Uncategorized

ချစ်သူကောင်မလေးရဲ့ မွေးနေ့ပွဲကို ကျင်းပပေးပြီးနောက် တစ်ပတ်အကြာမှာပင် ကောင်မလေးကို ဆုံးရှုံးလိုက်ရတဲ့ ကောင်လေး

အဆုံးသတ်လှပတဲ့ အချစ်ကို လူတိုင်းအတွက် ရည်မှန်းထားတဲ့ အရာတစ်ခုဖြစ်ပါတယ် ။ ဒါပေမဲ့ လှပတဲ့အချစ်တိုင်းက ဒဏ္ဍာရီပုံပြင်များလို ပျော်ရွှင်ကျေနပ်ဖွယ်အဆုံးသတ်ကို ရရှိလိမ့်မယ် မဟုတ်ပါဘူး ။ ဖိလစ်ပိုင်စုံတွဲ Gap နဲ့ Maxine တို့ရဲ့ ချစ်ခြင်းမေတ္တာက လှပတဲ့အချစ်ဇာတ်လမ်းတစ်ခုဖြစ်သော်လည်း သုတို့မှာ ဆိုးရွားပြီး နာကျင်စရာအဆုံးသတ်တစ်ခုရှိပါတယ် ။ ဒီအချစ်က သိသူတိုင်းရဲ့ နှလုံးသားထဲမှာ သနားစရာ ဝမ်းနည်းမှုတွေကို ချန်ထားခဲ့ပါတယ် ။ မကြာသေးမီက Gap ဆိုတဲ့ ကောင်လေးဟာ သူ့ချစ်သူ Maxine ရဲ့ မွေးနေ့ပွဲ ကျင်းပပြုလုပ်ပြီး တစ်ပတ်အကြာမှာ ဆေးရုံခုတင်ပေါ်မှာ ကွယ်လွန်သွားကြောင်း သိရှိရပါတယ် ။

လှပတဲ့အချစ်အတွက် နှလုံးသားများစွာ တုန်လှုပ်ခြောက်ခြားခဲ့ရသော်လည်း ယခုအခါမှာ Gapတို့နှစ်ယောက်စလုံး ထာဝရခွဲခွာသွားခဲ့ပြီဖြစ်ပါတယ် ။ သူတို့တွေ ၆ နှစ်ကြာ ချိန်းတွေ့ပြီး လက်ထပ်ရန် ပြင်ဆင်ပြီးနောက် Maxine က ပြင်းထန်တဲ့ဖျားနာမှုဖြစ်ပါ်ခဲ့ပါတယ် ။ ထို့ကြောင့် Gap နဲ့ Maxine ရဲ့ အနာဂတ်အစီအစဉ်အားလုံးကို ခေတ္တဆိုင်းငံ့ထားရပြီး သူမက ကုသမှုခံယူခဲ့လိုက်ပါတယ် ။ တစ်ခုခုဆိုးရွားလာမှာကို အမြဲစိုးရိမ်နေတဲ့ Gap က သူတို့နှစ်ဦးရဲ့အမှတ်တရအားလုံးကို အမြဲသိမ်းဆည်းထားပြီး Maxine က မင်္ဂလာဝတ်စုံနဲ့ သူရဲ့လက်ကိုဆွဲကာ အတန်းမှာလမ်းလျှောက်နေတာကို မြင်တွေ့ချင်နေခဲ့တာပါ ။

Maxine ရဲ့နောက်ဆုံးမွေးနေ့မှာ ကောင်လေးက သူမတို့နှစ်ဦးကြားရှိ အမှတ်တရကောင်းများအားလုံးကို ပြန်လည်သုံးသပ်ရန် ပါတီပွဲတစ်ခုကို တိတ်တဆိတ်ကျင်းပခဲ့ပါတယ် ။ ကံမကောင်းစွာဖြင့်၊ မွေးနေ့ပွဲပြီးဆုံးပြီး တစ်ပတ်အကြာမှာ Maxine က Gap ရဲ့ရင်ခွင်ထဲမှာ သေဆုံးသွားခဲ့ပါတယ် ။ Gap က မိန်းကလေးကို ဘဝရဲ့ ခွန်အားနဲ့ တွန်းအားပေးမှုအဖြစ် အမြဲမှတ်ယူထားတာကြောင့် Maxine ထွက်ခွာသွားခြင်းက သူ့အတွက် နာကျင်လွန်းလှတယ်လို့ ဆိုပါတယ် ။

