ရော်နယ်ဒိုကို ရောင်းချလိုက်တာဟာ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ခဲ့တယ်လို့ ဂျူဗင်တပ်ဂန္ထဝင်ကွင်းလယ်လူဟောင်း ပေဗယ်နက်ဗက်က
ဝန်ခံလိုက်ပါတယ်။ အီတလီဘီလူးကြီးဟာ ပေါ်တူဂီကြယ်ပွင့်ကို ပြီးခဲ့တဲ့နွေဈေးကွက်မှာ ပေါင် ၁၂.၈၅ သန်းတည်းနဲ့ အသင်းဟောင်းမန်ယူထံ ရောင်းချခဲ့တာပါ။

ရော်နယ်ဒိုက ၂၉ ဂိုးသွင်းပြီး စီးရီးအေဂိုးအများဆုံးသွင်းသူဖြစ်ခဲ့ပေမယ့် ဂျူဗင်တပ်ကတော့ ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စကူဒက်တိုဖလား
ကို လက်လွှတ်ခဲ့ရပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်မှာ အုပ်စုပထမနဲ့ အိုးလ်လေဒီတွေ နောက်တစ်ဆင့်တက်နိုင်ခဲ့ပေမယ့်
ရော်နယ်ဒို ထွက်ခွာမှုဟာ ရာသီအစောပိုင်းမှာ ကြီးမားတဲ့ရိုက်ခတ်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း တူရင်အခြေစိုက်ကလပ်ဟာ စီးရီးအေ
အမှတ်ပေးဇယား အဆင့် ၆ နေရာရောက်နေပြီး ထိပ်ဆုံး ၁၁ သင်းထဲမှာ သွင်းဂိုးအနည်းဆုံးအသင်း ဖြစ်နေတာပါ။

သူတို့မှာ ဒိုင်ဘာလာနဲ့ မိုရာတာရှိသလို အဲဗာတန်က မွိုက်စ်ကိန်းကိုလည်း ခေါ်ယူခဲ့ပေမယ့် ရော်နယ်ဒိုခြေရာကို နင်းနိုင်ဖို့တော့ လိုအပ်ချက်တွေရှိနေတယ်လို့ ဂျူဗင်
တပ်ဒုဥက္ကဌဖြစ်နေတဲ့ နက်ဗက်က ဝန်ခံလိုက်တာဖြစ်ပါတယ်။

“ ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်တဲ့နေရာမှာ ကျွန်တော်တို့ နောက်ကျနေပါတယ်။ ဒါပေမဲ့ ချီယေဆာ၊ ဘာနာဒက်စ်ချီနဲ့ တိုက်စစ်သမားအားလုံးကို ၁၀ ဂိုး
ကနေ ၁၅ ဂိုးလောက်သွင်းနိုင်အောင် ကျွန်တော်တို့ပေါင်းထည့်ရမယ်။ တကယ်လို့ သူတို့လုပ်နိုင်ရင် အခြေအနေလှသွားမယ်။

ကျွန်တော်တို့ဟာ ရော်နယ်ဒိုလို ဂိုး ၃၀ သွင်းနိုင်သူမျိုးကို ဆုံးရှုံးခဲ့ရတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ကစားသမားတွေ တိုးတက်လာရင်တော့ ထိပ်တန်းရောက်ဖို့
အခွင့်အရေးကောင်းတွေ ရလာမှာပါ ” လို့ နက်ဗက်က ဖွင့်ဟသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဂျူဗင်တပ်အတွက် ပြိုင်ပွဲစုံ ၁၃၄ ပွဲမှာ ၁၀၁ ဂိုး သွင်းပေးခဲ့သူပါ။

