ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်မယ့် အမိန့်တွေပေါ်မှာ ဘာမှတုန်လှုပ်နေစရာ မရှိဘူးနော်။
ငါတို့ပြည်သူတွေက စကစကို အစိုးရအဖြစ် အသိအမှတ်မပြုဘူး။ စောက်ဖက်လည်း မလုပ်ဘူး။ လက်နက်ကိုင် အာဏာလု ဖမ်းဆီးနှိပ်စက်
သတ်ဖြတ်နေတဲ့ သူခိုးဓါးပြ စောက်ဆင့်ပဲ။ ဒီကောင်တွေကို တိုက်ထုတ်နေတာ။ ဒီလိုစောက်ဆင့်စောက်တန်းက ချမှတ်တဲ့ အမိန့်တွေကို
လိုက်ခံစားနေ၊ နာကျင်နေ၊ ဝမ်းနည်းနေစရာ မလိုဘူး။
အပြစ်ရှိလို့ ဖမ်းထားတာလည်း မဟုတ်ဘူး။ ဖမ်းချင်လို့ကို ဖမ်းထားတာ။ အပြစ်မရှိပါဘူး အမိန့်ချပြီး ပြန်လွှတ်ပေးဖို့ မျှော်လင့်စရာလည်း
အကြောင်းမရှိဘူး။
ဒေါ်အောင်ဆန်းစုကြည်က လူထုခေါင်းဆောင်။ ဒါပေမယ့် ဒီလူထုတော်လှန်ရေးက ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်း
လွတ်မြောက်ဖို့ မဟုတ်ဘူး။ မတရားဖမ်းဆီးခံထားရတဲ့ ပြည်သူအားလုံး လွတ်မြောက်ဖို့၊ စစ်ကျွန်စနစ်အောက် အကျယ်ချုပ်ကျနေတဲ့ ပြည်
သူအားလုံး လွတ်မြောက်ဖို့။ ငါတို့ရဲ့ မျိုးဆက်အားလုံး လွတ်မြောက်ဖို့။
ဘယ်လောက် နာကျင်နေပါစေ၊ ခေါင်းမော့ထားစမ်းပါ။ မျက်ရည်ဝဲမယ့်အစား နာကျည်းချက်နဲ့ အပြင်းထန်ဆုံး တော်လှန်ဖို့ ကြိုးစားကြ
ရအောင်ပါ။ငါတို့နိုင်ငံ လွတ်မြောက်ဖို့၊ ငါတို့ခေါင်းဆောင် လွတ်မြောက်ဖို့၊ ငါတို့ ပြည်သူတွေ လွတ်မြောက်ဖို့၊ ငါတို့ အနာဂတ်တွေ
လွတ်မြောက်ဖို့ ပင်ပန်းနေတာ နားလည်ပေမယ့် အားနဲ့အင်နဲ့ ရုန်းကြရအောင်ပါ။
ဘယ်ပုဒ်မနဲ့ ဘယ်နှနှစ်ချချ စောက်ဂရုကို မစိုက်တာ။ အာဏာရူးတွေဆီက မျက်နှာငယ်လေးနဲ့ တောင်းဆိုနေမယ့် ပြည်သူမဟုတ်ဘူး။
တောင်းမရရင် တိုက်ယူမယ့် ပြည်သူ။
ငါတို့ခေါင်းဆောင်ကို မတရားသဖြင့် ဖမ်းဆီးထောင်ချတာနဲ့ ငါတို့ပြည်သူရဲ့ တော်လှန်စိတ်ကို ရိုက်ချိုးမရဘူးဆိုတာ မြဲမြဲမှတ်ထား။
ပြည်သူဆိုတာ လက်ခုပ်ထဲက ရေမဟုတ်ဘူး။ လက်ခုပ်ထဲက ဖန်ကွဲစ။
ငါတို့က နှစ်ဆ စူးရှပြမယ် ယုံ။ ပန်ဆယ်လို