တာေတြအားလုံးက ရၾကပါတယ္”ဟု ေျပာသည္။

သံျဖဴဇရပ္ၿမိဳ႕ေဒသခံ သူေဌးႀကီး ဦးေခြး-(ေဒၚယိမ္း)တို႔မွ သံျဖဴဇရပ္ၿမိဳ႕နယ္ စခန္းႀကီးေက်းရြာ သံျဖဴဇရပ္-ဘုရားသုံးဆူသြား ကားလမ္းမေဘးရွိ ပုံစံ ၇ က်ထားၿပီးသား ၎တို႔ပိုင္ ေျမကြက္မ်ားေပၚတြင္ အလ်ား ၃၅ ေပ အနံ ၇၀ ေပ ရွိသည့္ အိမ္ၿခံကြက္(၉၀၀)ေက်ာ္ကို ေဖာ္ထုတ္၍ လိုအပ္သူမ်ားကို ေပးေဝလႉဒါန္းခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ‌ေျမယာဧက ၈၀ တြင္ ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းကို ေဆာက္လုပ္ေပးလ်က္ရွိၿပီး ဘုရားေစတီတစ္ဆူကိုလည္း တည္ထားလ်က္ရွိသည္ဟု ဆိုသည္. ေျမယာေပးေဝရာတြင္လည္း စည္ကမ္းခ်က္အေနျဖင့္ေျမကြက္ရရွိသူမ်ားသည္အနည္းဆုံး ဆယ္ႏွစ္ေနထိုင္ရမည္ျဖစ္ၿပီး ဆယ္ႏွစ္ေနထိုင္ၿပီးမွ ေျမပိုင္ဆိုင္မႈစာခ်ဳပ္ထုတ္ေပးမွာျဖစ္သည္။ ဆယ္ႏွစ္မျပည့္မီ လက္လႊဲေရာင္းခ်ျခင္း ေနထိုင္မႈမရွိျခင္း စစ္ေဆးေတြ႕ရွိပါက ျပန္လည္ၿပီးသိမ္းဆည္းကာ လိုအပ္သူေတြထံ ထပ္မံေပးအပ္သြားမည္ျဖစ္ေၾကာင္းသိရသည္။

ယင္းသူေဌးႀကီးကပင္ တာပူသြန္ေက်းရြာရွိ ေျမဧက ၁၆၀ ႏွင့္ သံျဖဴဇရပ္-ဘုရားသုံးဆူလမ္းလမ္းခြဲအနီးရွိ ေၿမ ၇ ဧကကိုလည္း လႉဒါန္းမႈျပဳလုပ္ရန္စီစဥ္ေနေၾကာင္းသတင္းရရွိသည္။

ကိုကိုေအာင္ YNI ရန္ကုန္သတင္းပုံရိပ္