လက်ရှိအခြေအနေကြောင့်တချို့လူငယ်လေးတွေကတော့မိမိတို့ရဲ့အနာဂတ်အိပ်မက်တွေမပြည့်သေးဘဲစောစီးစွာကြွေလွင့်သွားခဲ့ရပြီဖြစ်ပါတယ်။
ကျဆုံးသူတွေထဲမှာအသက်မပြည့်သေးတဲ့ကလေးငယ်တွေလည်း ပါဝင်သလိုပညာတတ်လူငယ်လေးတွေကိုလည်းဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။
(၃.၃.၂၀၂၁)ရက်နေ့ကမန္တလေးမှာပြုလုပ်ကြတဲ့လူထုလှုပ်ရှားမှုမှာ အသက်(၁၉)နှစ်အရွယ်သူရဲကောင်းမလေးကြယ်စင်(ခ)Angel (ခ)ကျားရှိကတစ်တပ်တစ်အားပါဝင်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
ကြယ်စင်ကတော့မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့်လည်းအရမ်းရဲရင့်လို့လူထုလှုပ်ရှားမှုမှာဆိုရင်ရှေ့ဆုံးကနေပါဝင်တာဖြစ်ပါတယ်။မတ်လ(၃)ရက်နေ့၊လူထုလှုပ်ရှားမှာတော့သူရဲကောင်းမလေးကြယ်စင်ရဲ့ဦးခေါင်းကိုထိမှန်ပြီးနေရာမှာတင်လဲကျသွားခဲ့တာဖြစ်ပါတယ်။
ကြယ်စင်ကတစ်ဦးတည်းသောသမီးလေးဖြစ်လို့မိခင်နဲ့ဖခင်ခမျာသူမအတွက်ဂုဏ်ယူသော်လည်းယူကြုံးမရဖြစ်နေတာဖြစ်ပါတယ်။ပြည်သူတွေကလည်းအသက်ငယ်ငယ်လေးနဲ့ကြွေလွင့်သွားခဲ့ရတဲ့သူမအတွက်နာကျင်ကြေကွဲနေကြတာဖြစ်ပါတယ်။
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
ဇွန်လ(၃)ရက်နေ့ဆိုရင်ကြယ်စင်လေးကျဆုံးတာ(၃)လပြည့်တော့မှာဖြစ်ပေမယ့်ကျန်ရစ်သူမိသားစုနဲ့ပြည်သူတွေကအမြဲသတိရနေကြတာဖြစ်ပါတယ်။
အခုဆိုရင်လည်းကြယ်စင်လေးရဲ့ကလေးဘဝတုန်းကပုံလေးတွေကို ပြည်သူတွေတွေ့မြင်ပြီးနှမျောတသဖြစ်နေကြတာဖြစ်ပါတယ်။ကြယ်စင်လေးကတော့ကလေးဘဝကတည်းကဖြူဖြူစင်စင်လေးနဲ့အရမ်းချစ်ဖို့ကောင်းနေတာပဲဖြစ်ပါတယ်။
အခုလိုမျိုး အချိန်မတန်သေးဘဲကြွေလွင့်သွားခဲ့ရတဲ့ကြယ်စင်လေးရဲ့ကလေးဘဝပုံရိပ်လေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Source&Photo Credit: Original Uploder