နေပြည်တော်မှာ အော်လံနဲ့ကို ဗျို့ဟစ်ပြီး နေ့စဉ် လူ ၃၀၀ ခန့် ထမင်းဟင်း အလကားကျွေးနေတဲ့ “ထိုက်သူပန်”
“ထိုက်သူပန်” အာဟာရဒါန အလှူနေရာ၊ လူမျိုးမရွေး ဝင်ရောက်သုံးဆောင်နိုင်ပါတယ်။ “ထိုက်သူပန်” ညနေခင်းအဟာရဒါန အမည်နဲ့ ၂၀၂၀ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ကစပြီး နေ့စဉ် လူ(၂၅၀) နဲ့ (၃၀၀)ကြားကို ထမင်းကျွေးလာတာ ရက်ပေါင်း (၅၀၀) တောင် ရှိပါတော့မယ်။
အလှူရှင်ဟာ ညနေခင်းဒါနတင် အားမရဘူး။ နံနက်စာ အဆာပြေ ထမင်းပါ ထပ်မံတိုးချဲ့ လှူလာခဲ့တာရက်ပေါင်း (၅၀) ပြည့်ပါတော့မယ်လို့ သိရပါတယ်။ နေပြည်တော်မှာ နေသူပဲဖြစ်ဖြစ် အလည်လာသူပဲဖြစ်ဖြစ် လူမျိုးမရွေး နေ့စဉ် ဝင်ရောက်သုံးဆောင်နိုင်ပါတယ်။
နံနက်ခင်း ထမင်းအလှူကို နံနက် (၇)နာရီမှ (၈)နာရီအထိ ကျွေးမွေးပြီး၊ ညနေခင်းထမင်းအလှူကိုတော့ ညနေ (၅)နာရီမှ (၆)နာရီအထိ ကျွေးမွေးပါတယ်။
လိပ်စာကတော့ အမှတ်(၅၄၁၃-C)၊ မန္တလေးလမ်းနှင့်သော်က(၁၇)လမ်းဒေါင့်၊ ချင်းရွာအနီး၊ ဥတ္တရ သီရိမြို့နယ်၊ နေပြည်တော် ဖြစ်ပြီး အာဟာရ အလှူဒါနပြုချင်လိုသူများ ရှိလျှင်လည်း Ph ၀၉၅၁၂၀၅၂၀ ဦးစိုးလှမြင့် (ထိုက်သူပန်) ကို ဆက်သွယ်နိုင်ပါတယ်။
ကဲ ၅၀၀ ကျပ်တန် ဇလုံထမင်းရောင်းသူများလိုပဲ ထိုက်သူပန်မိသားစုရဲ့ အာဟာရအလှူဒါနကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုပေးနိုင်ကြစေဖို့ ဖော်ပြပေးလိုက်ရပါတယ်။
Credit Photo – ထိုက်သူပန်
zawgyi
ေနျပည္ေတာ္မွာ ေအာ္လံနဲ႔ကို ဗ်ိဳ႕ဟစ္ၿပီး ေန႔စဥ္ လူ ၃၀၀ ခန႔္ ထမင္းဟင္း အလကားေကြၽးေနတဲ့ “ထိုက္သူပန္”
“ထိုက္သူပန္” အာဟာရဒါန အလႉေနရာ၊ လူမ်ိဳးမေ႐ြး ဝင္ေရာက္သုံးေဆာင္ႏိုင္ပါတယ္။ “ထိုက္သူပန္” ညေနခင္းအဟာရဒါန အမည္နဲ႔ ၂၀၂၀ ခုႏွစ္ ၾသဂုတ္လ ၄ ရက္ေန႔ကစၿပီး ေန႔စဥ္ လူ(၂၅၀) နဲ႔ (၃၀၀)ၾကားကို ထမင္းေကြၽးလာတာ ရက္ေပါင္း (၅၀၀) ေတာင္ ရွိပါေတာ့မယ္။
အလႉရွင္ဟာ ညေနခင္းဒါနတင္ အားမရဘူး။ နံနက္စာ အဆာေျပ ထမင္းပါ ထပ္မံတိုးခ်ဲ႕ လႉလာခဲ့တာရက္ေပါင္း (၅၀) ျပည့္ပါေတာ့မယ္လို႔ သိရပါတယ္။ ေနျပည္ေတာ္မွာ ေနသူပဲျဖစ္ျဖစ္ အလည္လာသူပဲျဖစ္ျဖစ္ လူမ်ိဳးမေ႐ြး ေန႔စဥ္ ဝင္ေရာက္သုံးေဆာင္ႏိုင္ပါတယ္။
နံနက္ခင္း ထမင္းအလႉကို နံနက္ (၇)နာရီမွ (၈)နာရီအထိ ေကြၽးေမြးၿပီး၊ ညေနခင္းထမင္းအလႉကိုေတာ့ ညေန (၅)နာရီမွ (၆)နာရီအထိ ေကြၽးေမြးပါတယ္။
လိပ္စာကေတာ့ အမွတ္(၅၄၁၃-C)၊ မႏၲေလးလမ္းႏွင့္ေသာ္က(၁၇)လမ္းေဒါင့္၊ ခ်င္း႐ြာအနီး၊ ဥတၱရ သီရိၿမိဳ႕နယ္၊ ေနျပည္ေတာ္ ျဖစ္ၿပီး အာဟာရ အလႉဒါနျပဳခ်င္လိုသူမ်ား ရွိလွ်င္လည္း Ph ၀၉၅၁၂၀၅၂၀ ဦးစိုးလွျမင့္ (ထိုက္သူပန္) ကို ဆက္သြယ္ႏိုင္ပါတယ္။
ကဲ ၅၀၀ က်ပ္တန္ ဇလုံထမင္းေရာင္းသူမ်ားလိုပဲ ထိုက္သူပန္မိသားစုရဲ႕ အာဟာရအလႉဒါနကို ဝမ္းေျမာက္ဝမ္းသာ သာဓုေခၚဆိုေပးႏိုင္ၾကေစဖို႔ ေဖာ္ျပေပးလိုက္ရပါတယ္။
Credit Photo – ထိုက္သူပန္



