ကြားသိရသမျှ

“စိတ်ဓါတ်ကျနေ တဲ့ သူ တိုင်းဖတ်သင့် တဲ့ အဆိုတော် မျိုးကြီးဖြစ် လာပုံ အကြောင်း”

“စိတ်ဓါတ်ကျနေ တဲ့ သူ တိုင်းဖတ်သင့် တဲ့ အဆိုတော် မျိုးကြီးဖြစ် လာပုံ အကြောင်း”

တခါတုန်းက မျိုးကြီးဆိုတာ တခါက တောင်ဥက္ကလာ ကားလမ်းမ တစ်ခုမှာ ရှိတဲ့ လူငယ်တော်တော်များများ ထိုင်သော နေရာတစ်နေရာကို ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားပြီး ဂျင်းအကျီင်္ဝတ်လူနှစ်ယောက် ဝင်လာတယ်. သူတို့ မျက်နှာတွေကို သေချာစွာ မမြင်ရဒါကြောင့် ဘယ်သူတွေမှန်းလည်းမသိ ဘယ်သူမှလည်း သူတို့ကို အလေးထား စိတ်ဝင်စားမနေကြပါ.

သူတို့ ဝင်လာတဲ့ အချိန်က နေ့လည် ၁ နာရီခွဲဆိုတော့ နေ့လည်ဆို တာ သာမာန်ထမင်းစားပြီးသူတွေထိုင်တတ်တဲ့ အချိန်မဟုတ် ဒီအချိန်မှာ လူငယ်တွေကသာသူတို့ကြိုက်ရာ သီချင်းလေးတွေ ကို နားထောင်ဖို့ ထိုင်တတ်ကြတာ…

ဒီဆိုင်ကလည်း သူ့အနားပတ်ဝန်းကျင်မှာတော့ နံပါတ်တစ် ထိပ်တန်းဆိုင်ဒီလူနှစ်ယောက် ဆိုင်ထဲမှာ ထိုင်နေတဲ့ အချိန်မှာဒီဆိုင်မှာ ဖွင့်ထားတာကအဲဒီအချိန်မှာ နာမည်ကြီး လူငယ်အကြိုက်ဆုံး သီချင်းခွေလူငယ်အားလုံးကလည်း ဒီသီချင်းလေး ကို နားထောင်နေတဲ့ အချိန် ဒီလိုနဲ့ တစ်နာရီလောက်ကြာတော့ ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားတဲ့ လူနှစ်ယောက်ထဲက အသက်ငယ်ငယ်နဲ့လူတစ်ယောက်က ကောင်တာကိုထသွား ပြီး သူ့လက်ထဲက သီချင်းခွေလေး တစ်ခွေကို ကောင်တာမှာ ထိုင်နေတဲ့ ဆိုင်ရှင်ကို ပေးတယ်

“ အကို ကျွန်တော့်ကို ဒီအခွေလေး ဖွင့်ပေးပါလား။ ”ဒီတော့ ဆိုင်ရှင် အကိုကြီးက.“ ဟ . . မင်းအခွေက ဘာခွေလဲကွ။ ”“ ဟို. သီချင်းခွေပါ. ။ ကျွန်တော်ကိုယ်တိုင် ဆိုထားတာ. . ။ အဲဒါ ဘယ်လိုနေလဲ လို့ စမ်းဖွင့်ကြည့်စေချင်လို့ပါ.။ ”ဒီတော့ ဆိုင်ရှင် အကိုကြီးက . “ အင်းလေ . . ခဏတော့ရမယ်.။

ဒါပေမဲ့ ငါတို့ကလည်း Customer တွေနဲ့ လုပ်ရတာ ဆိုတော့ သူတို့ ကြိုက်တာ အခု ခေတ်ပေါ်နေတာတွေကို ဖွင့်ပေးရတယ်. မင်းသီချင်းခွေကို ဖွင့်လို့ သူတို့ မကြိုက်ဘူး ပိတ်ပေးပါ ဆိုရင်တော့ငါ့ကို အပြစ်တော့ မပြောနဲ့ကွာ.နော်.. နားလည်ပေး ဟုတ်ပြီလား. ”ဒီတော့ သီချင်းခွေဖွင့်ခိုင်းတဲ့ အဆိုတော် ပေါက်စလေးက မျက်နှာငယ်လေးနဲ့. .“ ဟုတ်ကဲ့. . အကို.။ ကျွန်တော် နားလည်ပါတယ်.။

ဒါနဲ့ မင်းအခွေက ထွက်ပြီလား.။ ” “ မထွက်သေးဘူး အကို.။ ဒီလကုန်ထွက်မယ်.။ ”“ သြော်..အေးအေး..။ ဒီသီချင်းပြီးရင် ဖွင့်ပေးမယ်.။