(ZAWGYI)
ေရာ္နယ္ဒိုကို ေရာင္းခ်လိုက္တာဟာ အသင္းရဲ႕တိုက္စစ္ပိုင္းအတြက္ ႀကီးမားတဲ့ဆုံးရႈံးမႈျဖစ္ခဲ့တယ္လို႔ ဂ်ဴဗင္တပ္ဂႏၴဝင္ကြင္းလယ္လူေဟာင္း ေပဗယ္နက္ဗက္က ဝန္ခံ
လိုက္ပါတယ္။ အီတလီဘီလူးႀကီးဟာ ေပၚတူဂီၾကယ္ပြင့္ကို ၿပီးခဲ့တဲ့ေႏြေဈးကြက္မွာ ေပါင္ ၁၂.၈၅ သန္းတည္းနဲ႔ အသင္းေဟာင္းမန္ယူထံ ေရာင္းခ်
ခဲ့တာပါ။ ေရာ္နယ္ဒိုက ၂၉ ဂိုးသြင္းၿပီး စီးရီးေအဂိုးအမ်ားဆုံးသြင္းသူျဖစ္ခဲ့ေပမယ့္ ဂ်ဴဗင္တပ္ကေတာ့ ၂၀၁၁-၁၂ ရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ စကူဒ
က္တိုဖလားကို လက္လႊတ္ခဲ့ရပါတယ္။ ဒီရာသီ ခ်န္ပီယံလိဂ္မွာ အုပ္စုပထမနဲ႔ အိုးလ္ေလဒီေတြ ေနာက္တစ္ဆင့္တက္ႏိုင္ခဲ့ေပမယ့္ ေရာ္နယ္ဒို ထြက္ခြာမႈဟာ ရာသီအေစာပို
င္းမွာ ႀကီးမားတဲ့႐ိုက္ခတ္မႈေတြျဖစ္ေပၚေစခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာလည္း တူရင္အေျခစိုက္ကလပ္ဟာ စီးရီးေအအမွတ္ေပးဇယား အဆင့္ ၆ ေနရာေရာ
က္ေနၿပီး ထိပ္ဆုံး ၁၁ သင္းထဲမွာ သြင္းဂိုးအနည္းဆုံးအသင္း ျဖစ္ေနတာပါ။ သူတို႔မွာ ဒိုင္ဘာလာနဲ႔ မိုရာတာရွိသလို အဲဗာတန္က မြိဳက္စ္ကိန္းကိုလည္း ေခၚ
ယူခဲ့ေပမယ့္ ေရာ္နယ္ဒိုေျခရာကို နင္းႏိုင္ဖို႔ေတာ့ လိုအပ္ခ်က္ေတြရွိေနတယ္လို႔ ဂ်ဴဗင္တပ္ဒုဥကၠဌျဖစ္ေနတဲ့ နက္ဗက္က ဝန္ခံလိုက္တာျဖစ္ပါတယ္။ “ ရည္မွန္းခ်က္အတို
င္း အေကာင္အထည္ေဖာ္တဲ့ေနရာမွာ ကြၽန္ေတာ္တို႔ ေနာက္က်ေနပါတယ္။ ဒါေပမဲ့ ခ်ီေယဆာ၊ ဘာနာဒက္စ္ခ်ီနဲ႔ တိုက္စစ္သမားအားလုံးကို ၁၀ ဂိုးကေန ၁၅ ဂိုးေ
လာက္သြင္းႏိုင္ေအာင္ ကြၽန္ေတာ္တို႔ေပါင္းထည့္ရမယ္။ တကယ္လို႔ သူတို႔လုပ္ႏိုင္ရင္ အေျခအေနလွသြားမယ္။ ကြၽန္ေတာ္တို႔ဟာ ေရာ္နယ္ဒိုလို ဂိုး
၃၀ သြင္းႏိုင္သူမ်ိဳးကို ဆုံးရႈံးခဲ့ရတာပါ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ကစားသမားေတြ တိုးတက္လာရင္ေတာ့ ထိပ္တန္းေရာက္ဖို႔ အခြင့္အေရးေကာင္းေတြ ရ
လာမွာပါ ” လို႔ နက္ဗက္က ဖြင့္ဟသြားခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္အတြက္ ၿပိဳင္ပြဲစုံ ၁၃၄ ပြဲမွာ ၁၀၁ ဂိုး သြင္းေပးခဲ့သူပါ။



