Uncategorized

အွန်လိုင်းမှာတွေ့ဆုံပြီး အပြင်မှာ လူချင်းမတွေ့ဖူးပေမဲ့ လက်ထပ်ဖို့ စီစဥ်နေကြတဲ့ အသက် 20 နှစ်အရွယ်အမျိုးသမီးနဲ့ အသက် 77 နှစ်အရွယ်အဘိုး

အင်္ဂလန်နိုင်ငံမှ အသက် 77 နှစ်အရွယ် David နဲ့ အသက် 20 နှစ်အရွယ် Joe တို့ဟာ အွန်လိုင်းပေါ်တွေ့ဆုံပြီး တွဲတာ 18 လကျော်ရှိပြီဖြစ်ကာ ယခုမင်္ဂလာဆောင်ရန် စီစဉ်လျက်ရှိပါတယ် ။ သူတို့နှစ်ယောက်က အပြင်မှာ လူးချင်း တစ်ခါမှမတွေ့ဖူးပါဘူး ။ နှစ်ယောက်စလုံးက ချိန်းတွေ့တဲ့ ဆိုဒ်များမှတဆင့် တစ်ယောက်နဲ့တစ်ယောက် သိလာကြပြီး ထိုအချိန်မှာ Joe က သူမရဲ့ ပညာသင်စရိတ်ကို ပံ့ပိုးပေးမဲ့ လူငယ်တစ်ဦးကို ရှာဖွေနေပါတယ် ။ အငြိမ်းစားအမျိုးသား David ကတော့ အထီးကျန်နေချိန်မှာ စကားပြောရန် ချစ်သူကို ရှာနေတာပါ ။ အစမှာ သူမက လန်ဒန်မှာ နေထိုင်တဲ့ ကျောင်းသူတစ်ဦးအဖြစ် ဟန်ဆောင်ပြီး ပရိုဖိုင်တစ်ခုကို ဖန်တီးခဲ့ပါတယ် ။

ဒါပေမယ့် တကယ်တော့ သူမဟာ မြန်မာနိုင်ငံမှာ နေထိုင်တာပါ ။ David က လန်ဒန်မှာနေထိုင်တဲ့ အမျိုးသမီးငယ်များကိုသာ ကြည့်ရှုရန် ရွေးချယ်ခဲ့ဒါကြောင့် ဒီလိုနဲ့ လင်မယားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သိလာခဲ့ကြပါတယ် ။ David က 1980 ခုနှစ်များမှာ လက်ထပ်ခဲ့သော်လည်း သားသမီးမရှိခဲ့ပါ ။ ထို့နောက် သူက ဆယ်စုနှစ်များကြာအောင် အမျိုးသားကောင်းအဖြစ် ရှိနေခဲ့ပါတယ် ။

ထို့ကြောင့် သူက လူများကိုသိဖို့ ချိန်းတွေ့တဲ့ဆိုဒ်များကို သွားရန် ကြိုးစားခဲ့ပါတယ် ။ David က တခြားသူတွေထက် ပိုထူးခြားတာကြောင့် နွေးထွေးပြီး ချစ်စရာကောင်းတဲ့ Joe ကို ရွေးချယ်ဖို့ သဘောတူခဲ့ပါတယ် ။

ရက်သတ္တပတ်အနည်းငယ်ကြာ စကားပြောပြီးနောက် David က လန်ဒန်ရှိဘဝအကြောင်း Joe ကို စတင်မေးမြန်းခဲ့ပါတယ် ။ ဖိအားများစွာအောက်မှာ သူမက မြန်မာနိုင်ငံမှာ အမှန်တကယ်ရှိကြောင်း ဝန်ခံခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် နေ့တိုင်းစကားပြောကြတဲ့အတွက် နှောင်ကြိုးနဲ့ အချစ်ကို ဖြစ်ပေါ်စေခဲ့ပါတယ် ။

“သူမရဲ့မြန်မာ့ယဉ်ကျေးမှုနဲ့ သူမရဲ့ဘာသာတရားက ကျွန်တော့်အတွက် အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါကြောင့် သူမ လန်ဒန်မှာ မရှိဘူးလို့ ပြောပါတယ်။ အဲဒါက ကျွန်တော့်အတွက် ဘာမှမထူးခြားပါဘူး” လို့ David က ပြောကြားခဲ့ပါတယ် ။

အခုဆို တစ်နှစ်ကျော်ပါပြီ ။ သူတို့ကြားက အချိန်ဟာ ခြောက်နာရီကွာပေမယ့် David နဲ့ Joe တို့ နေ့တိုင်း စကားတွေ ပြောဖြစ်ကြသေးပါတယ် ။

ဒါပေမဲ့ သူတို့နှစ်ဦးက အပြင်မှာတစ်ကြိမ်မျှ မတွေ့ဖူးတာက မြန်မာနိုင်ငံမှာ အခြေအနေ သိပ်မကောင်းတာကြောင့်ဖြစ်ပါတယ် ။ ဒါပေမဲ့ Joe က နိုင်ငံမှထွက်ခွာရန် ဗီဇာနဲ့ နိုင်ငံကူးလက်မှတ်ရနိုင်တဲ့အခါမှ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး လက်ထပ်နိုင်ဖို့ မျှော်လင့်နေပါတယ် ။