”ဒါနဲ့ ခဏနေတော့ လက်ရှိဖွင့်နေတဲ့ သီချင်းလည်း ပြီးရော ၊ ဆိုင်ရှင် အကိုကြီးက အဆိုတော်သစ်လေး ပေးလိုက်တဲ့ အခွေလေးကို ဖွင့်လိုက်တယ်ဆိုရင် ဆိုင်ထဲက လူငယ်တွေ ငြိမ်ကျသွားတယ်.။

အကောင်းငြိမ်တာတော့ မဟုတ်ပါ. သူတို့ မျှော်လင့်ထားတာက ဒီသီချင်းပြီးရင် နောက် ဘာသီချင်းပေါ့ .အခုတော့သူတို့မသိတဲ့ သီချင်းသံထွက်လာတယ်.ဒါကြောင့် နားစွင့်ရင်းငြိမ်သွားတာ..

ဒီမှာ သူတို့ မကြားဖူးတဲ့ အဆိုတော် တစ်ယောက်ရဲ့ ပေါက်ကွဲအော်ဟစ် တေးဆိုသံကို ကြားလိုက်ရတယ်. ဒီတော့ ငြိမ်နေတဲ့ လူငယ်တွေ ဘာမှ မပြောပဲ တစ်ပုဒ်တော့ နားထောင်နေတယ်.ပြီးတော့ နောက်ထပ် တစ်ပုဒ်လည်းရောက်ရော. . ဆိုင်ထဲက လူငယ်တွေက “ ဟာ..ဘာသံကြီးလဲဗျာ.။

ဘာသံနဲ့ အော်ဟစ်နေတာလဲ.. ကို—-ရေ ဘာတွေဖွင့်နေတာလဲဗျာ..။ ဘယ်က သီချင်းကြီးလဲ.ခုနခွေပဲပြန်ပြောင်းလိုက်ပါ. ”ဒီတော့ ဆိုင်ရှင်က “ ဟိုက ညီလေး ဖွင့်ခိုင်းတာပါကွာ.။

သူဆိုထားတဲ့ သီချင်းလို့ ပြောတယ်.ခဏလေးပါ.။ ၃ ၊ ၄ ပုဒ်လောက်ပါပဲ..ခဏတော့ နားထောင်ကြည့်ပါကွာ..” ဒီလိုနဲ့ ၃ ၊ ၄ ပုဒ် ပြီးသွားတော့လည်း အဆိုတော်အသစ်ရဲ့ အသံကို ကြားဖူးနေတာ မဟုတ်တဲ့ အတွက် သူတို့ နားမယဉ်ပဲ ကန့်ကွက်ကြပြန်တာပါပဲ..“ ကို—-ရေ.။ ပိတ်ပါတော့ဗျာ.။ အကို ပိတ်မလား ကျွန်တော်တို့ပြန်ရမလား..ဟားဟားဟား.. ”

ဒီလိုနဲ့ ဆိုင်ထဲမှာ အမြဲလာ စားသောက်ကြပြီး ဆိုင်ရှင်နဲ့ ရင်းနှီးနေတဲ့ လူငယ်တွေက ဒီလို ပြောတော့ ဆိုင်ရှင် အကိုကြီးလည်း ခွေကိုထုတ်ဖို့ပဲ ဖြစ်နေတော့တယ်.အဆိုတော် လူငယ်လေးကို ကြည့်လိုက်တော့ မျက်နှာမပေါ် အောင်ငိုက်ဆောင်းထားတဲ့ ဦးထုပ်အောက်ကခေါင်းက အောက်ကို စိုက်ကြနေတယ်.

ဒါအရက်မူးနေလို့ မဟုတ်ပါ. စိတ်ဓါတ်ကျသွားမိခြင်းပါပဲ.အဆိုတော်လူငယ်လေးနဲ့ အတူတူ ပါလာတဲ့ နောက်ထပ် တစ်ယောက်ကတော့ ဘာမှတုန်လှုပ်ပုံမပြ သူ့မျက်နှာကိုလည်း မမြင်ရ. အဆိုတော် လေးကိုလည်းအားပေးစကားမပြောအဆိုတော်လေးကတော့ လက်တွေတောင်မှတဆတ်ဆတ်တုန်နေပြီ..

