အိမ်ရှေ့ကို နာရေးကားရောက်လာတော့ အလောင်းကိုအိမ်ထဲသွင်းမယ် လုပ်စရာရှိတာလုပ်မယ်ပေါ့ ကားပေါ်ကနေအလောင်းချမယ်လုပ်တော့ အိမ်ရှင်တွေကအပြေးရောက်လာပြီး မျက်ရည်လေးစမ်းတမ်းတမ်းနဲ့ ဆရာတို့ အိမ်ထဲအလောင်း မပြင်ဘူးနော် အိမ်ရှေ့မှာပဲ အလောင်းပြင်ပေးပါနော်တဲ့။
အမဘာဖြစ်လို့လဲလို့ ကျွန်တော်ကမေးလိုက်တော့ ဟိုလေဆရာ အပြင်မှာသေတဲ့အလောင်းကို အိမ်ထဲမသွင်းကောင်းဘူးတဲ့ အိမ်သားတွေခိုက်တက်တယ်တဲ့။ ပြီးတော့ရပ်ကွက်ကလဲမကြိုက်ဘူး ရပ်ကွက်နာတယ်တဲ့။
ဟောဗျာဒါနဲ့အမ အခုသေတဲ့သူက အမနဲ့ ဘာတော်လဲ လို့မေးလိုက်တော့… ဆရာအခုဆုံးသွားတဲ့သူက ကျွန်မအဖေပါတဲ့။ အော်ဟုတ်ကဲ့ အမအဖေလား ဒါဆိုအိမ်ထဲ အလောင်း မပြင်ဘူး အပြင်မှာပဲ အလောင်းပြင်မယ်ပေါ့ ဟုတ်လားအမ။
ဟုတ်ကဲ့ဆရာ အပြင်မှာပဲပြင်ပေးပါတဲ့။ ကောင်းပါပြီအမ ကျွန်တော်တို့ အမတို့စိတ်တိုင်းကျ အပြင်မှာပဲအလောင်းပြင်ပေးပါမယ်။ ငိုတဲ့သူက ငိုကြတယ် ကျွန်တော်တို့လဲ လုပ်စရာရှိတဲ့ကိစ္စအဝဝကိုဆောင်ရွက်ပေးပြီး ကူညီပေးခဲ့ပါပြီ။
အသုဘ အလောင်းပြင်ပြီးအပြန် ကားပေါ်မှာ ကျွန်တော်အသိအမှန်တရားတစ်ခု ချက်ချင်းရလိုက်ပါတယ် အဲ့ဒါက ဘာလဲဆိုတော့..အော်… ငယ်စဉ်တောင်ကျေး ကလေးဘဝကနေ လူလားမြှောက်အောင် ပညာတက်ကြီးဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကိုယ့်ဖေဖေ။
နေပူထဲမှာလှုပ်ရှားရုန်းကန်ပြီး သားသမီးတွေ မျက်နာမငယ်ရအောင် ကျွေးမွေးပြုစု ရှာဖွေစောင့်ရှောက်ခဲ့ရတဲ့ဖေဖေ။ သားသမီးတွေအတွက်ဆို မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ဖေဖေ။
အိမ်ထောင်ဦးစီး သူတော်ကောင်းကြီးဖေဖေ ဖေဖေရယ် အခုဖေဖေ သေဆုံးသွားတော့ အိမ်ထဲတောင် အဝင်မခံတော့ဘူးဖေဖေရယ်။ အိမ်ထောင်ဦးစီးဖေဖေ ရုန်းကန်ရှာဖွေပြီး စုဆောင်းကာ ဖေဖေဆောက်ခဲ့တဲ့အိမ်လေး အခုဖေဖေ ခေါင်းချဖို့တောင် နေရာမရှိတော့ဘူးဖေဖေရယ်။
ဖေဖေကျွေးမွေးပြုစု စောင့်ရှောက်ခဲ့တာ နစ်ပေါင်းများစွာပါဖေဖေ အခုတော့ နောက်ထပ် ၅ရက်နေရင် ဖေဖေကို အိမ်ကနေ သားသမီးတွေက ရာသက်ပန် နှင်ထုတ်တော့မှာ ဖေဖေရယ်။
ဖေဖေချွေးနည်းစာလေးနဲ့ပိုက်စံစုပြီး လိုအပ်ရင် အရန်သင့်ဖြစ်အောင် သားသမီးတွေအတွက် ရည်ရွယ်ကာ ဝယ်ထားတဲ့ဖေဖေ ရွှေလက်စွပ်လေး အခုဖြုတ်ယူသွားကြပြီ ဖေဖေရယ်။
