ဤစာကို မျက်မှန်မတပ်ခင် ဖတ်ဖြစ်အောင်ဖတ်ပါ
တစ်ပြားမှ မရှိချိန်မှာ သည်းခံနိုင်တဲ့လူကို ကျွန်တော် သတိပြုမိတတ်သလို အကုန်ရှိနေချိန်မှာ မောက်မာတဲ့သူကိုလည်း ကျွန်တော့် အနေနဲ့ သတိပြုမိတတ်တယ်။ ငွေရှိတိုင်း ကျွန်တော် အထင် မကြီး တတ်ပါဘူး။ ရှိတဲ့ငွေကို လိုအပ်မှထုတ်သုံးပြီး နှိမ့်ချစွာ နေထိုင်နိုင်သူကိုတော့ ကျွန်တော် အထင်ကြီးတယ်။
ဒီလိုပဲ ရာထူးကြီးမားနေတဲ့လူတစ်ယောက်ကို ရိုကျိုးစရာလို့ မမြင်ခဲ့ဖူးဘူး။ သို့သော် သဘောထားကြီးတဲ့ လူသားတိုင်းကို ကျွန်တော်ရိုကျိုးမိတယ်။ ပညာမတတ်ပေမယ့် ရိုးသားတဲ့ လူတစ်ယောက်ကို ပညာတတ်ပြီး ကောက်ကျစ်တဲ့ လူတစ်ယောက် ထက် ပို မြတ်နိုးတတ်တယ်။
ဟုတ်ပြီ။ ရိုးသားတဲ့ လူတစ်ယောက် ဖြစ်ချင်တယ်။ ဘာတွေ လိုအပ်သလဲ။ ကျွန်တော့် အယူအဆအရ လောကမှာ လုပ်သင့်တဲ့ “လုပ်ဖို့ခက်တဲ့အလုပ်” ဆိုတာရယ်၊ မလုပ်သင့်တဲ့ “လုပ်ဖို့လွယ်တာရယ်” ဆိုပြီးတော့ အလုပ် ၂ မျိုး ရှိတယ်။ ဒီ အလုပ် ၂ မျိုးကို စတင်ပြီးတော့ အလေ့အကျင့်လုပ်ရင်းနဲ့ ရိုးသားတဲ့ ဘဝခြေလှမ်းကို ခင်ဗျားတို့ စလို့ ရပါတယ်။
လုပ်ဖို့ခက်တဲ့အလုပ်
ကျွန်တော်တို့ဟာ အတ္တသမားတွေပါ။ ကိုယ့်ထက် တော်သူကိုအားကျဖို့ ခက်ပါတယ်။ မတတ်ရင် သင်ယူဖို့ လေးပင်တတ်ကြပါတယ်။ သိနေတဲ့အရာကိုလည်း ပြန်သင်ပေးဖို့ ခက်ခဲ တတ်ကြ ပါသေး တယ်။ အစွမ်းအစရှိသူကို ယုံကြည်ဖို့ ခက်တတ်ကြသလိုပဲ လုပ်နိုင်မယ့်လူကို လုပ်ပိုင်ခွင့်ပေးဖို့လည်း တော်ရုံ မရဲကြပါဘူး။ ဒါပေမယ့် ဒါတွေဟာ လုပ်သင့်တဲ့ အရာတွေ ဖြစ်တယ်လို့ မြင်မိပါတယ်။
လုပ်ဖို့လွယ်တဲ့အလုပ်
