ၾကားသိရသမွ်

မရမ်းကုန်းမှာ မိတဲ့ မြွေမောင်နှံနဲ့ လွန်ခဲ့တဲ့ တနှစ်က ရန်ကုန်မှာ ဖြစ်ပျက်ခဲ့တဲ့ ထူးခြားဖြစ်စဉ်များ ဆက်စပ်မှု

၁၉.၁၁.၂၀၂၁ရက်နေ့၊ (၀၉ ၀၀) အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မင်းဓမ္မအိမ်ရာဝင်း၊ အမှတ်(၃၆)တွင် မြွေဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့်

မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃)ဦးဖြင့် သွားရောက်ဖမ်းဆီးခဲ့ရာ အရှည် (၁၃) ပေ၊ လုံးပတ် (၁)ပေခန့်၊ စပါးအုံးမြွေ (၁) ကောင်နှင့် အရှည် (၉) ပေ ၊ လုံးပတ် (၇) လက်မခန့် စပါးအုံးမြွေ (၁)ကောင်တို့အား

(၀၉:၃၀) အချိန်တွင် ဖမ်းဆီးရမိပြီး ၎င်းမြွေ(၂)ကောင်အား မင်္ဂလာဒုံမြို့နယ်၊ စိတ္တသုခတပ်ဦးကျောင်းတိုက်သို့ (၁၁:၀၀) အချိန်တွင် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့နှစ် ၂၀၂၀ ခုနှစ် ဒီဇင်ဘာ တလထဲတွင် မရမ်းကုန်းမြို့နယ် တခုထဲမှ မြွေကြီ (၉) ကောင် ဖမ်းမိခဲ့ပါတယ်။

မြွေကြီးများ တွေ့ရှိမှုနဲ့ ပတ်သက်ပြီး လူများက အမျိုးမျိုး ထင်ကြေးပေးခဲ့ပေမယ့်လည်း တိကျတဲ့ အဖြေကို မရရှိခဲ့ပါဘူး။

တချို့က ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကြောင့် မြွေကြီးတွေ ထွက်လာတာဟု ယူဆသလို၊ တချို့ကလည်း စားသောက်ဆိုင် (သို့) တိရစ္ဆာန်မှောင်ခို ရောင်းဝယ်သူများထံက လွတ်မြောက်လာသည်ဟုလည်း ယူဆနေကြပါတယ်။

ယနေ့ တွေ့ရှိရတဲ့ မြွေမောင်နှံကတော့ စံချိန်တင် အကြီးဆုံး ဖြစ်ခဲ့ပြီး ဂမ္ဘီရ စိတ်ဝင်စားသူများကလည်း သိုက်နန်းရှင်များနဲ့ ဆက်စပ်နိုင်ကြောင်း ထင်ကြေး ပေးလျက်ရှိပါတယ်။

မိမိအိမ်ပတ်ဝန်းကျင်မှာ မြွေနဲ့ ပတ်သက်တဲ့ ထူးခြားမှု တခုခု ရှိခဲ့ရင်လည်း မြန်မာနိုင်ငံ မီးသတ်ဌာနကို ဆက်သွယ် ‌အကြောင်းကြားပြီး အကူအညီ တောင်းခံနိုင်ပါတယ်။