ဖေဖေတမလွန်ကိုသွားတော့ ပုဆိုးအဟောင်းလေးနဲ့ အကျီအနွမ်းလေး ဖေဖေအတွက်ဆိုပြီး ထည့ပြေးလိုကပြီနော်။ ဖေဖေရပ်ကွက်ကအဝင်မခံဘူးပြောရအောင် ရပ်ရွာကောင်းကျိုးသာရေး နာရေးတွေ ဆွမ်းလောင်း အသင်းတွေ ပါဝင်ပြီး ဦးဆောင်ဦးရွက်တက်အားသရောကုသိုလ်ယူပြုလုပ်ခဲ့တဲ့ဖေဖေ။
အခုဖေဖေ ကိုတောင်အဝင်မခံတော့ဘူး ရပ်ကွက်နာတယ်တဲ့ တရားရဲ့လားဖေဖေရယ် ဖေဖေပေးခဲ့တဲ့ မေတ္တာတရားတွေကတန်ဖိုးမဖြတ်နိင်အောင် ကြီးမားလှပါတယ် ဖေဖေရယ်။
နောက်ဆုံးဖေဖေရလိုက်တဲ့အရာတွေက တန်ဖိုးနည်းလိုက်တာဖေဖေ ဖေဖေ ရယ် လောဘ၊ဒေါသ၊မောဟ တွေပြည့်နှက်နေတဲ့ လူ့လောကကြီးက ကိလေသာအပူမီးတွေ တောက်လောင်နေတာပါ။
ဒါန၊သီလ၊ဘာဝနာ တွေကသာ ဖေဖေ့နောက်ပါမှာ ကောင်းရာသုဂတိမှာ ဖေဖေပျော်မွေ့ပါစေနော်။ ကိုယ်သိပ်ချစ်ပါတယ် ချစ်ပါတယ်ဆိုပြီး ပါးစပ်ကလေးနဲ့ မိဘကျေးဇူးတရားတွေကို တန်ဖိုးမဖြတ်လိုက်ကြပါနဲ့။
မိဘကျေးဇူးကို မဆပ်မိကြလို့ သေခါမှနောင်တ မရမိကြလိုက်ပါနဲ့နော်။ ဤစာသားလေးကို မိဘကျေးဇူးနင့် အယူသီးမှုတွေကိုပါပပျောက်အောင် ကျွန်တော်ရင်ထဲကခံစားချက်လေးနဲ့အတူ ရေးသားပြီး မျှဝေပေးလိုက်ပါရစေ။
Crd…
zawgyi
အိမ္ေရွ႕ကို နာေရးကားေရာက္လာေတာ့ အေလာင္းကိုအိမ္ထဲသြင္းမယ္ လုပ္စရာရွိတာလုပ္မယ္ေပါ့ ကားေပၚကေနအေလာင္းခ်မယ္လုပ္ေတာ့ အိမ္ရွင္ေတြကအေျပးေရာက္လာၿပီး မ်က္ရည္ေလးစမ္းတမ္းတမ္းနဲ႔ ဆရာတို႔ အိမ္ထဲအေလာင္း မျပင္ဘူးေနာ္ အိမ္ေရွ႕မွာပဲ အေလာင္းျပင္ေပးပါေနာ္တဲ့။
အမဘာျဖစ္လို႔လဲလို႔ ကြၽန္ေတာ္ကေမးလိုက္ေတာ့ ဟိုေလဆရာ အျပင္မွာေသတဲ့အေလာင္းကို အိမ္ထဲမသြင္းေကာင္းဘူးတဲ့ အိမ္သားေတြခိုက္တက္တယ္တဲ့။ ၿပီးေတာ့ရပ္ကြက္ကလဲမႀကိဳက္ဘူး ရပ္ကြက္နာတယ္တဲ့။
ေဟာဗ်ာဒါနဲ႔အမ အခုေသတဲ့သူက အမနဲ႔ ဘာေတာ္လဲ လို႔ေမးလိုက္ေတာ့… ဆရာအခုဆုံးသြားတဲ့သူက ကြၽန္မအေဖပါတဲ့။ ေအာ္ဟုတ္ကဲ့ အမအေဖလား ဒါဆိုအိမ္ထဲ အေလာင္း မျပင္ဘူး အျပင္မွာပဲ အေလာင္းျပင္မယ္ေပါ့ ဟုတ္လားအမ။
ဟုတ္ကဲ့ဆရာ အျပင္မွာပဲျပင္ေပးပါတဲ့။ ေကာင္းပါၿပီအမ ကြၽန္ေတာ္တို႔ အမတို႔စိတ္တိုင္းက် အျပင္မွာပဲအေလာင္းျပင္ေပးပါမယ္။ ငိုတဲ့သူက ငိုၾကတယ္ ကြၽန္ေတာ္တို႔လဲ လုပ္စရာရွိတဲ့ကိစၥအဝဝကိုေဆာင္႐ြက္ေပးၿပီး ကူညီေပးခဲ့ပါၿပီ။
