ေဒါက္တာေတဇာဆန္းကို ကိုယ္တိုင္ဖမ္းျပမည္ဆိုသည့္ မႏၲေလးက ျပည္ခိုင္ၿဖိဳးပါတီဝင္ အသတ္ခံရ
ေဒါက္တာ ေတဇာဆန္းကို ကိုယ္တိုင္ဖမ္းျပမည္ဆိုသည့္ မႏၲေလးၿမိဳ႕ေန ျပည္ခိုင္ၿဖိဳးပါတီဝင္ အမ်ိဳးသားတစ္ဦး ယေန႔ ဒီဇင္ဘာလ ၆ ရက္ မြန္းလြဲပိုင္းတြင္ ေသနတ္ျဖင့္ ေလးခ်က္ ပစ္သတ္ခံခဲ့ရေၾကာင္း ေဒသခံမ်ားက ေျပာသည္။
“ အဲဒီလူက ေဒါက္တာေတဇာဆန္းကို သူကိုယ္တိုင္ ဖမ္းျပမယ္လို႔ေျပာတဲ့ လူေလ။ ဟိုးအရင္လေတြ ကတည္းက ေတဇာဆန္းကို ဖမ္းျပမယ္ဆိုၿပီး အင္တာနက္ေပၚလည္း တင္တယ္။ ဒီေန႔ မြန္းလြဲ ၃ နာရီ ေလာက္က လက္ဖက္ရည္ဆိုင္ထဲ အသတ္ခံရတာပါ” ဟု ခ်မ္းျမသာစည္ ၿမိဳ႕နယ္ ေဒသခံတစ္ဦးက မဇၩိမကို ေျပာသည္။
ေသဆုံးသူသည္ မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ေဒါနၿခံ ရပ္ကြက္တြင္ ေနထိုင္သည့္ အသက္ ၆၀ ေက်ာ္ အ႐ြယ္ ဦးေက်ာ္သင္း ဆိုသူ ျဖစ္ၿပီး ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ
အမာခံ တစ္ဦးလည္း ျဖစ္သည္ဟု ေဒသခံမ်ားထံမွ သိရသည္။ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းတြင္ စစ္တပ္ သတင္းေပး ဒလန္ဟု နာမည္ထြက္သူ တစ္ဦးဟုလည္း ေဒသခံမ်ားကဆိုသည္။
“ေခါင္းကို ေတ့ပစ္ခံရတာပါ။ ေလးခ်က္ဆက္တိုက္ ပစ္တာဆိုေတာ့ ေသဖို႔ မ်ားပါတယ္။ လမ္းထဲကလူေတြ ေျပာေနၾကတာေတာ့ ေက်ာ္သင္း ေသၿပီလို႔ပဲ ေျပာေနၾကတာပါ” ဟု ေဒါနံၿခံ ရပ္ကြက္ေနသူ တစ္ဦးက ေျပာသည္။
ႏိုဝင္ဘာလ ၃၀ရက္ကလည္း မႏၲေလး ေအာင္ေျမသာစံၿမိဳ႕နယ္ အမရဌာနီအေရွ႕ရပ္ကြက္တြင္ ျပည္ခိုင္ၿဖိဳးပါတီဝင္တစ္ဦး သတ္ခံရၿပီး ဒီဇင္ဘာလ ၂ ရက္ေန႔ကလည္း မဟာေအာင္ေျမၿမိဳ႕နယ္ သံလ်က္ေမွာ္အေနာက္၊ ဧသုခရပ္ကြက္တြင္ ျပည္ခိုင္ၿဖိဳးပါဝင္တစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရသည္။mizzima
ဒေါက်တာတေဇာဆန်းကို ကိုယ်တိုင်ဖမ်းပြမည်ဆိုသည့် မန္တလေးက ပြည်ခိုင်ဖြိုးပါတီဝင် အသတ်ခံရ
ဒေါက်တာ တေဇာဆန်းကို ကိုယ်တိုင်ဖမ်းပြမည်ဆိုသည့် မန္တလေးမြို့နေ ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသားတစ်ဦး ယနေ့ ဒီဇင်ဘာလ ၆ ရက် မွန်းလွဲပိုင်းတွင် သေနတ်ဖြင့် လေးချက် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
“ အဲဒီလူက ဒေါက်တာတေဇာဆန်းကို သူကိုယ်တိုင် ဖမ်းပြမယ်လို့ပြောတဲ့ လူလေ။ ဟိုးအရင်လတွေ ကတည်းက တေဇာဆန်းကို ဖမ်းပြမယ်ဆိုပြီး အင်တာနက်ပေါ်လည်း တင်တယ်။ ဒီနေ့ မွန်းလွဲ ၃ နာရီ လောက်က လက်ဖက်ရည်ဆိုင်ထဲ အသတ်ခံရတာပါ” ဟု ချမ်းမြသာစည် မြို့နယ် ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
သေဆုံးသူသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဒေါနခြံ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၆၀ ကျော် အရွယ် ဦးကျော်သင်း ဆိုသူ ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
အမာခံ တစ်ဦးလည်း ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ် သတင်းပေး ဒလန်ဟု နာမည်ထွက်သူ တစ်ဦးဟုလည်း ဒေသခံများကဆိုသည်။
“ခေါင်းကို တေ့ပစ်ခံရတာပါ။ လေးချက်ဆက်တိုက် ပစ်တာဆိုတော့ သေဖို့ များပါတယ်။ လမ်းထဲကလူတွေ ပြောနေကြတာတော့ ကျော်သင်း သေပြီလို့ပဲ ပြောနေကြတာပါ” ဟု ဒေါနံခြံ ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။
နိုဝင်ဘာလ ၃၀ရက်ကလည်း မန္တလေး အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ရပ်ကွက်တွင် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သတ်ခံရပြီး ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက်၊ ဧသုခရပ်ကွက်တွင် ပြည်ခိုင်ဖြိုးပါဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။mizzima



