ၾကားသိရသမွ်

ပိတ္ထားေသာ ေစ်းမ်ား ျပန္ဖြင့္ရန္ မုံ႐ြာစည္ပင္က ေလာ္စပီကာျဖင့္ လိုက္ေအာ္

မုံ႐ြာတြင္ ၿမိဳ႕ျပေပ်ာက္က်ားႏွစ္ဖြဲ႕က စည္ပင္ဝန္ထမ္းမ်ားကို ရွင္းလင္းမည္ဟု သတိေပးၿပီးေနာက္ ပိတ္ထားေသာ ေစ်းမ်ား ျပန္ဖြင့္ရန္ မုံ႐ြာစည္ပင္က ေလာ္စပီကာျဖင့္ လိုက္ေအာ္

ရန္ကုန္၊ ဒီဇင္ဘာ၁၁

စစ္ကိုင္းတိုင္း၊မုံ႐ြာၿမိဳ႕နယ္ရွိ ေဈးမ်ားအားလုံး ျပန္ဖြင့္ၾကဖို႔ ဒီကေန႔ညေန၄နာရီဝန္းက်င္ခန႔္က ကားျဖင့္ပတ္ကာ ေလာ္ႏွင့္လိုက္ေအာ္ေနတယ္လို႔ မုံ႐ြာေဒသခံတခ်ိဳ႕က Regional News Agency သို႔ ေျပာဆိုပါတယ္။

ဒီကေန႔မနက္ပိုင္းမွာ ၿမိဳ႕ေပၚရွိအခ်ိဳ႕ေဈးမ်ားကို စစ္တပ္ကဝင္ေရာက္ဖ်က္ဆီးၿပီးေနာက္ ေန႔လယ္ပိုင္းမွာ စစ္ေကာင္စီလက္ေအာက္ခံ စည္ပင္ဌာနမွ ကန္သာယာေဈးရွိ ေဈးဆိုင္မ်ားကို “စည္ပင္ခြင့္ျပဳခ်က္မရွိဘဲ ဆိုင္မဖြင့္ရ”ဆိုတဲ့ စာ႐ြက္ေတြ ကပ္ထားခဲ့တာပါ။ အဲဒီလို ကပ္ၿပီးတဲ့ေနာက္ ၿမိဳ႕ျပေပ်ာက္က်ားႏွစ္ဖြဲ႕က စည္ပင္ဝန္ထမ္းေတြကို ရွင္းလင္းမယ္လို႔ သတိေပးစာထုတ္ျပန္ပါတယ္။

“ဒီေန႔ေန႔လည္ပိုင္း ကန္သာယာေဈးမွာ စာ႐ြက္ေတြ လိူက္ကပ္ေနတာကိုေတြ႕တယ္၊စည္ပင္က ေဈးဆိုင္ေတြမဖြင့္ရဘူးဆိုၿပီး မနက္ကလည္း ၿမိဳ႕ေပၚက ေဈးတခ်ိဳ႕ကို ေသာင္းက်န္းသြားတယ္၊ခဏအၾကာေတာ့ ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕ကစာတစ္ေစာင္ထုတ္လိုက္တယ္၊မၾကာပါဘူးဗ်ာ ကားေပၚမွာ ေလာ္ႀကီးတင္ၿပီး ျပာျပာသလဲ ေဈးဖြင့္ၾကဖို႔ လိုက္ေအာ္ေတာ့တာပဲ” လို႔ ေဒသခံတစ္ဦးက ဆိုပါတယ္။

ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕ႏွစ္ဖြဲ႕က စည္ပင္ဌာနအရာရွိႀကီးေတြနဲ႔ ေန႔စားပါမက်န္ ရွင္းလင္းသုတ္သင္မယ္လို႔ ေၾကညာခ်က္ထုတ္ၿပီးတဲ့ေနာက္ ေစ်းေတြ ျပန္ဖြင့္ဖို႔ မုံ႐ြာစည္ပင္က လိုက္လံ ေၾကညာေနတာလည္းျဖစ္ပါတယ္။

(RNA သည္ ရန္ကုန္ေခတ္သစ္၏ မဟာမိတ္သတင္းဌာနျဖစ္သည္)

မုံရွာတွင် မြို့ပြပျောက်ကျားနှစ်ဖွဲ့က စည်ပင်ဝန်ထမ်းများကို ရှင်းလင်းမည်ဟု သတိပေးပြီးနောက် ပိတ်ထားသော ဈေးများ ပြန်ဖွင့်ရန် မုံရွာစည်ပင်က လော်စပီကာဖြင့် လိုက်အော်

ရန်ကုန်၊ ဒီဇင်ဘာ၁၁

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်ရှိ ဈေးများအားလုံး ပြန်ဖွင့်ကြဖို့ ဒီကနေ့ညနေ၄နာရီဝန်းကျင်ခန့်က ကားဖြင့်ပတ်ကာ လော်နှင့်လိုက်အော်နေတယ်လို့ မုံရွာဒေသခံတချို့က Regional News Agency သို့ ပြောဆိုပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ မြို့ပေါ်ရှိအချို့ဈေးများကို စစ်တပ်ကဝင်ရောက်ဖျက်ဆီးပြီးနောက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဌာနမှ ကန်သာယာဈေးရှိ ဈေးဆိုင်များကို “စည်ပင်ခွင့်ပြုချက်မရှိဘဲ ဆိုင်မဖွင့်ရ”ဆိုတဲ့ စာရွက်တွေ ကပ်ထားခဲ့တာပါ။ အဲဒီလို ကပ်ပြီးတဲ့နောက် မြို့ပြပျောက်ကျားနှစ်ဖွဲ့က စည်ပင်ဝန်ထမ်းတွေကို ရှင်းလင်းမယ်လို့ သတိပေးစာထုတ်ပြန်ပါတယ်။

“ဒီနေ့နေ့လည်ပိုင်း ကန်သာယာဈေးမှာ စာရွက်တွေ လိူက်ကပ်နေတာကိုတွေ့တယ်၊စည်ပင်က ဈေးဆိုင်တွေမဖွင့်ရဘူးဆိုပြီး မနက်ကလည်း မြို့ပေါ်က ဈေးတချို့ကို သောင်းကျန်းသွားတယ်၊ခဏအကြာတော့ မြို့ပြပြောက်ကျားအဖွဲ့ကစာတစ်စောင်ထုတ်လိုက်တယ်၊မကြာပါဘူးဗျာ ကားပေါ်မှာ လော်ကြီးတင်ပြီး ပြာပြာသလဲ ဈေးဖွင့်ကြဖို့ လိုက်အော်တော့တာပဲ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

မြို့ပြပြောက်ကျားအဖွဲ့နှစ်ဖွဲ့က စည်ပင်ဌာနအရာရှိကြီးတွေနဲ့ နေ့စားပါမကျန် ရှင်းလင်းသုတ်သင်မယ်လို့ ကြေညာချက်ထုတ်ပြီးတဲ့နောက် ဈေးတွေ ပြန်ဖွင့်ဖို့ မုံရွာစည်ပင်က လိုက်လံ ကြေညာနေတာလည်းဖြစ်ပါတယ်။

(RNA သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်သတင်းဌာနဖြစ်သည်)