ၾကားသိရသမွ်

သူမကို မကောင်းပြောတဲ့သူတွေကို ပညာသားပါပါနဲ့ စကားလုံးလှလှလေးတွေကိုသုံးကာ တုံ့ပြန်ချေပလိုက်တဲ့ ဘေဘီမောင် ….

(Unicode ဖြင့်ဖတ်ရန်)

သရုပ်ဆောင် ဘေဘီမောင် ကတော့ စကားပြောပွင့်လင်းပြီး ဟန်ဆောင်မှု မရှိတာကြောင့် ပြီးခဲ့တဲ့လပိုင်းကပဲ သူမရဲ့အချစ်ဆုံး သူငယ်ချင်း မေပန်းချီနဲ့ ပြဿနာတက်ခဲ့ရသေးတာပဲဖြစ်ပါတယ်။

ဘေဘီမောင်က အခုဆိုရင် အဆိုတော်သားဂန်းနဲ့ အိမ်ထောင်ကျပြီး အိမ်ထောင်ရှင်မ တစ်ယောက်အဖြစ် ရပ်တည်နေလျက်ရှိပြီပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဘေဘီမောင်က သူမကိုမကောင်းပြော၊ တိုက်ခိုက်ကြတဲ့လူတွေကို ကျေးဇူးတင်ကြောင်းပြောလာတာကို အခုလိုပဲတွေ့ရပါတယ်။

“ကျမကိုမကောင်းပြောတာတွေ ဘေးပြောတာတွေ တိုက်ခိုက်တာတွေ ရိုင်းရိုင်းစိုင်းစိုင်းတွေပြောတာတွေ အဲဒီလူတွေကိုကျေးဇူးတင်ပါတယ်😁🙏🏻

ဘာလို့လဲဆိုတော့ သည်းခံတတ်တဲ့ ပါဝါတွေတိုးတက်လာပြီး သမာဒိအားကောင်းလာလို့ပါရှင့်😍ကျေးဇူးပါ🙏🏻 ကောင်းကောင်းမွန်မွန်မန့်တဲ့

ချစ်တဲ့သူတွေကိုတော့တအားချစ်ပါတယ်လို့😘😘😘😘😘” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာပါတယ်။

ဘေဘီမောင်ကတော့ သူမကိုယ်တိုင် သူတစ်ပါးကို လူသိရှင်ကြားတိုက်ခိုက်ခဲ့ပေမယ့် သူမအပေါ် ဝေဖန်ကြတဲ့လူတွေကိုတော့ ကျေးဇူးတင်တယ်ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

(Zawgyi ဖြင့်ဖတ်ရန်)