ဒီအချိန်မှာပဲ ဆိုင်ထဲက လူငယ်တွေက“ ကို— ပြောင်းလိုက်တော့လေဗျာ. အခု သီချင်းက ဘာတွေမှန်းလည်း မသိဘူး.”တကယ်တော့ အဆိုတော် အသစ်ဆိုတဲ့ အတိုင်း သူ့အသံ သူ့ဆိုပေါက်ကို မရင်းနှီးသေးလို့ပါ.ဒါကြောင့်လူငယ်တွေ လက်မခံနိုင်ဖြစ်နေကြရတာ.ဒါနဲ့ပဲနောက်ဆုံးမှာလူငယ်တွေရဲ့တောင်းဆိုမှုကြောင့်ဆိုင်ရှင်အကိုကြီးလည်း ဘာမှမတတ်နိုင်ပဲ စိတ်မကောင်းစွာအဆိုတော်သစ်လေးရဲ့ အခွေကို ထုတ်ဖို့ လက်အပြင်လိုက်မှာ…

“ မထုတ်ပါနဲ့..ဖွင့်ထားပါဦး. ဒီသီချင်းလေးကကောင်းပါတယ်. နင်တို့ကလည်းဟာခဏတော့ စောင့်ပါဦး. နင်တို့ နားမယဉ်သေးလို့ မကောင်းတာပါ. အသစ်ဆိုတော့လည်း ဒီလိုပဲပေါ့.နင်တို့က အသစ်ဆို လက်မခံချင်တာ. ဒီလို အသံလေးတစ်ခုကို ကြားလိုက်ရတော့ ခေါင်းငိုက်စိုက်ကျ နေတဲ့ အဆိုတော်သစ်လေး ခေါင်းဆတ်ကနဲမတ်လာပြီးအသံရှင်ကို ကြည့်လိုက်တော့ ကောင်မလေး တစ်ယောက်.

သူနဲ့ အတူတူ သူ့အဖေလို့ထင်ရတဲ့ လူတစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင် လာထိုင်တာလို့ထင်တယ်.ဆိုင်ထဲမှာရှိတဲ့ လူငယ်တွေနဲ့ကလည်း တရပ်ကွက်သားချင်းဆိုတော့ သူငယ်ချင်းဖြစ်ဟန်တူတယ်. ဒါကြောင့်လည်းကောင်မလေးက ဒီလို ပြောရဲတာဖြစ်မယ်. ပြီးတော့ ကောင်မလေး ဆက်ပြောတယ်.“ ပြီးတော့ နင်တို့ စဉ်းစားကြည့်လေ.။

နင်တို့သာဒီလို အဆိုတော် ဖြစ်ပြီး နင်တို့ ဆိုထားတာကို ဒီလို အပြောခံရပြီးအဝေဖန်ခံရရင် ဘယ်လို ခံစားရမလဲ..ဝေဖန်တယ် ဆိုပြီး မကောင်းတာ ပြောမှာထက် ဘယ်လို လုပ်ရင် ကောင်းမယ် ဆိုတာကိုပဲ ကြည့်ပြီး အကောင်းဘက်ကိုပဲပြောတတ်ရတယ်.။ ”

သူမ ဒီလို ပြောလိုက်တော့ ဆိုင်ထဲက လူငယ်တွေကလည်း ဘာမှမပြောတော့ အဆိုတော် လူငယ်ဘက် လှည့်ကြည့်ပြီး ငြိမ်သွားတယ်.သူတို့လည်း အားနာသွားတဲ့ ပုံစံတွေ ပြလာကြတယ်.ဒါနဲ့ပဲ အဆိုတော်သစ်လေးရဲ့အခွေကို တစ်ဖက်လုံးလုံးပြီးအောင် ဖွင့်ခဲ့တယ်. တစ်ဖက်ပြီးတဲ့အချိန်မှာတော့ အဖော်ပါလာတဲ့ လူက ဘာပြောလိုက်တယ် မသိဘူး.

အဆိုတော်သစ်လေးက ဆိုင်ကောင်တာကို ထသွားပြီး ဆိုင်ရှင်လူကြီးကို“ ကျေးဇူးတင်ပါတယ်.အကို ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်.ဖွင့်ပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်.

”ဒိလိုပြောပြီး သူခွေလေးကို ပြန်ယူလာတယ်.နောက်တော့ သူစားပွဲမှာ ထိုင်ပြီးဆော့ပင်လေးထုတ်ပြီး အခွေကာဗာမှာတစ်ခုခုရေးနေတယ်.။ ပြီးတော့ သူတို့စားထားသမျှ ရှင်းပြီး အထမှာတော့ အဆိုတော်သစ်လေးက ခုက သူ့အခွေကိုဆက်ဖွင့်ဖို့ ပြောခဲ့တဲ့ ကောင်မလေးဆီကို တန်းသွားပြီး .. .“ ကျေးဇူးတင်လိုက်တာ ညီမလေးရာ. သူများတွေ အကို့ သီချင်းကို လက်မခံဘူးလို့ ပြောနေချိန်မှာ အကိုလည်း တကယ်ကို စိတ်ဓါတ်ကျသွားတယ်.။