JRose (KB Chimmy One)

zawgyi

အဆုံးသတ္လွပတဲ့ အခ်စ္ကို လူတိုင္းအတြက္ ရည္မွန္းထားတဲ့ အရာတစ္ခုျဖစ္ပါတယ္ ။ ဒါေပမဲ့ လွပတဲ့အခ်စ္တိုင္းက ဒ႑ာရီပုံျပင္မ်ားလို ေပ်ာ္႐ႊင္ေက်နပ္ဖြယ္အဆုံးသတ္ကို ရရွိလိမ့္မယ္ မဟုတ္ပါဘူး ။ ဖိလစ္ပိုင္စုံတြဲ Gap နဲ႔ Maxine တို႔ရဲ႕ ခ်စ္ျခင္းေမတၱာက လွပတဲ့အခ်စ္ဇာတ္လမ္းတစ္ခုျဖစ္ေသာ္လည္း သုတို႔မွာ ဆိုး႐ြားၿပီး နာက်င္စရာအဆုံးသတ္တစ္ခုရွိပါတယ္ ။ ဒီအခ်စ္က သိသူတိုင္းရဲ႕ ႏွလုံးသားထဲမွာ သနားစရာ ဝမ္းနည္းမႈေတြကို ခ်န္ထားခဲ့ပါတယ္ ။ မၾကာေသးမီက Gap ဆိုတဲ့ ေကာင္ေလးဟာ သူ႔ခ်စ္သူ Maxine ရဲ႕ ေမြးေန႔ပြဲ က်င္းပျပဳလုပ္ၿပီး တစ္ပတ္အၾကာမွာ ေဆး႐ုံခုတင္ေပၚမွာ ကြယ္လြန္သြားေၾကာင္း သိရွိရပါတယ္ ။

လွပတဲ့အခ်စ္အတြက္ ႏွလုံးသားမ်ားစြာ တုန္လႈပ္ေျခာက္ျခားခဲ့ရေသာ္လည္း ယခုအခါမွာ Gapတို႔ႏွစ္ေယာက္စလုံး ထာဝရခြဲခြာသြားခဲ့ၿပီျဖစ္ပါတယ္ ။ သူတို႔ေတြ ၆ ႏွစ္ၾကာ ခ်ိန္းေတြ႕ၿပီး လက္ထပ္ရန္ ျပင္ဆင္ၿပီးေနာက္ Maxine က ျပင္းထန္တဲ့ဖ်ားနာမႈျဖစ္ပၚခဲ့ပါတယ္ ။ ထို႔ေၾကာင့္ Gap နဲ႔ Maxine ရဲ႕ အနာဂတ္အစီအစဥ္အားလုံးကို ေခတၱဆိုင္းငံ့ထားရၿပီး သူမက ကုသမႈခံယူခဲ့လိုက္ပါတယ္ ။ တစ္ခုခုဆိုး႐ြားလာမွာကို အၿမဲစိုးရိမ္ေနတဲ့ Gap က သူတို႔ႏွစ္ဦးရဲ႕အမွတ္တရအားလုံးကို အၿမဲသိမ္းဆည္းထားၿပီး Maxine က မဂၤလာဝတ္စုံနဲ႔ သူရဲ႕လက္ကိုဆြဲကာ အတန္းမွာလမ္းေလွ်ာက္ေနတာကို ျမင္ေတြ႕ခ်င္ေနခဲ့တာပါ ။

Maxine ရဲ႕ေနာက္ဆုံးေမြးေန႔မွာ ေကာင္ေလးက သူမတို႔ႏွစ္ဦးၾကားရွိ အမွတ္တရေကာင္းမ်ားအားလုံးကို ျပန္လည္သုံးသပ္ရန္ ပါတီပြဲတစ္ခုကို တိတ္တဆိတ္က်င္းပခဲ့ပါတယ္ ။ ကံမေကာင္းစြာျဖင့္၊ ေမြးေန႔ပြဲၿပီးဆုံးၿပီး တစ္ပတ္အၾကာမွာ Maxine က Gap ရဲ႕ရင္ခြင္ထဲမွာ ေသဆုံးသြားခဲ့ပါတယ္ ။ Gap က မိန္းကေလးကို ဘဝရဲ႕ ခြန္အားနဲ႔ တြန္းအားေပးမႈအျဖစ္ အၿမဲမွတ္ယူထားတာေၾကာင့္ Maxine ထြက္ခြာသြားျခင္းက သူ႔အတြက္ နာက်င္လြန္းလွတယ္လို႔ ဆိုပါတယ္ ။

JRose (KB Chimmy One)