နောက် အခြားတစ်ဖက်မှာတော့ လုပ်ဖို့လွယ်ပေမယ့် မလုပ်သင့်တာတွေဆိုတာ ရှိပါသေးတယ်။ အဲဒါတွေကတော့ အလိုမကျညည်းငြူနေခြင်းတို့ ဟန်ဆောင်ပန်ဆောင် လုပ်ခြင်းတို့ အပြစ်တွေကို သူများ လွှဲချခြင်းတို့ တမင်အချိန်ဆွဲနေခြင်းတို့ မနာလိုမရှုစိမ့်ဖြစ်ခြင်းတို့ပဲ ဖြစ်ကြပါတယ်။ ဒါတွေဟာ လုပ်ဖို့လွယ်တယ်။ သို့သော် မလုပ်အပ်တဲ့ အရာတွေလို့ ကျွန်တော် မြင်တယ်။
လိုက်ရှာရန်နှင့် စွန့်ခွာရန်
ရိုးသားပြီးပြီ ဆိုရင် ရှေ့ဆက် ဘာလုပ်ရမလဲ ဆိုတော့ လူလုပ်တတ်ဖို့ပဲ လိုတော့တယ်။ လူရယ်လို့ ဖြစ်လာပြီဆိုရင် ကျွန်တော်တို့ဟာ လိုက်ရှာဖို့နဲ့ စွန့်ခွာဖို့ ဆိုတာတွေ ရှိလာကြပါတယ်။ လိုက်ရှာရမှာ တွေက ပျော်ရွှင်မှု၊ ဗဟုသုတ၊ ချစ်ခြင်းမေတ္တာ၊ အကျိုးရှိတဲ့အလုပ်နဲ့ အကူအညီ လိုအပ်သူများ တို့ပဲ ဖြစ်ကြပါတယ်။
ဒါတွေကို တစ်ဆင့်စီရှာသွားရမှာ ဖြစ်ပြီးတော့ တခြားတစ်ဖက်မှာ ငွေ၊ ရာထူး၊ မိမိအားမြှောက်ပင့် သူများ၊ ဖြတ်လမ်း၊ သူများကို လိုက်အတုခိုးခြင်း စတာတွေ ကိုတော့ ဖြည်းဖြည်းစီ စွန့်ခွာလာနိုင်ရင် အကောင်းဆုံးပေါ့ဗျာ။
ပျော်ရွှင်မှုကို လိုက်ရှာခြင်း
ပျော်ပျော်နေနိုင်သူတွေကို လေ့လာကြည့်မယ်ဆိုရင် များသောအားဖြင့် ကျေးဇူးသိတတ်သူတွေ ဖြစ်တယ်။ ဒါ့အပြင် တွေးခေါ်ဆင်ခြင် စပ်စုသူတွေ ဖြစ်တယ်။ အမြင်ပွင့်လင်းပြီး ဖော်ရွေကြင်နာတတ် ကြသူတွေလည်း ဖြစ်တယ်။ တကယ့်ကို အကောင်း မြင်တတ်သူတွေပဲ ဖြစ်တယ်။
ဒါ့ကြောင့် ပျော်ချင်သလား မိတ်ဆွေ။ လွယ်ပါတယ်။ သူများ တော်ရင် ထုတ်ဖော်ချီးမွမ်းပါ။ နောက်ပြီး တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ အလုပ်ကြိုးစားပါ။ တစ်ယောက်ထဲ မယူပါနဲ့။ အကျိုးရလဒ် တွေကို ဝေမျှပါ။ နောက်ဆုံးတစ်ချက်က အကောင်းမြင် စိတ်ထားပါ။ ဒါဆိုရင် ပျော်ရွှင်ဖို့ အတွက် ခင်ဗျား ကောင်းကောင်းကြီး လုပ်တတ်လာမှာ ဖြစ်တယ်။
ဗဟုသုတကို လိုက်ရှာခြင်း
