မိုင်းဖုန်းဆရာတော်ကြီးမိန့်မှာတဲ့ အရေးကြီးသတင်းတစ်ခုကို ပရိသတ်တွေဆီအသိပေးခဲ့တဲ့ ဂျွန်လွင်
ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ အနုပညာလောကအတွက် အရည်အချင်းပြည့်ဝတဲ့ မော်ဒယ် သရုပ်ဆောင် အလှမယ်တွေကို မွေးထုတ်ပေးတဲ့ သူတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဂျွန်လွင်ကိုတော့ပရိသတ်တွေရင်နှီးပြီးသားဖြစ်မှာပါ။
အနုပညာရှင်အမြောက်အများကို မွေးထုတ်ပေးနေတဲ့ မော်ဒယ်လောကရဲ့ဖခင်ကြီးလို့တောင် တင်စားထားရတဲ့ ဂျွန်လွင်ကတော့ မကြာခဏဆိုသလို အမှန်တကယ်လိုအပ်နေတဲ့နေရာတွေမှာ အလှူတန်းတွေလည်း အမြဲပြုလုပ်တတ်တဲ့စာနာစိတ်ပြည့်ဝတဲ့သူတစ်ယောက်လို့တောင်ဆိုရမှာပါ ။
လတ်တလောမှာတော့ ပရိသတ်တွေကို အရေးကြီးသတင်းတစ်ပုဒ်ကို ဂျွန်လွင်က သူ့ရဲ့လူမှုကွန်ရက်စာမျက် နှာထက်ကနေ ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ ယခုအချိန်တရားကျင့်နေတဲ့
မိုင်းဖုန်းဆရာတော်ကြီးဟာ အစဉ်အေးမြလျက်ရှိတဲ့ ဂူအတွင်းမှာ မပူစဖူး ပူအိုက်လာတဲ့အတွက် ဂူအပြင်ကို ခေတ္တထွက်လာပြီး လူအမြောက်အများသေဆုံးလျက်ရှိတဲ့အတွက် ကပ်ရောဂါဘေးမှ ကင်းဝေးစေဖို့အတွက် နေအိမ်ဘုရားမှာ
သံပုရာသီး (၅)လုံး ဇီးသီး (၅) လုံး ဆပ်ကပ်လှူဒါန်းထားကြရန် မိန့်မှာပြီး ဂူအတွင်းပြန်လည်ဝင်ရောက်သွားကြောင်း ကျိုင်းတုံမှ မိတ်ဆွေတစ်ဦးမှ သတင်းပေးပို့လာတဲ့အတွက် အရေးကြီးသည်လူတိုင်းအိမ်တိုင်းလုပ်ကြပါ April လ ကုန်ထိအဆက်မပြတ်ဘုရားလှူကြပါဆရာတော်ဘုရားကြီးကမှာ
ပါသည် ဆိုတဲ့စာသားနဲ့အတူ ပရိသတ်တွေကို အသိပေးလာခဲ့တာပဲဖြစ်ပါတယ် ။လတ်တလောမှာလည်း သဘာ၀ ကပ်ရောဂါဆိုးကြီးကြောင့် နိုင်ငံတကာမှာ စိုးရိမ်ဖွယ်အခြေနေဖြစ်နေတဲ့ကာလ ဖြစ်တဲ့အတွက် ဆရာတော်ဘုရားကြီးမိန့်မှာထားတဲ့
အတိုင်း အိမ်တိုင်း ပြုလုပ်ကြဖို့အတွက် ဆယ်လီကမ္ဘာမှ ပြန်လည်မျှဝေပေးလိုက်ပါတယ် ။ ပရိသတ်ကြီးကလည်း မိုင်းဖုန်းဆရာတော်ဘုရားကြီးမိန့်မှာတော်မူတဲ့အတွက် လိုက်နာကြဖို့တိုက်တွန်းလိုက်ပါရစေနော် ။
Source : Jhon Lwin
