တန်ဆောင်တိုင် ပံ့သကူက… ဗုံး💣 ဖြစ်မယ်လို့ မသိခဲ့ရှာဘူး
အဘ ဦးလှထွေး အသက် (၅၂) နှစ်
မိသားစုထဲ အငယ်ဆုံးလဲ ဖြစ်…မိသားစုကို သမာအာဇီဝ ဆိုက်ကားနင်း ရှာကျွေးခဲ့ပါတယ်
အနေအေးပြီ…အရက်သေစာ သောက်စားကင်းသော အဘ တယောက်…မိသားစုတွက်ဆိုပြီ ပံ့သကူလေးကို အပြေးလွှား လူအုပ်ကြားထဲ ကောက်လိုက်ရှာတယ်
တန်ဆောင်တိုင်ပွဲတော်ရဲ အထိမ်းအမှတ် တခုဖြစ်တဲ့ ပံ့သကူလေးက…ပိုက်ဆံမဟုတ်ပဲ ပဲနို့ဗူးလေး တခု ဖြစ်နေခဲ့တယ်…

လူအုပ်ကြားထဲ…သူ ပဲနို့ဗူးလေးရတယ်ဟေ့ဆိုပြီ…ဟစ်ကြွေးပြီ အင်္ကျီလေးထဲ ကောက်ထည့်ခဲ့ရင်း….ပျော်နေရှာတယ်
သိပ်မကြာခင်…အဘ ကောက်ယူထားတဲ့ ပဲနို့ဗူး ပံ့သကူလေးက….💣ဗုံးဖြစ်မယ်လို့💣…အဘ မသိခဲ့ရှာဘူး
ဝမ်းဗိုက်တခုလုံး ပွင့်ထွက်သွားပြီ…အူအခွေလိုက်ကျသွားပြီ အားတင်းထားသောလဲ…ဆေးရုံရောက်တွင် အဘ သေဆုံးသွားခဲ့ပြီ
အဘ အိမ်ရောက်မှ မိသားစုနဲ့ တူတူ သောက်မယ်ဆိုတဲ့ ပဲနို့ဗူးလေးက…ဗုံး ဖြစ်နေမှန်း အဘ မသိခဲ့ရှာဘူး
တန်ဆောင်တိုင်ဆိုတော့ အများနည်းတူ…မိသားစုတွက်ဆိုတဲ့ စိတ်လေးနဲ့ ရလိုရများလေး…ပံ့သကူလေး ပြေးကောက်ရင်း…အဘ တယောက် ကံဆိုးစွာ…ရတဲ့ ပဲနို့ဗူး ပံ့သကူလေးက ဗုံးဖြစ်နေခဲ့တယ်
ညက ကြားကြားချင်း စိတ်မကောင်းဖြစ်ရတယ်

တညလုံး အိပ်မရဘူး…မနက် (၈)နာရီ အရောက် အဘအိမ်ကို ရောက်အောင် သွားခဲ့တယ်
အဘ နာရေးတွက် လိုအပ်တာ စီစဉ် ဆောင်ရွက်ဖို့…အဘ အမျိုးသမီးထံ ငွေ (၁)သိန်းကျပ်အား ပေးအပ် လှူဒါန်းခဲ့ပါတယ်
အဘ…ကောင်းရာမွန်ရာ ဘုံဘဝသို့ ရောက်ရှိပါစေ
• ဘာမှ ပြောစရာမရှိအောင် ဝမ်းနည်းရတယ် …အားလုံး ဘေးအန္တရာယ်ကင်းကြပါစေ
အဘ အိမ်လိပ်စာ – မြောက်ဥက္ကလာပမြို့နယ်,ဧရာ(၂၂)လမ်းပါ
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
☎ 09-5408437
unicode
အဘ အိမျလိပျစာ – မွောကျဥက်ကလာပမွို့နယျ,ဧရာ(၂၂)လမျးပါ
☎ 09-5408437