ကျွန်တော်ခံယူထားတဲ့ ဗဟုသုတ နဲ့သင်ခန်းစာ ရှာနည်းက ကပ်လျက်ကို ကြည့်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်အနားမှာရှိတဲ့ ဘယ်စာအုပ်မဆို ရှုထောင့်မျိုးစုံ ကြည့်ပြီးတော့ သုတရော ရသပါ ဆွဲထုတ် ကြည့်ခြင်းပဲ ဖြစ်ပါတယ်။ ပြီးတော့ သင်ခန်းစာ ယူဖို့အတွက် ကျွန်တော် ဆောင်ပုဒ်လေးတစ်ခုကို အမြဲဆောင်ထားပါတယ်။ အဲဒါလေးကတော့ “နောက်ဆုံးအမှားဟာ အကောင်းဆုံးဆရာ။ အဲဒါကိုသိမှ လောကရဲ့ အတော်ဆုံးတပည့်။” ပါတဲ့။
ချစ်ခြင်း မေတ္တာကို လိုက်ရှာခြင်း
လူထုရဲ့ မေတ္တာကို ရချင်တဲ့အခါ ကိုယ်တိုင်က လူထုကို လိုလိုလားလား ချစ်ရပါတယ်။ ဒါလေးတွေကို လိုလိုလားလား လုပ်ကြည့်ကြစမ်းပါ။
(၁) “မင်္ဂလာပါ” တစ်ခွန်းကို အပြုံးနဲ့ တွဲဖက်ပါ။
(၂) “တောင်းပန်ပါတယ်” တစ်ခွန်းကို ဦးညွှတ်မှုနဲ့ တွဲဖက်ပါ။
(၃) “ကျေးဇူးတင်ပါတယ်” တစ်ခွန်းကို လိုလားမှုနဲ့ တွဲဖက်ပါ။
(၄) “ခင်ဗျားကိုယုံတယ်။” ဆိုတာကို ထုတ်ပြောတတ်ပါ။
(၅) “ခင်ဗျားရော ဘယ်လိုထင်သလဲ။” ဆိုတာကိုလည်း ထုတ်မေးတတ်ပါ။
(၆) “ကျွန်တော် ဘာအကူအညီပေးရမလဲ။” ဆိုတာကို အခက်တွေ့နေတဲ့လူတိုင်းကို မေးပါ။
(၇) “ခင်ဗျားအရမ်းတော်တယ်ဗျာ။” ဆိုတာကို ရဲရဲဝံ့ဝံ့ ချီးကျူးပစ်ပါ။
ဒါလေးတွေကို သေချာလုပ်ကြည့်ရင် ကိုယ့်ကို မုန်းတဲ့လူ မလိုတဲ့လူ နည်းသထက် နည်းလာပါလိမ့်မယ် ခင်ဗျ။
နိဂုံးချုပ်အနေနဲ့ လိုက်ရှာဖို့ ကျန်တဲ့ ၂ ချက် ဖြစ်တဲ့ အကျိုးရှိတဲ့အလုပ်ကို ရှာရန်နဲ့ အကူအညီ လိုအပ်သူတို့ကို ရှာရန်တို့ကို သေသေချာချာ လိုက်ရှာကြပါလို့ တိုက်တွန်းလိုပါတယ်။
ဒီ ၂ ချက် ပြည့်စုံတဲ့အခါ ခင်ဗျားရဲ့ ဘဝဟာ ပတ်ဝန်းကျင်မှာ အလှပဆုံး ဘဝဖြစ်လာစေရမယ်ဆိုတာကို ကျွန်တော် ကျိန်းသေ ပြောရဲတယ်။ ကျေးဇူးတင်ပါတယ်။…။
ဖတ်ပြီးရင်လည်း သွားတွေရှိစဉ် ပြုံးဖြစ်အောင် ပြုံးပါ။ မှတ်စုကြမ်း