Zawgyi
မိုင္းဖုန္းဆရာေတာ္ႀကီးမိန႔္မွာတဲ့ အေရးႀကီးသတင္းတစ္ခုကို ပရိသတ္ေတြဆီအသိေပးခဲ့တဲ့ ဂြၽန္လြင္
ပရိသတ္ႀကီးေရ ျမန္မာႏိုင္ငံရဲ႕ အႏုပညာေလာကအတြက္ အရည္အခ်င္းျပည့္ဝတဲ့ ေမာ္ဒယ္ သ႐ုပ္ေဆာင္ အလွမယ္ေတြကို ေမြးထုတ္ေပးတဲ့ သူေတြထဲမွာ တစ္ေယာက္အပါအဝင္ျဖစ္တဲ့ ဂြၽန္လြင္ကိုေတာ့ပရိသတ္ေတြရင္ႏွီးၿပီးသားျဖစ္မွာပါ။
အႏုပညာရွင္အေျမာက္အမ်ားကို ေမြးထုတ္ေပးေနတဲ့ ေမာ္ဒယ္ေလာကရဲ႕ဖခင္ႀကီးလို႔ေတာင္ တင္စားထားရတဲ့ ဂြၽန္လြင္ကေတာ့ မၾကာခဏဆိုသလို အမွန္တကယ္လိုအပ္ေနတဲ့ေနရာေတြမွာ အလႉတန္းေတြလည္း အၿမဲျပဳလုပ္တတ္တဲ့စာနာစိတ္ျပည့္ဝတဲ့သူတစ္ေယာက္လို႔ေတာင္ဆိုရမွာပါ ။
လတ္တေလာမွာေတာ့ ပရိသတ္ေတြကို အေရးႀကီးသတင္းတစ္ပုဒ္ကို ဂြၽန္လြင္က သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ ႏွာထက္ကေန ပရိသတ္ေတြကိုမွ်ေဝေပးလာခဲ့ပါတယ္ ။ ယခုအခ်ိန္တရားက်င့္ေနတဲ့
မိုင္းဖုန္းဆရာေတာ္ႀကီးဟာ အစဥ္ေအးျမလ်က္ရွိတဲ့ ဂူအတြင္းမွာ မပူစဖူး ပူအိုက္လာတဲ့အတြက္ ဂူအျပင္ကို ေခတၱထြက္လာၿပီး လူအေျမာက္အမ်ားေသဆုံးလ်က္ရွိတဲ့အတြက္ ကပ္ေရာဂါေဘးမွ ကင္းေဝးေစဖို႔အတြက္ ေနအိမ္ဘုရားမွာ
သံပုရာသီး (၅)လုံး ဇီးသီး (၅) လုံး ဆပ္ကပ္လႉဒါန္းထားၾကရန္ မိန႔္မွာၿပီး ဂူအတြင္းျပန္လည္ဝင္ေရာက္သြားေၾကာင္း က်ိဳင္းတုံမွ မိတ္ေဆြတစ္ဦးမွ သတင္းေပးပို႔လာတဲ့အတြက္ အေရးႀကီးသည္လူတိုင္းအိမ္တိုင္းလုပ္ၾကပါ April လ ကုန္ထိအဆက္မျပတ္ဘုရားလႉၾကပါဆရာေတာ္ဘုရားႀကီးကမွာ
ပါသည္ ဆိုတဲ့စာသားနဲ႔အတူ ပရိသတ္ေတြကို အသိေပးလာခဲ့တာပဲျဖစ္ပါတယ္ ။လတ္တေလာမွာလည္း သဘာ၀ ကပ္ေရာဂါဆိုးႀကီးေၾကာင့္ ႏိုင္ငံတကာမွာ စိုးရိမ္ဖြယ္အေျခေနျဖစ္ေနတဲ့ကာလ ျဖစ္တဲ့အတြက္ ဆရာေတာ္ဘုရားႀကီးမိန႔္မွာထားတဲ့
အတိုင္း အိမ္တိုင္း ျပဳလုပ္ၾကဖို႔အတြက္ ဆယ္လီကမာၻမွ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ ။ ပရိသတ္ႀကီးကလည္း မိုင္းဖုန္းဆရာေတာ္ဘုရားႀကီးမိန႔္မွာေတာ္မူတဲ့အတြက္ လိုက္နာၾကဖို႔တိုက္တြန္းလိုက္ပါရေစေနာ္ ။
Source : Jhon Lwin