ဒီအချိန်မှာ ညီမလေးပြောလိုက်တဲ့ စကားကြောင့် အကို ဘယ်လောက် စိတ်ဓါတ်တတ်သွားလဲ .ညီမ သိမှာမဟုတ်ဘူး ဒါပေမဲ့.ဘာပဲ ပြောပြော ညီမလေးကို ကျေးဇူးတင်ပါတယ်။

ရော့…ဒါကတော့ အကို့ဆိုထားတဲ့ အခွေ ၊ ညီမကို လက်ဆောင်ပေးတာ ဒီလကုန်ထွက်မယ်ညီမ.ညီမပြောခဲ့တဲ့စကားတွေ အကို ဘယ်တော့မှ မေ့မှာမဟုတ်တော့ဘူး.အကို အမြဲကြားယောင်နေမှာပါ.. ”ကောင်မလေးကလည်း အဆိုတော်အသစ်ပေးတဲ့ အခွေကို လှမ်းယူပြီး အဆိုတော်သစ်ကို ပြုံးပြလိုက်ရင်း. “ အကိုက ဘာနာမည်နဲ့ ဆိုတာလဲ.။

”ဒီတော့ အဆိုတော်သစ်က . .“ အကိုခွေမှာ ပါတယ်လေ ညီမ.ဟိုဟာက အကို့ကို အဆိုပါ သင်ပေးတဲ့ ဆရာပဲ. ”အဆိုတော်သစ်ညွှန်ပြရာကို ကောင်မလေး ကြည့်လိုက်တော့ ရပ်စောင့်နေတဲ့ဦးထုပ်ငိုက်ငိုက်ဆောင်းထားတဲ့ လူက ခဏ မော့ပြီး ပြုံးပြတယ်.ကောင်မလေးထိုလူ့ကို မြင်တော့ အံ့သြသွားပြီ…“ ဟင်. . ကို—–” “ ဟုတ်တယ် ညီမလေး အကိုသွားပြီနော်.. ဦးကိုလည်း နှုတ်ဆက်ပါတယ်.။ ကျွန်တော်သွားတော့မယ်. ”

အဆိုတော်သစ်လေးက ကောင်မလေး အဖေကိုပါ နှုတ်တဆက်ပြီး ထွက်သွားလေတော့သည်.ဒီအဖြစ်အပျက်လေးက တကယ်ကို အပြင်မှာ ဖြစ်ခဲ့တာပါ. ကျွန်တော် ဘာလို့ သိနေရတာလဲဆိုတာ့ အဆိုတော်သစ်ကို ပြောခဲ့တယ်ဆိုတဲ့ ကောင်မလေးက ကျွန်တော်နဲ့ အတန်းအတူတူ သူငယ်ချင်းဖြစ်ပြီးသူပြန်ပြောပြခဲ့တာပါ. နောက် အဆိုတော်သစ် အမှတ်တရ ပေးသွားတဲ့ အခွေလေးကိုလည်းပြပါတယ်။

ဟုတ်ပါတယ် ဒီအခွေမှာ အဆိုတော်ရဲ့လက်မှတ်လေးပါတယ်အမှတ်တရလို့လည်းရေးထားတယ်.ဒီအခွေကိုကြည့်လိုက် တော့ အဆိုတော်က “ မျိုးကြီး ” ဖြစ်ပြီး အခွေကတော့ “ကျောက်စာများ ” အခွေပဲ ဖြစ်ပါတယ်…

အဲဒီအချိန်က အဆိုတော် အသစ်လေး ဖြစ်တဲ့ “ မျိုးကြီး ” နဲ့အတူတူပါလာတာကတော့ “ကိုလေးဖြူ ” ပါပဲ.။ ဒါပေမဲ့ ဦးထုပ်ငိုက်ငိုက်ဆောင်းထားပြီးမထင်တဲ့ အချိန် မထင်တဲ့နေရာကို လာတာဆိုတော့ ဘယ်သူမှသတိမထားမိလိုက်တာပါ

ဘယ်သူမဆိုတော့ ဘဝမှာ မအောင်မြင်ခင်အချိန်မှာ အဝေဖန်ခံရနိုင်ပါတယ်.အောင်မြင်နေတဲ့ အချိန်မှာလည်း အဝေဖန်ခံရ နိုင်ပါတယ်.ဒါပေမဲ့ လူတွေအားလုံးကတော့ မဝေဖန်ကြပါဘူး အကောင်းမြင်သူအပြုသဘောနဲ့ ပြောသူများရှိနေပါသေးတယ် ဒီလိုလူတွေ ရှိနေတာနဲ့တင်ကျွန်တော်တို့ဘဝမှာအသက်ဆက် ရှင်သန်နိုင်ပါတယ်.

Credit:myanmarockzone