zawgyi
ဤစာကို မ်က္မွန္မတပ္ခင္ ဖတ္ျဖစ္ေအာင္ဖတ္ပါ
တစ္ျပားမွ မရွိခ်ိန္မွာ သည္းခံႏိုင္တဲ့လူကို ကြၽန္ေတာ္ သတိျပဳမိတတ္သလို အကုန္ရွိေနခ်ိန္မွာ ေမာက္မာတဲ့သူကိုလည္း ကြၽန္ေတာ့္ အေနနဲ႔ သတိျပဳမိတတ္တယ္။ ေငြရွိတိုင္း ကြၽန္ေတာ္ အထင္ မႀကီး တတ္ပါဘူး။ ရွိတဲ့ေငြကို လိုအပ္မွထုတ္သုံးၿပီး ႏွိမ့္ခ်စြာ ေနထိုင္ႏိုင္သူကိုေတာ့ ကြၽန္ေတာ္ အထင္ႀကီးတယ္။
ဒီလိုပဲ ရာထူးႀကီးမားေနတဲ့လူတစ္ေယာက္ကို ႐ိုက်ိဳးစရာလို႔ မျမင္ခဲ့ဖူးဘူး။ သို႔ေသာ္ သေဘာထားႀကီးတဲ့ လူသားတိုင္းကို ကြၽန္ေတာ္႐ိုက်ိဳးမိတယ္။ ပညာမတတ္ေပမယ့္ ႐ိုးသားတဲ့ လူတစ္ေယာက္ကို ပညာတတ္ၿပီး ေကာက္က်စ္တဲ့ လူတစ္ေယာက္ ထက္ ပို ျမတ္ႏိုးတတ္တယ္။
ဟုတ္ၿပီ။ ႐ိုးသားတဲ့ လူတစ္ေယာက္ ျဖစ္ခ်င္တယ္။ ဘာေတြ လိုအပ္သလဲ။ ကြၽန္ေတာ့္ အယူအဆအရ ေလာကမွာ လုပ္သင့္တဲ့ “လုပ္ဖို႔ခက္တဲ့အလုပ္” ဆိုတာရယ္၊ မလုပ္သင့္တဲ့ “လုပ္ဖို႔လြယ္တာရယ္” ဆိုၿပီးေတာ့ အလုပ္ ၂ မ်ိဳး ရွိတယ္။ ဒီ အလုပ္ ၂ မ်ိဳးကို စတင္ၿပီးေတာ့ အေလ့အက်င့္လုပ္ရင္းနဲ႔ ႐ိုးသားတဲ့ ဘဝေျခလွမ္းကို ခင္ဗ်ားတို႔ စလို႔ ရပါတယ္။
လုပ္ဖို႔ခက္တဲ့အလုပ္
ကြၽန္ေတာ္တို႔ဟာ အတၱသမားေတြပါ။ ကိုယ့္ထက္ ေတာ္သူကိုအားက်ဖို႔ ခက္ပါတယ္။ မတတ္ရင္ သင္ယူဖို႔ ေလးပင္တတ္ၾကပါတယ္။ သိေနတဲ့အရာကိုလည္း ျပန္သင္ေပးဖို႔ ခက္ခဲ တတ္ၾက ပါေသး တယ္။ အစြမ္းအစရွိသူကို ယုံၾကည္ဖို႔ ခက္တတ္ၾကသလိုပဲ လုပ္ႏိုင္မယ့္လူကို လုပ္ပိုင္ခြင့္ေပးဖို႔လည္း ေတာ္႐ုံ မရဲၾကပါဘူး။ ဒါေပမယ့္ ဒါေတြဟာ လုပ္သင့္တဲ့ အရာေတြ ျဖစ္တယ္လို႔ ျမင္မိပါတယ္။
လုပ္ဖို႔လြယ္တဲ့အလုပ္
