Uncategorized

ဘုရားဖူး အလာနည္းေနလို့ ဝမ္းနည္းေနတဲ့ ေဂါပကႀကီးေတြကေတာ့ ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါၿပီ…

Zawgyi

ဘုရားဖူး အလာနည္းေနလို့ ဝမ္းနည္းေနတဲ့ ေဂါပကႀကီးေတြကေတာ့ ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါၿပီ….

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ့က ဆံေတာ္ရွင္က်ိဳက္ထီးရိုးေစတီေတာ္ျမတ္ႀကီးကို လာေရာက္ဖူးေျမာ္ၾကတဲ့ အနယ္နယ္အရပ္ရပ္က ဘုရားဖူးေတြရဲ့ မွတ္ပုံတင္၊ ေနရပ္လိပ္စာနဲ႔ ဖုန္းနံပါတ္ေတြကို စာရင္းယူကာ တပ္ရင္း တပ္ဖြဲ႕နဲ႔ ရဲစခန္းေတြဆီကိုပို့ၿပီး ဧည့္စာရင္းတိုင္ရတယ္လို့ ေစတီေတာ္ေဂါပကအဖြဲ႕က ေျပာပါတယ္။

ဘုရားဖူးေတြရဲ့ မွတ္ပုံတင္၊ လိပ္စာနဲ႔ ဖုန္းနံပါတ္ေတြကို ျခေသၤ့ ႏွစ္ေကာင္မုဒ္ဝမွာ ေဂါပကအဖြဲ႕က ေတာင္းယူၿပီး စစ္တပ္နဲ႔ ရဲစခန္းကို ပို့ရတယ္လို့ ေဂါပကအဖြဲ႕က ေျပာပါတယ္။

အခုလို ဧည့္စာရင္းတိုင္ရတာဟာ ဘုရားဖူးသူေတြ လုံျခဳံေရးအတြက္ လုပ္ေဆာင္ရျခင္း ျဖစ္တယ္လို့ ထုတ္ျပန္ထားပါတယ္။

မွတ္ပုံတင္နံပါတ္၊ လိပ္စာ၊ ဖုန္းနံပါတ္ေတြ ေဂါပကကို အကုန္ေပးရတယ္လို့ တန္ေဆာင္းမုန္းလျပည့္ေန႔မွာ က်ိဳက္ထီရိုးဘုရား သြားခဲ့တဲ့ ဘုရားဖူး တဉီးက ေျပာပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ က်ိဳက္ထီးရိုးဘုရားရဲ့ ဗုဒၶပူဇနိယပြဲေတာ္ကိုက်င္းပလ်က္ရွိၿပီး မနက္ ၄ နာရီကေန ည ၉ နာရီအထိ ဘုရားဖူးခြင့္ျပဳထားပါတယ္။

###################

Unicode

ဘုရားဖူး အလာနည်းနေလို့ ဝမ်းနည်းနေတဲ့ ဂေါပကကြီးတွေကတော့ ကြေညာချက် ထုတ်ပြန်လိုက်ပါပြီ….

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့က ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြတဲ့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေရဲ့ မှတ်ပုံတင်၊ နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို စာရင်းယူကာ တပ်ရင်း တပ်ဖွဲ့နဲ့ ရဲစခန်းတွေဆီကိုပို့ပြီး ဧည့်စာရင်းတိုင်ရတယ်လို့ စေတီတော်ဂေါပကအဖွဲ့က ပြောပါတယ်။

ဘုရားဖူးတွေရဲ့ မှတ်ပုံတင်၊ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို ခြင်္သေ့ နှစ်ကောင်မုဒ်ဝမှာ ဂေါပကအဖွဲ့က တောင်းယူပြီး စစ်တပ်နဲ့ ရဲစခန်းကို ပို့ရတယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။

အခုလို ဧည့်စာရင်းတိုင်ရတာဟာ ဘုရားဖူးသူတွေ လုံခြုံရေးအတွက် လုပ်ဆောင်ရခြင်း ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ပုံတင်နံပါတ်၊ လိပ်စာ၊ ဖုန်းနံပါတ်တွေ ဂေါပကကို အကုန်ပေးရတယ်လို့ တန်ဆောင်းမုန်းလပြည့်နေ့မှာ ကျိုက်ထီရိုးဘုရား သွားခဲ့တဲ့ ဘုရားဖူး တဉီးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ကျိုက်ထီးရိုးဘုရားရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကိုကျင်းပလျက်ရှိပြီး မနက် ၄ နာရီကနေ ည ၉ နာရီအထိ ဘုရားဖူးခွင့်ပြုထားပါတယ်။

###################