(Zawgyiဖြင့် ဖတ်ရန်)
(Unicodeဖြင့် ဖတ်ရန်)
ပရိသတ်ကြီးရေ.. တစ်ချိန်က ဗီဒီယိုခေတ်မှာ အောင်မြင်ခဲ့တဲ့ မင်းသားချော ဘုန်းလျှံကတော့ ထောင်ကထွက်လာပြီး နောက်ပိုင်း ..
ကိုယ်ကိုကိုယ် အကောင်းဆုံး ပြင်ဆင်ပြီး အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်နော်။ ဒါ့အပြင် ဘုန်းလျှံက ငယ်ငယ်ကတည်းက ချစ်ခဲ့ရတဲ့ငယ်ချစ်ဦးနဲ့ တရားဝင်လက်ထပ်ခဲ့ပြီး
ချစ်ခြင်းမေတ္တာတွေ ဝေဖြာကာ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ခဲ့ တာဖြစ်ပါတယ်။ မကြာသေးမီက သရုပ်ဆောင် ဘုန်းလျှံက ချစ်ဇနီးမှာ ပထမဦးဆုံး ရင်သွေးလေးရှိနေပြီဆိုတဲ့အကြောင်း
ဝမ်းသာစွာ ဖွင့်ဟ ပြောပြလာခဲ့လို့ ပရိသတ်တွေဟာ ဘုန်းလျှံတို့အတွက် ကြည်နူးဝမ်းသာ ဆုတောင်းမေတ္တာတွေ ပို့သပေးခဲ့ ကြတာကိုလည်း တွေ့မြင်ခဲ့ ရပါတယ်နော်။
သို့ပေမယ့် ကံမကောင်းစွာနဲ့ ပထမဦးဆုံး ရင်သွေးလေး မိခင်ဗိုက်ထဲမှာပဲ ပျက်ကျသွားတဲ့ အကြောင်း ဘုန်းလျှံကဝမ်းနည်းစွာ အခုလို ပြောပြလာခဲ့ ပါတယ်နော်။
ဘုန်းလျှံက” ကလေးရဖို့ကံ မပါသေးလို့ပဲ မှတ်လိုက်ပါမယ်။အချိန်တန်ရင် ကိုယ်တွေနဲ့ ကံပါတဲ့ ခလေးလာမှာပါ မိန်းမရယ်။ လောလောဆယ် တနှစ်လောက်မိန်းမ အားရှိအောင် နေကောင်းအောင်ပဲ နေပါ။
ယောကျာ်း ခလေးအရမ်း လိုချင်ပေမဲ့ မိန်းမဘေးနားမှာ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ရှိဖို့က ပိုအရေးကြီးဆုံးပါ၊ တခြားဟာတွေ မရှိလို့ ရတယ်..
မိန်းမ မရှိလို့ မဖြစ်ဘူးနော်I love u so much my wife”ဆိုပြီး ရင်သွေးလေးအတွက် ဝမ်းနည်းစို့နင့် နေတဲ့ကြားကနေ ဇနီးဖြစ်သူ စိတ်သက်သာရကာ ဖြေသာအောင် နှစ်သိမ့် ပေးလာတာကို တွေ့မြင်ရပါတယ်။
ဖတ်ရှု့အားပေးနေကြတဲ့ ပရိသတ်ကြီးများကလည်း ရင်နင့်အောင် ခံစားနေကြရရှာတဲ့ ဘုန်းလျှံတို့ ဇနီးမောင်နှံအတွက် အားဖြည့်စကားလေးများ ပြောကြားပေး ခဲ့ကြပါအုံးနော်။