ေနာက္ အျခားတစ္ဖက္မွာေတာ့ လုပ္ဖို႔လြယ္ေပမယ့္ မလုပ္သင့္တာေတြဆိုတာ ရွိပါေသးတယ္။ အဲဒါေတြကေတာ့ အလိုမက်ညည္းျငဴေနျခင္းတို႔ ဟန္ေဆာင္ပန္ေဆာင္ လုပ္ျခင္းတို႔ အျပစ္ေတြကို သူမ်ား လႊဲခ်ျခင္းတို႔ တမင္အခ်ိန္ဆြဲေနျခင္းတို႔ မနာလိုမရႈစိမ့္ျဖစ္ျခင္းတို႔ပဲ ျဖစ္ၾကပါတယ္။ ဒါေတြဟာ လုပ္ဖို႔လြယ္တယ္။ သို႔ေသာ္ မလုပ္အပ္တဲ့ အရာေတြလို႔ ကြၽန္ေတာ္ ျမင္တယ္။
လိုက္ရွာရန္ႏွင့္ စြန႔္ခြာရန္
႐ိုးသားၿပီးၿပီ ဆိုရင္ ေရွ႕ဆက္ ဘာလုပ္ရမလဲ ဆိုေတာ့ လူလုပ္တတ္ဖို႔ပဲ လိုေတာ့တယ္။ လူရယ္လို႔ ျဖစ္လာၿပီဆိုရင္ ကြၽန္ေတာ္တို႔ဟာ လိုက္ရွာဖို႔နဲ႔ စြန႔္ခြာဖို႔ ဆိုတာေတြ ရွိလာၾကပါတယ္။ လိုက္ရွာရမွာ ေတြက ေပ်ာ္႐ႊင္မႈ၊ ဗဟုသုတ၊ ခ်စ္ျခင္းေမတၱာ၊ အက်ိဳးရွိတဲ့အလုပ္နဲ႔ အကူအညီ လိုအပ္သူမ်ား တို႔ပဲ ျဖစ္ၾကပါတယ္။
ဒါေတြကို တစ္ဆင့္စီရွာသြားရမွာ ျဖစ္ၿပီးေတာ့ တျခားတစ္ဖက္မွာ ေငြ၊ ရာထူး၊ မိမိအားေျမႇာက္ပင့္ သူမ်ား၊ ျဖတ္လမ္း၊ သူမ်ားကို လိုက္အတုခိုးျခင္း စတာေတြ ကိုေတာ့ ျဖည္းျဖည္းစီ စြန႔္ခြာလာႏိုင္ရင္ အေကာင္းဆုံးေပါ့ဗ်ာ။
ေပ်ာ္႐ႊင္မႈကို လိုက္ရွာျခင္း
ေပ်ာ္ေပ်ာ္ေနႏိုင္သူေတြကို ေလ့လာၾကည့္မယ္ဆိုရင္ မ်ားေသာအားျဖင့္ ေက်းဇူးသိတတ္သူေတြ ျဖစ္တယ္။ ဒါ့အျပင္ ေတြးေခၚဆင္ျခင္ စပ္စုသူေတြ ျဖစ္တယ္။ အျမင္ပြင့္လင္းၿပီး ေဖာ္ေ႐ြၾကင္နာတတ္ ၾကသူေတြလည္း ျဖစ္တယ္။ တကယ့္ကို အေကာင္း ျမင္တတ္သူေတြပဲ ျဖစ္တယ္။
ဒါ့ေၾကာင့္ ေပ်ာ္ခ်င္သလား မိတ္ေဆြ။ လြယ္ပါတယ္။ သူမ်ား ေတာ္ရင္ ထုတ္ေဖာ္ခ်ီးမြမ္းပါ။ ေနာက္ၿပီး ေတာ့ ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိပါ။ အလုပ္ႀကိဳးစားပါ။ တစ္ေယာက္ထဲ မယူပါနဲ႔။ အက်ိဳးရလဒ္ ေတြကို ေဝမွ်ပါ။ ေနာက္ဆုံးတစ္ခ်က္က အေကာင္းျမင္ စိတ္ထားပါ။ ဒါဆိုရင္ ေပ်ာ္႐ႊင္ဖို႔ အတြက္ ခင္ဗ်ား ေကာင္းေကာင္းႀကီး လုပ္တတ္လာမွာ ျဖစ္တယ္။
ဗဟုသုတကို လိုက္ရွာျခင္း
