ၾကားသိရသမွ်

ေအးခဲလွသည့္ ေနရာ တစ္ေနရာ မွာ ထားရစ္ခံရတဲ့ ၃ လသားအ႐ြယ္ကေလးေလးကို အခ်ိန္မီကယ္တင္ႏိုင္ခဲ့တဲ့ သူရဲေကာင္းေၾကာင္ေလး

အေးခဲလှသည့် ဆောင်းရာသီမှာ နေရာ တစ်နေရာ မှာ ထားရစ်ခံရတဲ့ ၃ လသားအရွယ်ကလေးလေးကို အချိန်မီကယ်တင်နိုင်ခဲ့တဲ့ သူရဲကောင်းကြောင်လေး

(၃)လသားအရွယ် ကလေးငယ်တစ်ဦးဟာ လမ်းမပေါ်မှာ ထားခဲ့ခံရပြီးနောက် ကလေးငယ်က ရုရှားဆောင်းရာသီရဲ့ အအေးလွန်ကဲတဲ့ အပူချိန်မှာ ကျန်ရစ်ပြီး အသက်ရှင်ဖို့ အခွင့်အလမ်းနည်းပါးနေပါတယ် ။ သူ့အတွက် ကံကောင်းစွာပဲ Masha လို့အမည်ပေးထားတဲ့ ကြောင်မလေးက သူ့ကိုတွေ့ပြီး နွေးထွေးနေစေဖို့ ချန်ထားတဲ့ သေတ္တာထဲကို ခုန်ချသွားပါတယ် ။ ကြောင်လေးရဲ့ ကျေးဇူးကြောင့် ကလေးက ထိခိုက်မှု မရှိဘဲ အသက်ရှင်ခဲ့ပါတယ် ။

Masha ကြောင်လေးက အိမ်မရှိသော်လည်း ရုရှားနိုင်ငံ၊ Obninsk ရှိ ရပ်ကွက်တစ်ခုမှာ ကျင်လည်ကျက်စားတဲ့ ကြောင်ကလေးပါ ။

Masha က လမ်းဘေးရှိ သေတ္တာတစ်လုံးမှ ဆူညံသံကိုကြားတဲ့အခါ သူမက စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့ပါတယ် ။

Masha တွေ့ရှိခဲ့တာကတော့ ချမ်းအေးတဲ့ ရုရှားဆောင်းရာသီမှာ သူ့မိဘတွေရဲ့ ထားခဲ့ခြင်းကို ခံခဲ့ရတဲ့ ၃ လသားကလေးငယ်တစ်ဦးပါ ။ Masha မှာ အကြောင်းကြားရမဲ့သူ မရှိတဲ့အတွက် သူမက သေတ္တာထဲဝင်ပြီး ကလေးကို နွေးထွေးအောင်ထားကာ ကျယ်လောင်စွာ အော်ဟစ်နေပါတော့တယ် ။

အမျိုးသားတစ်ဦးက သတိထားမိပြီး ဆေးရုံသို့ အမြန်ပို့ဆောင်ပြီးနောက် ကလေးငယ်က ကျန်းမာသန်စွမ်းကြောင်း ကြားသိရပါတယ။

“ကလေးက အပြင်မှာ နာရီအနည်းငယ်ပဲ နေခဲ့ရပြီး Masha ရဲ့ ကျေးဇူးကြောင့် သူ့မှာ ဒဏ်ရာမရရှိခဲ့ပါဘူး” လို့ ဆေးရုံပြောရေးဆိုခွင့်ရှိသူက Central European News သို့ ပြောကြားခဲ့ပါတယ် ။ အအေးဒဏ်ကြားမှာ သနားစရာကောင်းတဲ့ ကလေးငယ်ကို ဘယ်သူက

ထားခဲ့တယ်ဆိုတာ မသိရသေးပါဘူး ။ Masha အတွက်တော့ သူမကို သူရဲကောင်း ကြောင်တစ်ကောင်လို ရပ်ကွက်က ချီးမြှောက်ခြင်း ခံရပါတယ် ။

