မိုးေလ၀သ

ယခုႏွစ္ဒီဇင္ဘာလ ႏွင့္ လာမည့္ႏွစ္ ဇန္နဝါရီလအတြင္း ျဖစ္ေပၚလာႏိုင္သည့္လာနီညာအေျခအေန

ယခုနှစ်ဒီဇင်ဘာလ နှင့် လာမည့်နှစ် ဇန်နဝါရီလအတွင်း ဖြစ်ပေါ်လာနိုင်သည့်လာနီညာအခြေအနေ

(က) အီကွေတာအနီးရှိအပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာအားအသင့်အတင့်ရှိသောလာနီညာအခြေအနေသို့ရောက်ရှိနေပါသည်။

နိုင်ငံတကာ မိုးလေဝသဌာနများ၏သင်္ချာပုံစံပြုမော်ဒယ်များခန့်မှန်းချက်အရဒီဇင်ဘာလတွင် အားအသင့်အတင့်ရှိသောလာနီညာအဆင့်သို့ရောက်ရှိနေပြီး၊လာမည့်ဇန်နဝါရီလတွင် အားအနည်းငယ်မှအားအသင့်အတင့်ရှိသောလာနီညာဖြစ်ပေါ်နိုင်သည်ဟုခန့်မှန်းရပါသည်။

(ခ) လာနီညာဖြစ်စဉ်သည်ပစိဖိတ်သမုဒ္ဒရာတွင်ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါလာနီညာဖြစ်စဉ်ကြောင့်အကျိုးသက်ရောက်မှုမှာယေဘုယျအားဖြင့်ဆောင်းရာသီကာလအတွင်းဘင်္ဂလားပင်လယ်အော်တွင်မုန်တိုင်းများပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊

အရှေ့မြောက်မုတ်သုံလေအားကောင်းမှုကြောင့်မြန်မာနိုင်ငံတွင်ညအပူချိန်များလျော့နည်းခြင်း၊အအေးပိုခြင်း၊အရှေ့ဘက်မှလေပွေလှိုင်းများတိုက်ခတ်ခြင်း၊အချိန်အခါမဟုတ်မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဉတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။

(ဂ) လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန် ပေးသွားမည် ဖြစ်ဟုသိရပါသည်။

Crd

zawgyi

ယခုႏွစ္ဒီဇင္ဘာလ ႏွင့္ လာမည့္ႏွစ္ ဇန္နဝါရီလအတြင္း ျဖစ္ေပၚလာႏိုင္သည့္လာနီညာအေျခအေန

(က) အီေကြတာအနီးရွိအပူပိုင္းပစိဖိတ္သမုဒၵရာ (Tropical Pacific Ocean)၏ပင္လယ္ေရမ်က္ႏွာျပင္အပူခ်ိန္ႏွင့္ ေလထုျဖစ္စဥ္မ်ားမွာအားအသင့္အတင့္ရွိေသာလာနီညာအေျခအေနသို႔ေရာက္ရွိေနပါသည္။

ႏိုင္ငံတကာ မိုးေလဝသဌာနမ်ား၏သခ်ၤာပုံစံျပဳေမာ္ဒယ္မ်ားခန႔္မွန္းခ်က္အရဒီဇင္ဘာလတြင္ အားအသင့္အတင့္ရွိေသာလာနီညာအဆင့္သို႔ေရာက္ရွိေနၿပီး၊လာမည့္ဇန္နဝါရီလတြင္ အားအနည္းငယ္မွအားအသင့္အတင့္ရွိေသာလာနီညာျဖစ္ေပၚႏိုင္သည္ဟုခန႔္မွန္းရပါသည္။

(ခ) လာနီညာျဖစ္စဥ္သည္ပစိဖိတ္သမုဒၵရာတြင္ျဖစ္ေပၚသည့္ျဖစ္စဥ္ျဖစ္ေသာ္လည္း အဆိုပါလာနီညာျဖစ္စဥ္ေၾကာင့္အက်ိဳးသက္ေရာက္မႈမွာေယဘုယ်အားျဖင့္ေဆာင္းရာသီကာလအတြင္းဘဂၤလားပင္လယ္ေအာ္တြင္မုန္တိုင္းမ်ားပိုမိုျဖစ္ေပၚလာႏိုင္ျခင္း၊

အေရွ႕ေျမာက္မုတ္သုံေလအားေကာင္းမႈေၾကာင့္ျမန္မာႏိုင္ငံတြင္ညအပူခ်ိန္မ်ားေလ်ာ့နည္းျခင္း၊အေအးပိုျခင္း၊အေရွ႕ဘက္မွေလေပြလႈိင္းမ်ားတိုက္ခတ္ျခင္း၊အခ်ိန္အခါမဟုတ္မိုး႐ြာသြန္းမႈျဖစ္စဥ္မ်ား ပိုမိုျဖစ္ေပၚလာျခင္းစသည့္ ရာသီဉတုျဖစ္စဥ္မ်ား ျဖစ္ေပၚေလ့ရွိပါသည္။

(ဂ) လာနီညာျဖစ္ေပၚမႈႏွင့္ ပတ္သက္သည့္ အေျခအေနမ်ားအား အခ်ိန္ႏွင့္တစ္ေျပးညီ ဆက္လက္ထုတ္ျပန္ ေပးသြားမည္ ျဖစ္ဟုသိရပါသည္။

Crd