ကြၽန္ေတာ္ခံယူထားတဲ့ ဗဟုသုတ နဲ႔သင္ခန္းစာ ရွာနည္းက ကပ္လ်က္ကို ၾကည့္ျခင္းပဲ ျဖစ္ပါတယ္။ ကိုယ့္အနားမွာရွိတဲ့ ဘယ္စာအုပ္မဆို ရႈေထာင့္မ်ိဳးစုံ ၾကည့္ၿပီးေတာ့ သုတေရာ ရသပါ ဆြဲထုတ္ ၾကည့္ျခင္းပဲ ျဖစ္ပါတယ္။ ၿပီးေတာ့ သင္ခန္းစာ ယူဖို႔အတြက္ ကြၽန္ေတာ္ ေဆာင္ပုဒ္ေလးတစ္ခုကို အၿမဲေဆာင္ထားပါတယ္။ အဲဒါေလးကေတာ့ “ေနာက္ဆုံးအမွားဟာ အေကာင္းဆုံးဆရာ။ အဲဒါကိုသိမွ ေလာကရဲ႕ အေတာ္ဆုံးတပည့္။” ပါတဲ့။
ခ်စ္ျခင္း ေမတၱာကို လိုက္ရွာျခင္း
လူထုရဲ႕ ေမတၱာကို ရခ်င္တဲ့အခါ ကိုယ္တိုင္က လူထုကို လိုလိုလားလား ခ်စ္ရပါတယ္။ ဒါေလးေတြကို လိုလိုလားလား လုပ္ၾကည့္ၾကစမ္းပါ။
(၁) “မဂၤလာပါ” တစ္ခြန္းကို အၿပဳံးနဲ႔ တြဲဖက္ပါ။
(၂) “ေတာင္းပန္ပါတယ္” တစ္ခြန္းကို ဦးၫႊတ္မႈနဲ႔ တြဲဖက္ပါ။
(၃) “ေက်းဇူးတင္ပါတယ္” တစ္ခြန္းကို လိုလားမႈနဲ႔ တြဲဖက္ပါ။
(၄) “ခင္ဗ်ားကိုယုံတယ္။” ဆိုတာကို ထုတ္ေျပာတတ္ပါ။
(၅) “ခင္ဗ်ားေရာ ဘယ္လိုထင္သလဲ။” ဆိုတာကိုလည္း ထုတ္ေမးတတ္ပါ။
(၆) “ကြၽန္ေတာ္ ဘာအကူအညီေပးရမလဲ။” ဆိုတာကို အခက္ေတြ႕ေနတဲ့လူတိုင္းကို ေမးပါ။
(၇) “ခင္ဗ်ားအရမ္းေတာ္တယ္ဗ်ာ။” ဆိုတာကို ရဲရဲဝံ့ဝံ့ ခ်ီးက်ဴးပစ္ပါ။
ဒါေလးေတြကို ေသခ်ာလုပ္ၾကည့္ရင္ ကိုယ့္ကို မုန္းတဲ့လူ မလိုတဲ့လူ နည္းသထက္ နည္းလာပါလိမ့္မယ္ ခင္ဗ်။
နိဂုံးခ်ဳပ္အေနနဲ႔ လိုက္ရွာဖို႔ က်န္တဲ့ ၂ ခ်က္ ျဖစ္တဲ့ အက်ိဳးရွိတဲ့အလုပ္ကို ရွာရန္နဲ႔ အကူအညီ လိုအပ္သူတို႔ကို ရွာရန္တို႔ကို ေသေသခ်ာခ်ာ လိုက္ရွာၾကပါလို႔ တိုက္တြန္းလိုပါတယ္။
ဒီ ၂ ခ်က္ ျပည့္စုံတဲ့အခါ ခင္ဗ်ားရဲ႕ ဘဝဟာ ပတ္ဝန္းက်င္မွာ အလွပဆုံး ဘဝျဖစ္လာေစရမယ္ဆိုတာကို ကြၽန္ေတာ္ က်ိန္းေသ ေျပာရဲတယ္။ ေက်းဇူးတင္ပါတယ္။…။
ဖတ္ၿပီးရင္လည္း သြားေတြရွိစဥ္ ၿပဳံးျဖစ္ေအာင္ ၿပဳံးပါ။ မွတ္စုၾကမ္း



