ၾကားသိရသမွ်

ေယာကၡမျဖစ္သူမွ ေခြၽးမအသစ္စက္စက္ေလးအား ပန္ကာေလးဖုန္တက္ေန၍ သန္႔ရွင္းေရးလုပ္ခိုင္းလိုက္မိရာ ေရဇလုံထဲမွာစိမ္ၿပီး ဘလက္ႀကီးနဲ႔ အားရပါးရ တိုက္ေဆးခဲ့သည့္အျဖစ္

မိန္းကေလးတိုင္းက အိမ္ေထာင္က်ၿပီးသည္ႏွင့္ ခင္ပြန္းျဖစ္သူအိမ္ေနာက္လိုက္ေနရသည့္အခါ ေယာကၡမျဖစ္သူဆီကေန အျမင္ၾကည္ေစရန္ ခ်ီးက်ဴးတာမ်ိဳးခံခ်င္ၾကၿပီး အိမ္မႈကိစၥေတြကို အတတ္ႏိုင္ဆုံး ႀကိဳးစားၿပီး လုပ္ေဆာင္တတ္ၾကသည္။

သို႔ျဖစ္၍ ထိုင္းႏိုင္ငံမွ မိန္းကေလးတစ္ဦးသည္ အိမ္တြင္ ဇိမ္နဲ႔ေနရၿပီး မိခင္ျဖစ္သူခ်က္ေကြၽးသည့္ ထမင္းဟင္းကိုသာ အဆင္သင့္စားခဲ့ရာ အိမ္မႈကိစၥႏွင့္ ပက္သက္ၿပီးေတာ့လည္း ဘာတစ္ခုမွ စိတ္ဝင္စားျခင္းမရွိခဲ့ေပ။

ထို႔ေၾကာင့္ မိန္းကေလးသည္ အိမ္ေထာင္က်ေသာအခါ ခင္ပြန္းျဖစ္သူေနာက္ လိုက္ပါသြားရစဥ္ ေယာကၡမျဖစ္သူမွ အိမ္သန္႔ရွင္းေရး လုပ္ကူခိုင္းၿပီး ပန္ကာေလးမွာ ဖုန္တက္ေန၍ သန္႔ရွင္းလိုက္အူးဟု ဆိုခဲ့ရာတြင္ ေယာကၡမျဖစ္သူဆီမွာ အသန္႔ဆုံးျဖစ္သြားေအာင္ စြမ္းေဆာင္ႏိုင္တယ္ဆိုၿပီး အမွတ္ယူခ်င္၍ ေရဇလုံႀကီးထဲတြင္ ပန္ကာကို နစ္ခဲ့သည္။

ထို႔ေနာက္ ဘလက္ႀကီးတစ္ျခနဲ႔အတူ ပန္ကာေလးကို စိတ္ရွိတိုင္း မေျပာင္ေျပာင္ေအာင္ တိုက္ခြၽတ္ခဲ့ရာ ေယာကၡမျဖစ္သူမွ ျမင္ၿပီး ေခြၽးမေလးအား ေျပာစရာစကားမရွိေတာ့ေလေအာင္ အိမ္ေထာင္ရွင္မေကာင္းတစ္ေယာက္ ပီသလြန္းတယ္ဆိုၿပီး ေဒါသထြက္မည့္အစား ရယ္ေမာကာ လူမႈကြန္ယက္တြင္ မွ်ေဝခဲ့သည္။

Rain (For Ialinks)

Unicode

ယောက္ခမဖြစ်သူမှ ချွေးမအသစ်စက်စက်လေးအား ပန်ကာလေးဖုန်တက်နေ၍ သန့်ရှင်းရေးလုပ်ခိုင်းလိုက်မိရာ ရေဇလုံထဲမှာစိမ်ပြီး ဘလက်ကြီးနဲ့ အားရပါးရ တိုက်ဆေးခဲ့သည့်အဖြစ်

မိန်းကလေးတိုင်းက အိမ်ထောင်ကျပြီးသည်နှင့် ခင်ပွန်းဖြစ်သူအိမ်နောက်လိုက်နေရသည့်အခါ ယောက္ခမဖြစ်သူဆီကနေ အမြင်ကြည်စေရန် ချီးကျူးတာမျိုးခံချင်ကြပြီး အိမ်မှုကိစ္စတွေကို အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ဆောင်တတ်ကြသည်။

သို့ဖြစ်၍ ထိုင်းနိုင်ငံမှ မိန်းကလေးတစ်ဦးသည် အိမ်တွင် ဇိမ်နဲ့နေရပြီး မိခင်ဖြစ်သူချက်ကျွေးသည့် ထမင်းဟင်းကိုသာ အဆင်သင့်စားခဲ့ရာ အိမ်မှုကိစ္စနှင့် ပက်သက်ပြီးတော့လည်း ဘာတစ်ခုမှ စိတ်ဝင်စားခြင်းမရှိခဲ့ပေ။

ထို့ကြောင့် မိန်းကလေးသည် အိမ်ထောင်ကျသောအခါ ခင်ပွန်းဖြစ်သူနောက် လိုက်ပါသွားရစဉ် ယောက္ခမဖြစ်သူမှ အိမ်သန့်ရှင်းရေး လုပ်ကူခိုင်းပြီး ပန်ကာလေးမှာ ဖုန်တက်နေ၍ သန့်ရှင်းလိုက်အူးဟု ဆိုခဲ့ရာတွင် ယောက္ခမဖြစ်သူဆီမှာ အသန့်ဆုံးဖြစ်သွားအောင် စွမ်းဆောင်နိုင်တယ်ဆိုပြီး အမှတ်ယူချင်၍ ရေဇလုံကြီးထဲတွင် ပန်ကာကို နစ်ခဲ့သည်။

ထို့နောက် ဘလက်ကြီးတစ်ခြနဲ့အတူ ပန်ကာလေးကို စိတ်ရှိတိုင်း မပြောင်ပြောင်အောင် တိုက်ချွတ်ခဲ့ရာ ယောက္ခမဖြစ်သူမှ မြင်ပြီး ချွေးမလေးအား ပြောစရာစကားမရှိတော့လေအောင် အိမ်ထောင်ရှင်မကောင်းတစ်ယောက် ပီသလွန်းတယ်ဆိုပြီး ဒေါသထွက်မည့်အစား ရယ်မောကာ လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။

Rain (For Ialinks)