ၾကားသိရသမွ်

တအိအိကျဆင်းလာနေတဲ့ ပြည်တွင်း အခေါက်ရွှေဈေး အခြေအနေ

တအိအိကျဆင်းလာနေတဲ့ ပြည်တွင်း အခေါက်ရွှေဈေး

တစ်ကျပ်သားကို ငွေကျပ် ၂၂သိန်းအထိ စံချိန်တင်တက်ခဲ့တဲ့ အခေါက်ရွှေဈေးဟာ ငွေကျပ် ၁၈သိန်းအထိ တအိအိကျဆင်းသွားပြီး ယနေ့ နိုဝင်ဘာ ၂၅ ရက်အရောက်မှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၇၇၀၀၀၀ ကျပ်ထိ ကျဆင်းလာတာတွေ့ရပါတယ်။

ကမ္ဘာ့ရွှေစျေးမှာ နိုဝင်ဘာ ၂၃ ရက်နေ့က တစ်အောင်စကို ၁၈၀၈ ဒေါ်လာရှိခဲ့ပြီး ယနေ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာတော့ တစ်အောင်စကို ၁၇၉၃ ဒေါ်လာထိ ကျဆင်းလာတာတွေ့နေရပါတယ်။

ရွှေကုန်သည်တစ်ဦးက ”အခေါက်ရွှေဈေးဟာ တစ်ကျပ်သားကို ငွေကျပ်တစ်ဆယ့်ရှစ်သိန်းပါတ် ချာလည် ဈေးရှိနေတာ ၁ လခွဲကာလရှိနေပြီး အခု ငွေကျပ် တစ်ဆယ့်ရှစ်သိန်းအောက်ကို တဖြည်းဖြည်းဆက်ကျနေတာ၊ ကမ္ဘာ့ရွှေဈေးဟာလည်း အခုရက်ပိုင်းအတွင်း အနည်းငယ်ကျဆင်းနေတာရှိတယ်လို့”ပြောပါတယ်။

ရွှေအရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးက ”အရောင်းအဝယ်က ပုံမှန်ပဲ ရွှေဈေးအတက်အကျကြမ်းတဲ့ကာလတွေတုန်းကနဲ့ပြောမယ်ဆိုရင် အတော်လေးကျသွားတယ်လို့ ပြောလို့ ရတယ်လို့”ပြောပြပါတယ်။

ပြည်တွင်းငွေလဲနှုန်းဟာဆိုရင် နိုဝင်ဘာ ၂၄ ရက်နေ့က ကန်တစ်ဒေါ်လာ ဝယ်စျေး ၁၇၉၀ ကျပ်နှင့် ရောင်းစျေး ၁၇၉၂ ကျပ်ရှိနေပြီး ဗဟိုဘဏ်ရည်ညွန်းငွေလဲနှုန်းမှာ ကန်တစ်ဒေါ်လာ ၁၇၈၈.၃ ကျပ်သတ်မှတ်ထားတာတွေ့ရပါတယ်။

————

တအိအိက်ဆင္းလာေနတဲ့ ျပည္တြင္း အေခါက္ေ႐ႊေဈး

တစ္က်ပ္သားကို ေငြက်ပ္ ၂၂သိန္းအထိ စံခ်ိန္တင္တက္ခဲ့တဲ့ အေခါက္ေ႐ႊေဈးဟာ ေငြက်ပ္ ၁၈သိန္းအထိ တအိအိက်ဆင္းသြားၿပီး ယေန႔ ႏိုဝင္ဘာ ၂၅ ရက္အေရာက္မွာေတာ့ အေခါက္ေ႐ႊတစ္က်ပ္သားကို ၁၇၇၀၀၀၀ က်ပ္ထိ က်ဆင္းလာတာေတြ႕ရပါတယ္။

ကမာၻ႔ေ႐ႊေစ်းမွာ ႏိုဝင္ဘာ ၂၃ ရက္ေန႔က တစ္ေအာင္စကို ၁၈၀၈ ေဒၚလာရွိခဲ့ၿပီး ယေန႔ ႏိုဝင္ဘာ ၂၅ ရက္ေန႔မွာေတာ့ တစ္ေအာင္စကို ၁၇၉၃ ေဒၚလာထိ က်ဆင္းလာတာေတြ႕ေနရပါတယ္။

ေ႐ႊကုန္သည္တစ္ဦးက ”အေခါက္ေ႐ႊေဈးဟာ တစ္က်ပ္သားကို ေငြက်ပ္တစ္ဆယ့္ရွစ္သိန္းပါတ္ ခ်ာလည္ ေဈးရွိေနတာ ၁ လခြဲကာလရွိေနၿပီး အခု ေငြက်ပ္ တစ္ဆယ့္ရွစ္သိန္းေအာက္ကို တျဖည္းျဖည္းဆက္က်ေနတာ၊ ကမာၻ႔ေ႐ႊေဈးဟာလည္း အခုရက္ပိုင္းအတြင္း အနည္းငယ္က်ဆင္းေနတာရွိတယ္လို႔”ေျပာပါတယ္။

ေ႐ႊအေရာင္းအဝယ္ျပဳလုပ္ေနသူတစ္ဦးက ”အေရာင္းအဝယ္က ပုံမွန္ပဲ ေ႐ႊေဈးအတက္အက်ၾကမ္းတဲ့ကာလေတြတုန္းကနဲ႔ေျပာမယ္ဆိုရင္ အေတာ္ေလးက်သြားတယ္လို႔ ေျပာလို႔ ရတယ္လို႔”ေျပာျပပါတယ္။

ျပည္တြင္းေငြလဲႏႈန္းဟာဆိုရင္ ႏိုဝင္ဘာ ၂၄ ရက္ေန႔က ကန္တစ္ေဒၚလာ ဝယ္ေစ်း ၁၇၉၀ က်ပ္ႏွင့္ ေရာင္းေစ်း ၁၇၉၂ က်ပ္ရွိေနၿပီး ဗဟိုဘဏ္ရည္ၫြန္းေငြလဲႏႈန္းမွာ ကန္တစ္ေဒၚလာ ၁၇၈၈.၃ က်ပ္သတ္မွတ္ထားတာေတြ႕ရပါတယ္။