Zawgyi
ယခုတလော မြန်မာပြည်မြို့အနှံ့တွင် ညသန်းခေါင်ချိန်၌ ပုံမှန်မဟုတ်သော ခွေးအူခြင်းများ နေစဉ်ကြားရ လျက်ရှိသည်။ ပုံမှန်ဟောင်သော အသံမဟုတ်ပဲ စူးရှဆို့နစ်သောအသံများ၊ဆိုးဝါးသောအသံများတို့ဖြင့် နားမကြားသာအောင် အူလျက်ရှိသည်။ထိုအရာသည် မကောင်းသော နိမိတ်ကိုပြနေခြင်းဖြစ်လေသည်။
မြို့ရွာတို့၌ ဘေးဆိုး အန္တရာယ်ဆိုး ကပ်ဆိုး မကောင်းမှု့တို့ ကြီးစွာကျရောက်နိူင်ပြီး အသေအပျောက်များနိူင်ခြင်း၊မြို့ရွာတို့၌ကုသိုလ်တရားနည်းပါးလာ၍ ဖုတ်၊ပြိတ္တာ၊ဘီလူး၊တစ္ဆေ၊နာနာဘာဝတို့က ဝင်ရောက်လာကြခြင်းတို့ကြောင့်ဖြစ်လေသည်။ ထိုသို့ ဝင်ရောက်လာကြသောအခါ
မကောင်းသောအရာများကို မြင်နိူင်စွမ်း အရှိဆုံးမှာ ခွေးများပင်ဖြစ်လေသည်။နောက်တခုကား မြို့ရွာများကို စောင့်ရှောက်သော သမ္မာဒေဝနတ်ကောင်း နတ်မြတ်များမှလည်း ဘေးဆိုးတို့ကိုမကြုံရအောင် ခွေးတို့မှတဆင့် သတိပေးစေသော အရာတို့လည်းရှိလေသည်။
ထို့သို့ ပုံမှန်မဟုတ်သောခွေးအူပါက ခွေးအူနေသောအချိန်တွင် လုပ်ဆောင်ရမည့်အရာမှာ သမ္ဗုဒ္ဓေဂါထာအား ကျယ်လောင်စွာရွတ်ဆိုခြင်း၊ဖွင့်ထားခြင်းတို့ကို ပြုလုပ်ရပေမည်။သမ္ဗုဒ္ဓေဂါထာရွတ်ဆိုသည့် အသံ၏အစွမ်းသည် ဖုတ်၊ပြိတ္တာ၊ဘီလူး၊တစ္ဆေ၊နာနာဘာဝတို့ ကမခံနိူင်ပဲ ပူလောင်လာပြီး မြို့ရွာတို့နှင့် ဝေးရာသို့သာ ထွက်ပြေးကြရလေသည်။
မိမိထံသော်လည်းကောင်း၊အိမ်ဝိုင်းနှင့် လမ်းတို့တွင် သော်လည်းကောင်း ခိုကပ်မီတွယ်နေသော မကောင်းဆိုးဝါးများကို ချုပ်နှောင်ထားသကဲ့သို့ပူလောင်စေပြီး မနေနိူင်သည်အဆုံး အဝေးသို့သာပြေးကြရလေသည်။ထို့အတူ သမ္ဗုဒ္ဓေဂါထာ၏အစွမ်းကြောင့်
မသန့်သောနေရာများလည်းသန့်စေလေသည်။ဤကဲ့သို့ မကောင်းဆိုးဝါးများနှင့် မသန့်သောနေရာများမရှိတော့ပဲကင်းစင်သွားသောအခါ မြို့ရွာတို့သည်လည်း ဘေးဆိုး အန္တရာယ်ဆိုး ကပ်ဆိုးများ မှ ကင်းဝေးသွားစေလေသည်။
ထိုမှမဟုတ်ပဲ ဘုရားတရားမေ့လျောနေကြသောအခါတွင် မြို့ရွာတို့တွင်ဝင်ရောက်လာကြသော မကောင်းဆိုးဝါးများက မြို့ရွာအတွင်းရှိလူတို့ထက်အားကောင်းလာကြသောအခါ လူတို့အား နှိပ်စက်ကြလေတော့သည်။နှိပ်စက်သောအခါတွင် ဖြစ်နေသောရောဂါများပိုမိုပြင်းထန်လာခြင်း၊လူများစွာဖျားနာလာကြခြင်း၊အသေအပျောက်များလာခြင်း၊ထိတ်လန့်တုန်လှုပ်သေဆုံးကြခြင်းတို့ ဆက်တိုက်ဖြစ်ပေါ်လာလေသည်။
ထိုကြောင့် မြန်မာပြည်သူပြည်သားအပေါင်းတို့အား ပရိတ်ပဌာန်းများရွတ်ဆိုခြင်း၊ဖွင့်ထားခြင်းနှင့်ဘုရားတရားများလုပ်ကာ သတိတရားဖြင့်နေထိုင်ကြစေလိုသည်။ ကပ်ရောဂါဖြစ်ပွားလျင် ရတနာ့ သုတ်တော်အား အဓိကထား၍ အမြဲမပြတ်ရွတ်ဆိုခြင်း၊
ဖွင့်ထားခြင်းတို့ကိုပြုလုပ်၍၊မကောင်းသောခွေးအူသံတို့ကို ကြားရသောအခါ သမ္ဗုဒ္ဓေဂါထာတော်အား အဓိကထား၍ ရွတ်ဆိုခြင်း၊ဖွင့်ထားခြင်းတို့ကို ပြုလုပ်အပ်ပေသည်။ မြန်မာပြည်ကြီး အမြန်ဆုံးဘေးကင်းပါစေ Crd.
