ေလေအးေအးနဲ႔ ထိလိုက္တာနဲ႔ အသားေတြ ယားယံလာၿပီး အင္ျပင္ ဖုမ်ားထလာတတ္သူ မ်ားကို ေတြ႕ဖူ းပါသလား..၊
ယခုလို ခ်မ္းေအးတဲ့ ေဆာင္းတြင္းမ်ိဳ းမွာေတြ႕ ရတတ္ေသာ အေရျပား ျပႆနာ တစ္ခုကေတာ့..
ရာသီဥတု ေအးျခင္းေၾကာင့္ အသားမ်ားယားယံ ျခင္းပဲ ျဖစ္ပါတယ္..။
အေအးဓာတ္ကို တုံ႔ျပန္ပုံျခင္း မတူညီတဲ့အတြက္ တစ္ေယာက္နဲ႔ တစ္ေယာက္ လကၡဏာမ်ား ကြဲျပားႏိုင္ပါတယ္..။
ဒီအေျခအေနမ်ိဳးရွိသူေတြအေနနဲ႔ ေရကူးကန္တြင္ ေရေအးေအးျဖင့္ ကူးမိပါက ေသြးေပါင္က်ျခင္း၊ သတိလစ္ျခင္းနဲ႔ ေရွာ့ခ္ျဖစ္ျခင္းတို႔ ႀကဳံ ေတြ႕ႏိုင္ ပါတယ္..။
ေရာဂါလကၡဏာမ်ားကေတာ့… အေအးဓာတ္နဲ႔ ထိေတြ႕ေသာ အေရျပား အနီးတစ္ဝိုက္တြင္ နီရဲၿပီး အင္ျပင္ကြက္ မ်ားထျခင္း..၊
အေႏြးဓာတ္ ျပန္လည္ ရရွိတဲ့ အခါမွာ ေရာဂါလကၡဏာမ်ား ပိုဆိုးလာျခင္း..၊
ေအးေသာအရာမ်ားကို ကိုင္တြယ္ မိေသာအခါ လက္မ်ားေဖာင္းၿပီး အမ္းလာျခင္း၊ ေရခဲေရ ေသာက္ေသာအခါ..၊
ႏႈတ္ခမ္းမ်ား အမ္းလာျခင္း အေျခအေနပိုမိုျပင္းထန္လာပါက..၊
သတိလစ္ျခင္း၊ ႏွလုံးမၿငိမ္ျခင္းနဲ႔ အတူ ေျခလက္မ်ား ေဖာင္းအမ္းလာၿပီး ေရွာ့ခ္ရသည္ အထိ ျဖစ္ႏိုင္ ပါတယ္..။
ဒါတင္မကေသးပဲ လွ်ာနဲ႔ လည္မ်ိဳမ်ား ေယာင္အမ္းလာၿပီး အသက္ရႉၾကပ္သည္ အထိ ျဖစ္ေပၚႏိုင္ ပါေသးတယ္..။
ျဖစ္ေပၚေစေသာအေၾကာင္းရင္း
ျဖစ္ေပၚရေသာအေၾကာင္းရင္း အတိအက် မရွိေပမယ့္ အခ်ိဳ႕ေသာလူေတြရဲ႕ အေရျပားဆဲ လ္မ်ား အလြန္ sensitive ျဖစ္ျခင္းေၾကာင့္ ျဖစ္တတ္ပါတယ္..။
ဘယ္လိုလူေတြမွာ အျဖစ္မ်ားသလဲ ငယ္႐ြယ္ သူမ်ား အသည္းေရာင္ျခင္းနဲ႔ ကင္ဆာေရာဂါမ်ား ရွိသူမ်ား ေမြးရာပါျဖစ္ျခင္း..၊
ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား အေရျပားေနရာ အေတာ္မ်ားမ်ားကို အေအးဓာတ္ထိ ေတြ႕မိပါက ျပင္းထန္ေသာ ဆိုးက်ိဳးမ်ားျဖစ္ေပၚ ႏိုင္ပါတယ္..။
ဘယ္အခ်ိန္မွာ ဆရာဝန္ျပမလဲ အေအးဓာတ္ ထိေတြ႕ ၿပီးေနာက္အ ေရျပားျပႆနာမ်ား ေပၚေပါက္ပါက လကၡ ဏာမ်ားမျပင္းထန္ေစကာမူခ်က္ခ်င္းဆရာဝန္ျပဖို႔လိုအပ္ပါတယ္။
ကာကြယ္နည္းမ်ား အေအးဓာတ္ျဖင့္မထိေတြ႕ခင္မွာ antihistamine ေဆးမ်ား ႀကိဳတင္ေသာက္ပါ။ ဆရာဝန္ ၫႊန္ၾကားေသာေဆးမ်ားကို ေသာက္သုံးပါ..။
ရာသီဥတု ေအးပါက အေႏြးထည္ဝတ္ ဆင္ပါ။ ေရမကူးခင္၊ေရကူးကန္ အတြင္းရွိ ေရကို လက္ျဖင့္ အရင္ထိၾကည့္ ၿပီးယား ယံျခင္းျဖစ္၊ မျဖစ္စမ္း သပ္ပါ..။
ေအးေသာအရာမ်ားစားေသာက္ျခင္းကို ေရွာင္ပါ။ခြဲစိတ္ျခင္းျပဳ လုပ္ရန္ ရွိလာပါက အေအးနဲ႔ ဓာတ္မတည့္ေၾကာင္းကို ဆရာဝန္အား ႀကိဳတင္ အသိေပးပါ..။
ေလေျပႏုေသြး (ေဆး-၂)Credit drmyanmar
Unicode
လေအေးအေးနဲ့ ထိလိုက်တာနဲ့ အသားတွေ ယားယံလာပြီး အင်ပြင် ဖုများထလာတတ်သူ များကို တွေ့ဖူ းပါသလား..၊
ယခုလို ချမ်းအေးတဲ့ ဆောင်းတွင်းမျို းမှာတွေ့ ရတတ်သော အရေပြား ပြဿနာ တစ်ခုကတော့..