Credit

zawgyi

ေအးခဲလွသည့္ ေဆာင္းရာသီမွာ ေနရာ တစ္ေနရာ မွာ ထားရစ္ခံရတဲ့ ၃ လသားအ႐ြယ္ကေလးေလးကို အခ်ိန္မီကယ္တင္ႏိုင္ခဲ့တဲ့ သူရဲေကာင္းေၾကာင္ေလး

(၃)လသားအ႐ြယ္ ကေလးငယ္တစ္ဦးဟာ လမ္းမေပၚမွာ ထားခဲ့ခံရၿပီးေနာက္ ကေလးငယ္က ႐ုရွားေဆာင္းရာသီရဲ႕ အေအးလြန္ကဲတဲ့ အပူခ်ိန္မွာ က်န္ရစ္ၿပီး အသက္ရွင္ဖို႔ အခြင့္အလမ္းနည္းပါးေနပါတယ္ ။ သူ႔အတြက္ ကံေကာင္းစြာပဲ Masha လို႔အမည္ေပးထားတဲ့ ေၾကာင္မေလးက သူ႔ကိုေတြ႕ၿပီး ေႏြးေထြးေနေစဖို႔ ခ်န္ထားတဲ့ ေသတၱာထဲကို ခုန္ခ်သြားပါတယ္ ။ ေၾကာင္ေလးရဲ႕ ေက်းဇူးေၾကာင့္ ကေလးက ထိခိုက္မႈ မရွိဘဲ အသက္ရွင္ခဲ့ပါတယ္ ။

Masha ေၾကာင္ေလးက အိမ္မရွိေသာ္လည္း ႐ုရွားႏိုင္ငံ၊ Obninsk ရွိ ရပ္ကြက္တစ္ခုမွာ က်င္လည္က်က္စားတဲ့ ေၾကာင္ကေလးပါ ။

Masha က လမ္းေဘးရွိ ေသတၱာတစ္လုံးမွ ဆူညံသံကိုၾကားတဲ့အခါ သူမက စုံစမ္းစစ္ေဆးရန္ ဆုံးျဖတ္ခဲ့ပါတယ္ ။

Masha ေတြ႕ရွိခဲ့တာကေတာ့ ခ်မ္းေအးတဲ့ ႐ုရွားေဆာင္းရာသီမွာ သူ႔မိဘေတြရဲ႕ ထားခဲ့ျခင္းကို ခံခဲ့ရတဲ့ ၃ လသားကေလးငယ္တစ္ဦးပါ ။ Masha မွာ အေၾကာင္းၾကားရမဲ့သူ မရွိတဲ့အတြက္ သူမက ေသတၱာထဲဝင္ၿပီး ကေလးကို ေႏြးေထြးေအာင္ထားကာ က်ယ္ေလာင္စြာ ေအာ္ဟစ္ေနပါေတာ့တယ္ ။

အမ်ိဳးသားတစ္ဦးက သတိထားမိၿပီး ေဆး႐ုံသို႔ အျမန္ပို႔ေဆာင္ၿပီးေနာက္ ကေလးငယ္က က်န္းမာသန္စြမ္းေၾကာင္း ၾကားသိရပါတယ။

“ကေလးက အျပင္မွာ နာရီအနည္းငယ္ပဲ ေနခဲ့ရၿပီး Masha ရဲ႕ ေက်းဇူးေၾကာင့္ သူ႔မွာ ဒဏ္ရာမရရွိခဲ့ပါဘူး” လို႔ ေဆး႐ုံေျပာေရးဆိုခြင့္ရွိသူက Central European News သို႔ ေျပာၾကားခဲ့ပါတယ္ ။ အေအးဒဏ္ၾကားမွာ သနားစရာေကာင္းတဲ့ ကေလးငယ္ကို ဘယ္သူက

ထားခဲ့တယ္ဆိုတာ မသိရေသးပါဘူး ။ Masha အတြက္ေတာ့ သူမကို သူရဲေကာင္း ေၾကာင္တစ္ေကာင္လို ရပ္ကြက္က ခ်ီးေျမႇာက္ျခင္း ခံရပါတယ္ ။

Credit