JRose (KB Chimmy One)

zawgyi

အဂၤလန္ႏိုင္ငံမွ အသက္ 77 ႏွစ္အ႐ြယ္ David နဲ႔ အသက္ 20 ႏွစ္အ႐ြယ္ Joe တို႔ဟာ အြန္လိုင္းေပၚေတြ႕ဆုံၿပီး တြဲတာ 18 လေက်ာ္ရွိၿပီျဖစ္ကာ ယခုမဂၤလာေဆာင္ရန္ စီစဥ္လ်က္ရွိပါတယ္ ။ သူတို႔ႏွစ္ေယာက္က အျပင္မွာ လူးခ်င္း တစ္ခါမွမေတြ႕ဖူးပါဘူး ။ ႏွစ္ေယာက္စလုံးက ခ်ိန္းေတြ႕တဲ့ ဆိုဒ္မ်ားမွတဆင့္ တစ္ေယာက္နဲ႔တစ္ေယာက္ သိလာၾကၿပီး ထိုအခ်ိန္မွာ Joe က သူမရဲ႕ ပညာသင္စရိတ္ကို ပံ့ပိုးေပးမဲ့ လူငယ္တစ္ဦးကို ရွာေဖြေနပါတယ္ ။ အၿငိမ္းစားအမ်ိဳးသား David ကေတာ့ အထီးက်န္ေနခ်ိန္မွာ စကားေျပာရန္ ခ်စ္သူကို ရွာေနတာပါ ။ အစမွာ သူမက လန္ဒန္မွာ ေနထိုင္တဲ့ ေက်ာင္းသူတစ္ဦးအျဖစ္ ဟန္ေဆာင္ၿပီး ပ႐ိုဖိုင္တစ္ခုကို ဖန္တီးခဲ့ပါတယ္ ။

ဒါေပမယ့္ တကယ္ေတာ့ သူမဟာ ျမန္မာႏိုင္ငံမွာ ေနထိုင္တာပါ ။ David က လန္ဒန္မွာေနထိုင္တဲ့ အမ်ိဳးသမီးငယ္မ်ားကိုသာ ၾကည့္ရႈရန္ ေ႐ြးခ်ယ္ခဲ့ဒါေၾကာင့္ ဒီလိုနဲ႔ လင္မယားႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ သိလာခဲ့ၾကပါတယ္ ။ David က 1980 ခုႏွစ္မ်ားမွာ လက္ထပ္ခဲ့ေသာ္လည္း သားသမီးမရွိခဲ့ပါ ။ ထို႔ေနာက္ သူက ဆယ္စုႏွစ္မ်ားၾကာေအာင္ အမ်ိဳးသားေကာင္းအျဖစ္ ရွိေနခဲ့ပါတယ္ ။

ထို႔ေၾကာင့္ သူက လူမ်ားကိုသိဖို႔ ခ်ိန္းေတြ႕တဲ့ဆိုဒ္မ်ားကို သြားရန္ ႀကိဳးစားခဲ့ပါတယ္ ။ David က တျခားသူေတြထက္ ပိုထူးျခားတာေၾကာင့္ ေႏြးေထြးၿပီး ခ်စ္စရာေကာင္းတဲ့ Joe ကို ေ႐ြးခ်ယ္ဖို႔ သေဘာတူခဲ့ပါတယ္ ။

ရက္သတၱပတ္အနည္းငယ္ၾကာ စကားေျပာၿပီးေနာက္ David က လန္ဒန္ရွိဘဝအေၾကာင္း Joe ကို စတင္ေမးျမန္းခဲ့ပါတယ္ ။ ဖိအားမ်ားစြာေအာက္မွာ သူမက ျမန္မာႏိုင္ငံမွာ အမွန္တကယ္ရွိေၾကာင္း ဝန္ခံခဲ့ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ေန႔တိုင္းစကားေျပာၾကတဲ့အတြက္ ေႏွာင္ႀကိဳးနဲ႔ အခ်စ္ကို ျဖစ္ေပၚေစခဲ့ပါတယ္ ။

“သူမရဲ႕ျမန္မာ့ယဥ္ေက်းမႈနဲ႔ သူမရဲ႕ဘာသာတရားက ကြၽန္ေတာ့္အတြက္ အရမ္းစိတ္ဝင္စားဖို႔ေကာင္းပါတယ္။ ဒါေၾကာင့္ သူမ လန္ဒန္မွာ မရွိဘူးလို႔ ေျပာပါတယ္။ အဲဒါက ကြၽန္ေတာ့္အတြက္ ဘာမွမထူးျခားပါဘူး” လို႔ David က ေျပာၾကားခဲ့ပါတယ္ ။

အခုဆို တစ္ႏွစ္ေက်ာ္ပါၿပီ ။ သူတို႔ၾကားက အခ်ိန္ဟာ ေျခာက္နာရီကြာေပမယ့္ David နဲ႔ Joe တို႔ ေန႔တိုင္း စကားေတြ ေျပာျဖစ္ၾကေသးပါတယ္ ။

ဒါေပမဲ့ သူတို႔ႏွစ္ဦးက အျပင္မွာတစ္ႀကိမ္မွ် မေတြ႕ဖူးတာက ျမန္မာႏိုင္ငံမွာ အေျခအေန သိပ္မေကာင္းတာေၾကာင့္ျဖစ္ပါတယ္ ။ ဒါေပမဲ့ Joe က ႏိုင္ငံမွထြက္ခြာရန္ ဗီဇာနဲ႔ ႏိုင္ငံကူးလက္မွတ္ရႏိုင္တဲ့အခါမွ မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံၿပီး လက္ထပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္ ။

JRose (KB Chimmy One)