ရာသီဥတု အေးခြင်းကြောင့် အသားများယားယံ ခြင်းပဲ ဖြစ်ပါတယ်..။
အအေးဓာတ်ကို တုံ့ပြန်ပုံခြင်း မတူညီတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် လက္ခဏာများ ကွဲပြားနိုင်ပါတယ်..။
ဒီအခြေအနေမျိုးရှိသူတွေအနေနဲ့ ရေကူးကန်တွင် ရေအေးအေးဖြင့် ကူးမိပါက သွေးပေါင်ကျခြင်း၊ သတိလစ်ခြင်းနဲ့ ရှော့ခ်ဖြစ်ခြင်းတို့ ကြုံ တွေ့နိုင် ပါတယ်..။
ရောဂါလက္ခဏာများကတော့… အအေးဓာတ်နဲ့ ထိတွေ့သော အရေပြား အနီးတစ်ဝိုက်တွင် နီရဲပြီး အင်ပြင်ကွက် များထခြင်း..၊
အနွေးဓာတ် ပြန်လည် ရရှိတဲ့ အခါမှာ ရောဂါလက္ခဏာများ ပိုဆိုးလာခြင်း..၊
အေးသောအရာများကို ကိုင်တွယ် မိသောအခါ လက်များဖောင်းပြီး အမ်းလာခြင်း၊ ရေခဲရေ သောက်သောအခါ..၊
နှုတ်ခမ်းများ အမ်းလာခြင်း အခြေအနေပိုမိုပြင်းထန်လာပါက..၊
သတိလစ်ခြင်း၊ နှလုံးမငြိမ်ခြင်းနဲ့ အတူ ခြေလက်များ ဖောင်းအမ်းလာပြီး ရှော့ခ်ရသည် အထိ ဖြစ်နိုင် ပါတယ်..။
ဒါတင်မကသေးပဲ လျှာနဲ့ လည်မျိုများ ယောင်အမ်းလာပြီး အသက်ရှူကြပ်သည် အထိ ဖြစ်ပေါ်နိုင် ပါသေးတယ်..။
ဖြစ်ပေါ်စေသောအကြောင်းရင်း
ဖြစ်ပေါ်ရသောအကြောင်းရင်း အတိအကျ မရှိပေမယ့် အချို့သောလူတွေရဲ့ အရေပြားဆဲ လ်များ အလွန် sensitive ဖြစ်ခြင်းကြောင့် ဖြစ်တတ်ပါတယ်..။
ဘယ်လိုလူတွေမှာ အဖြစ်များသလဲ ငယ်ရွယ် သူများ အသည်းရောင်ခြင်းနဲ့ ကင်ဆာရောဂါများ ရှိသူများ မွေးရာပါဖြစ်ခြင်း..၊
နောက်ဆက်တွဲဆိုးကျိုးများ အရေပြားနေရာ အတော်များများကို အအေးဓာတ်ထိ တွေ့မိပါက ပြင်းထန်သော ဆိုးကျိုးများဖြစ်ပေါ် နိုင်ပါတယ်..။
ဘယ်အချိန်မှာ ဆရာဝန်ပြမလဲ အအေးဓာတ် ထိတွေ့ ပြီးနောက်အ ရေပြားပြဿနာများ ပေါ်ပေါက်ပါက လက္ခ ဏာများမပြင်းထန်စေကာမူချက်ချင်းဆရာဝန်ပြဖို့လိုအပ်ပါတယ်။
ကာကွယ်နည်းများ အအေးဓာတ်ဖြင့်မထိတွေ့ခင်မှာ antihistamine ဆေးများ ကြိုတင်သောက်ပါ။ ဆရာဝန် ညွှန်ကြားသောဆေးများကို သောက်သုံးပါ..။
ရာသီဥတု အေးပါက အနွေးထည်ဝတ် ဆင်ပါ။ ရေမကူးခင်၊ရေကူးကန် အတွင်းရှိ ရေကို လက်ဖြင့် အရင်ထိကြည့် ပြီးယား ယံခြင်းဖြစ်၊ မဖြစ်စမ်း သပ်ပါ..။
အေးသောအရာများစားသောက်ခြင်းကို ရှောင်ပါ။ခွဲစိတ်ခြင်းပြု လုပ်ရန် ရှိလာပါက အအေးနဲ့ ဓာတ်မတည့်ကြောင်းကို ဆရာဝန်အား ကြိုတင် အသိပေးပါ..။
လေပြေနုသွေး (ဆေး-၂)Credit drmyanmar