အသုဘ အေလာင္းျပင္ၿပီးအျပန္ ကားေပၚမွာ ကြၽန္ေတာ္အသိအမွန္တရားတစ္ခု ခ်က္ခ်င္းရလိုက္ပါတယ္ အဲ့ဒါက ဘာလဲဆိုေတာ့..ေအာ္… ငယ္စဥ္ေတာင္ေက်း ကေလးဘဝကေန လူလားေျမႇာက္ေအာင္ ပညာတက္ႀကီးျဖစ္ေအာင္ ျပဳစုပ်ိဳးေထာင္ေပးခဲ့တဲ့ ကိုယ့္ေဖေဖ။
ေနပူထဲမွာလႈပ္ရွား႐ုန္းကန္ၿပီး သားသမီးေတြ မ်က္နာမငယ္ရေအာင္ ေကြၽးေမြးျပဳစု ရွာေဖြေစာင့္ေရွာက္ခဲ့ရတဲ့ေဖေဖ။ သားသမီးေတြအတြက္ဆို မားမားမတ္မတ္ရပ္တည္ေပးခဲ့တဲ့ေဖေဖ။
အိမ္ေထာင္ဦးစီး သူေတာ္ေကာင္းႀကီးေဖေဖ ေဖေဖရယ္ အခုေဖေဖ ေသဆုံးသြားေတာ့ အိမ္ထဲေတာင္ အဝင္မခံေတာ့ဘူးေဖေဖရယ္။ အိမ္ေထာင္ဦးစီးေဖေဖ ႐ုန္းကန္ရွာေဖြၿပီး စုေဆာင္းကာ ေဖေဖေဆာက္ခဲ့တဲ့အိမ္ေလး အခုေဖေဖ ေခါင္းခ်ဖို႔ေတာင္ ေနရာမရွိေတာ့ဘူးေဖေဖရယ္။
ေဖေဖေကြၽးေမြးျပဳစု ေစာင့္ေရွာက္ခဲ့တာ နစ္ေပါင္းမ်ားစြာပါေဖေဖ အခုေတာ့ ေနာက္ထပ္ ၅ရက္ေနရင္ ေဖေဖကို အိမ္ကေန သားသမီးေတြက ရာသက္ပန္ ႏွင္ထုတ္ေတာ့မွာ ေဖေဖရယ္။
ေဖေဖေခြၽးနည္းစာေလးနဲ႔ပိုက္စံစုၿပီး လိုအပ္ရင္ အရန္သင့္ျဖစ္ေအာင္ သားသမီးေတြအတြက္ ရည္႐ြယ္ကာ ဝယ္ထားတဲ့ေဖေဖ ေ႐ႊလက္စြပ္ေလး အခုျဖဳတ္ယူသြားၾကၿပီ ေဖေဖရယ္။
ေဖေဖတမလြန္ကိုသြားေတာ့ ပုဆိုးအေဟာင္းေလးနဲ႔ အက်ီအႏြမ္းေလး ေဖေဖအတြက္ဆိုၿပီး ထည့ေျပးလိုကၿပီေနာ္။ ေဖေဖရပ္ကြက္ကအဝင္မခံဘူးေျပာရေအာင္ ရပ္႐ြာေကာင္းက်ိဳးသာေရး နာေရးေတြ ဆြမ္းေလာင္း အသင္းေတြ ပါဝင္ၿပီး ဦးေဆာင္ဦး႐ြက္တက္အားသေရာကုသိုလ္ယူျပဳလုပ္ခဲ့တဲ့ေဖေဖ။
အခုေဖေဖ ကိုေတာင္အဝင္မခံေတာ့ဘူး ရပ္ကြက္နာတယ္တဲ့ တရားရဲ႕လားေဖေဖရယ္ ေဖေဖေပးခဲ့တဲ့ ေမတၱာတရားေတြကတန္ဖိုးမျဖတ္နိင္ေအာင္ ႀကီးမားလွပါတယ္ ေဖေဖရယ္။
ေနာက္ဆုံးေဖေဖရလိုက္တဲ့အရာေတြက တန္ဖိုးနည္းလိုက္တာေဖေဖ ေဖေဖ ရယ္ ေလာဘ၊ေဒါသ၊ေမာဟ ေတြျပည့္ႏွက္ေနတဲ့ လူ႔ေလာကႀကီးက ကိေလသာအပူမီးေတြ ေတာက္ေလာင္ေနတာပါ။
ဒါန၊သီလ၊ဘာဝနာ ေတြကသာ ေဖေဖ့ေနာက္ပါမွာ ေကာင္းရာသုဂတိမွာ ေဖေဖေပ်ာ္ေမြ႕ပါေစေနာ္။ ကိုယ္သိပ္ခ်စ္ပါတယ္ ခ်စ္ပါတယ္ဆိုၿပီး ပါးစပ္ကေလးနဲ႔ မိဘေက်းဇူးတရားေတြကို တန္ဖိုးမျဖတ္လိုက္ၾကပါနဲ႔။
မိဘေက်းဇူးကို မဆပ္မိၾကလို႔ ေသခါမွေနာင္တ မရမိၾကလိုက္ပါနဲ႔ေနာ္။ ဤစာသားေလးကို မိဘေက်းဇူးနင့္ အယူသီးမႈေတြကိုပါပေပ်ာက္ေအာင္ ကြၽန္ေတာ္ရင္ထဲကခံစားခ်က္ေလးနဲ႔အတူ ေရးသားၿပီး မွ်ေဝေပးလိုက္ပါရေစ။
Crd…