Unicode
ယခုတလော မြန်မာပြည်မြို့အနှံ့တွင် ညသန်းခေါင်ချိန်၌ ပုံမှန်မဟုတ်သော ခွေးအူခြင်းများ နေစဥ်ကြားရ လျက်ရှိသည်။ ပုံမှန်ဟောင်သော အသံမဟုတ်ပဲ စူးရှဆို့နစ်သောအသံများ၊ဆိုးဝါးသောအသံများတို့ဖြင့် နားမကြားသာအောင် အူလျက်ရှိသည်။ထိုအရာသည် မကောင်းသော နိမိတ်ကိုပြနေခြင်းဖြစ်လေသည်။
မြို့ရွာတို့၌ ဘေးဆိုး အန္တရာယ်ဆိုး ကပ်ဆိုး မကောင်းမှု့တို့ ကြီးစွာကျရောက်နိူင်ပြီး အသေအပျောက်များနိူင်ခြင်း၊မြို့ရွာတို့၌ကုသိုလ်တရားနည်းပါးလာ၍ ဖုတ်၊ပြိတ္တာ၊ဘီလူး၊တစ္ဆေ၊နာနာဘာဝတို့က ဝင်ရောက်လာကြခြင်းတို့ကြောင့်ဖြစ်လေသည်။
ထိုသို့ ဝင်ရောက်လာကြသောအခါ မကောင်းသောအရာများကို မြင်နိူင်စွမ်း အရှိဆုံးမှာ ခွေးများပင်ဖြစ်လေသည်။နောက်တခုကား မြို့ရွာများကို စောင့်ရှောက်သော သမ္မာဒေဝနတ်ကောင်း နတ်မြတ်များမှလည်း ဘေးဆိုးတို့ကိုမကြုံရအောင် ခွေးတို့မှတဆင့် သတိပေးစေသော အရာတို့လည်းရှိလေသည်။
ထို့သို့ ပုံမှန်မဟုတ်သောခွေးအူပါက ခွေးအူနေသောအချိန်တွင် လုပ်ဆောင်ရမည့်အရာမှာ သမ္ဗုဒ္ဓေဂါထာအား ကျယ်လောင်စွာရွတ်ဆိုခြင်း၊ဖွင့်ထားခြင်းတို့ကို ပြုလုပ်ရပေမည်။သမ္ဗုဒ္ဓေဂါထာရွတ်ဆိုသည့် အသံ၏အစွမ်းသည် ဖုတ်၊ပြိတ္တာ၊ဘီလူး၊တစ္ဆေ၊နာနာဘာဝတို့ ကမခံနိူင်ပဲ ပူလောင်လာပြီး မြို့ရွာတို့နှင့် ဝေးရာသို့သာ ထွက်ပြေးကြရလေသည်။
မိမိထံသော်လည်းကောင်း၊အိမ်ဝိုင်းနှင့် လမ်းတို့တွင် သော်လည်းကောင်း ခိုကပ်မီတွယ်နေသော မကောင်းဆိုးဝါးများကို ချုပ်နှောင်ထားသကဲ့သို့ပူလောင်စေပြီး မနေနိူင်သည်အဆုံး အဝေးသို့သာပြေးကြရလေသည်။ထို့အတူ သမ္ဗုဒ္ဓေဂါထာ၏အစွမ်းကြောင့်
မသန့်သောနေရာများလည်းသန့်စေလေသည်။ဤကဲ့သို့ မကောင်းဆိုးဝါးများနှင့် မသန့်သောနေရာများမရှိတော့ပဲကင်းစင်သွားသောအခါ မြို့ရွာတို့သည်လည်း ဘေးဆိုး အန္တရာယ်ဆိုး ကပ်ဆိုးများ မှ ကင်းဝေးသွားစေလေသည်။
ထိုမှမဟုတ်ပဲ ဘုရားတရားမေ့လျောနေကြသောအခါတွင် မြို့ရွာတို့တွင်ဝင်ရောက်လာကြသော မကောင်းဆိုးဝါးများက မြို့ရွာအတွင်းရှိလူတို့ထက်အားကောင်းလာကြသောအခါ လူတို့အား နှိပ်စက်ကြလေတော့သည်။နှိပ်စက်သောအခါတွင် ဖြစ်နေသောရောဂါများပိုမိုပြင်းထန်လာခြင်း၊လူများစွာဖျားနာလာကြခြင်း၊အသေအပျောက်များလာခြင်း၊ထိတ်လန့်တုန်လှုပ်သေဆုံးကြခြင်းတို့ ဆက်တိုက်ဖြစ်ပေါ်လာလေသည်။
ထိုကြောင့် မြန်မာပြည်သူပြည်သားအပေါင်းတို့အား ပရိတ်ပဌာန်းများရွတ်ဆိုခြင်း၊ဖွင့်ထားခြင်းနှင့်ဘုရားတရားများလုပ်ကာ သတိတရားဖြင့်နေထိုင်ကြစေလိုသည်။ ကပ်ရောဂါဖြစ်ပွားလျင် ရတနာ့ သုတ်တော်အား အဓိကထား၍
အမြဲမပြတ်ရွတ်ဆိုခြင်း၊ဖွင့်ထားခြင်းတို့ကိုပြုလုပ်၍၊မကောင်းသောခွေးအူသံတို့ကို ကြားရသောအခါ သမ္ဗုဒ္ဓေဂါထာတော်အား အဓိကထား၍ ရွတ်ဆိုခြင်း၊ဖွင့်ထားခြင်းတို့ကို ပြုလုပ်အပ်ပေသည်။ မြန်မာပြည်ကြီး အမြန်ဆုံးဘေးကင်းပါစေ Crd.