ၾကားသိရသမွ်

သမီးဖြစ်သူ အခန်းကို မသင်္ကာပဲ ဝင်ကြည့်လိုက်ရာမှ တစ်ခန်းလုံး အမှိုက်ပုံကြီးဖြစ်နေ၍ သွေးတက်သွားခဲ့ရသော မိခင်

သမီးဖြစ်သူမှ အခန်းကိုအမြဲသော့ခတ်သွားကာ မသင်္ကာပဲ ဝင်ကြည့်လိုက်ရာမှ တစ်ခန်းလုံး အမှိုက်ပုံကြီးဖြစ်နေ၍ သွေးတက်သွားခဲ့ရသော မိခင်

တရုတ်နိုင်ငံမှ မိခင်တစ်ဦးသည် အသက်၂၃နှစ်အရွယ် သမီးလေးတစ်ယောက်ရှိရာ အရမ်းချစ်ပြီး အလိုလိုက်ထား၍ ပြောစကားလည်းနားမထောင်ပဲရှိရာ နေ့စဥ်နှင့်အမျှ အစားအသောက်တွေကို အခန်းထဲယူယူဝင်ပြီး အမှိုက်ကိုမပစ်ပဲ စုပုံထားသည့်အကျင့်ရှိခဲ့သည်။

မိခင်ဖြစ်သူသည် အမြဲလိုလိုပြောဆိုဆုံးမသော်လည်း မရပဲ နောက်ဆုံးသူမရဲ့အိပ်ခန်းထဲသို့ ပေးမဝင်တော့ပဲ သွားလေရာ အမြဲသော့ခတ်သွားတတ်၍ မိခင်ဖြစ်သူမှလည်း အမှိုက်တွေကိုမမြင်ရတော့ ပြောဆိုခြင်းမရှိတော့ပေ။

တစ်နေ့တွင် မိခင်ဖြစ်သူသည် သမီးလေးရေချိုးခန်းထဲသို့ ဝင်နေခိုက် မသင်္ကာပဲ သမီးရဲ့အိပ်ခန်းသို့ အသာလေးဝင်ကြည့်ခဲ့လိုက်ရာ စားသောက်ပြီးသားအမှိုက်တွေနှင့် အခြားသော မလိုအပ်သည့် ပစ္စည်းတွေပါ ရောနှောနေပြီး တစ်ခန်းလုံးလည်း ခြေထောက်ချစရာနေရာပင် မရှိဖြစ်နေခဲ့သည်။

ထိုအဖြစ်ကို မြင်တွေ့သော မိခင်ဖြစ်သူမှာ သမီးလေးရဲ့ညစ်ပတ်တဲ့အကျင့်စရိုက်အား ပြင်နိုင်ရန်အတွက် မှတ်သားလောက်အောင် လူမှုကွန်ယက်တွင် မျှဝေခဲ့ရာ အချို့က အခန်းတွင်းအမှိုက်ပုံကြီးကြားထဲ နေနိုင်လွန်းသောသမီးဖြစ်သူကို စိတ်ရောဂါဆရာဝန်နဲ့ သွားပြသင့်သည်ဟု ဆိုကြသည်။

Crd

zawgyi






Crd