ၾကားသိရသမွ်

ပေါ့ပေါ့ပါးပါး မြို့တွင်းသွား မြန်မာငွေ သိန်း(၁၂၀)ကျော်တန် ဆိုလာကား

၂၀၂၃ ခုနှစ်မှာ ဈေးကွက်အတွင်း ရောက်ရှိတော့မည့် ခေါင်မိုးမှာ Solar ပြား တပ်ဆင်ထားပြီး ၆၂ မိုင် မောင်းနှင်နိုင်တဲ့ လျှပ်စစ်ကားလေး … ???

မြန်မာငွေ သိန်း ၁၂၀ ကျော်တန် ဆိုလာကား ဥရောပ ဈေးကွက်ထဲ ဝင်တော့မှာပါ

နယ်သာလန်မှာ SQUAD Solar City Car အမည်ရ လျှပ်စစ်ကားလေးကို ဒီတစ်ပတ်ထဲမှာ ရောင်းချပေးလိုက်ပါတယ်။

အရွယ်အစား သေးငယ်ပြီး မြို့ထဲ ခရီးသွားလို့ အဆင်ပြေအောင် ဒီဇိုင်းထုတ်ထားပါတယ်။ ယာဉ်မောင်းလိုင်စင်တောင် မလိုဘဲ မောင်းနှင်နိုင်ပါတယ်။

တစ်နာရီ ၂၈ မိုင်နှုန်းနဲ့ ပြေးနိုင်မယ့် နယ်သာလန်ထုတ် နေစွမ်းအင်သုံး လျှပ်စစ်ကားငယ်ကို ဥရောပမှာ Pre – Order မှာယူနိုင်ပြီလို့ ဆိုပါတယ်။

ဒတ်ချ် လျှပ်စစ်ယာဉ် ထုတ်လုပ်ရေး Startup တစ်ခု ဖြစ်တဲ့ Squad Mobility ကနေ Squad ဆိုတဲ့ နေရောင်ခြည်စွမ်းအင်သုံး ကားတစ်မျိုး ထုတ်လုပ်ထားတာပါ။

Squad ဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်ဖက်ပြီး မြို့တွင်းသွား ပေါ့ပေါ့ပါးပါး ယာဉ်အဖြစ် ဒီဇိုင်း ထုတ်ထားတာပါ။

ဂေါက်ကွင်းသုံး ကားငယ်လေးနဲ့ ဆင်ပြီး ကား အတွင်းခန်းမှာ နှစ်ယောက် ထိုင်စရာ နေရာ ပေးထားပါတယ်။

လူရှုပ်ထွေးပြီး ပါကင် ထိုးရခက်တဲ့ နေရာတွေမှာ ဒီနှစ်ယောက်စီး ယာဉ်လေးတွေဟာ အသာလေး ပါကင် ထိုးနိုင် ၊ လိုရာခရီး သွားလာနိုင်မှာ ဖြစ်ပါတယ်။

တစ်နာရီ ၄၅ ကီလိုမီတာ (၂၈ မိုင်နှုန်း) အထိ အရှိန်တင် မောင်းနှင်နိုင်ပြီး အားအပြည့် ရှိချိန် ၆၂ မိုင်အထိ မောင်းနှင်နိုင်မယ်လို့လည်း ဆိုပါတယ်။

SQUAD မှာ လူ ၂ ယောက် စီးနင်းနိုင်ပြီး Golf Cart နဲ့ ဒီဇိုင်း ဆင်တူပါတယ်။ တံခါးတွေကို ဖြုတ်၊ တပ် နိုင်အောင် ပြုလုပ်ပေးထားပြီး လူ ၂ ယောက် အပြင် ခရီးဆောင်အိတ်တွေပါ ထည့်သွင်းနိုင်ပါတယ်။ ၁ ခါ အားအပြည့် သွင်းထားရင် ၆၂ မိုင် မောင်းနှင်နိုင်ပြီး ဘက်ထရီကိုလည်း ဖြုတ်၊ တပ် နိုင်ပါတယ်။

စွမ်းအင်အတွက် ယာဉ်အမိုးမှာ Solar Panel တစ်ခု တပ်ဆင်ထားသလို နေရောင်ခြည် ရရှိမှုပေါ် လိုက်ပြီး နေ့စဉ် မောင်းနှင်မှုမှာ ကီလို ၂၀ (၁၂ မိုင်ခန့်) ပိုသွားနိုင်မယ်လို့လည်း ကုမ္ပဏီက ကြေညာပါတယ်။

ဆိုလာ အမိုးပြားကြောင့် နေရောင်အောက် ကားရပ်ထားချိန်မှာ အလိုအလျောက် အားသွင်းနိုင်မှာ ဖြစ်ပြီး ပုံမှန်အားသွင်းမှုကိုတော့ 240 Volts Outlet နဲ့ အားသွင်းတာ ဒါမှမဟုတ် ဖြုတ်တပ် ဖယ်ရှားနိုင်တဲ့ ဘက်ထရီတွေကြောင့် အိမ်ထဲ ဘက်ထရီဖြုတ်ယူပြီး သီးသန့် အားသွင်းတာမျိုးလည်း လုပ်နိုင်ပါတယ်။

ကုမ္ပဏီက ဘက်ထရီ လဲလှယ်ပေးတဲ့ ဝန်ဆောင်မှုကိုလည်း စီစဉ်နေပြီး နေအိမ် အများစုမှာ သုံးကြတဲ့ 220V Outlet ကနေ အားသွင်းနိုင်ပါတယ်။

ခေါင်မိုးမှာ Solar ပြား တပ်ဆင်ထားပြီး ၁ ရက်ကို ၁၂ မိုင် အထိ မောင်းနှင်နိုင်အောင် အားသွင်းပေးနိုင်ပါတယ်။

Squad Mobility ကုမ္ပဏီအနေနဲ့ ဒီယာဉ်ကို ကားအငှား လုပ်ငန်းတွေအတွက် ရည်ရွယ်ပြီး ဒီဇိုင်း ထုတ်ထားတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ Squad ကားတွေကို စမတ်ဖုန်း App ကနေ တစ်ဆင့် ငှားရမ်းတာ ၊ ကားတည်နေရာ ရှာတာမျိုးလည်း လုပ်ဆောင်နိုင်ဖို့ စီစဉ်ထားပါတယ်။

အငှားယာဉ် ဝန်ဆောင်မှု လုပ်ငန်းတွေအတွက်လည်း ပိုလွယ်ကူ ချောမွေ့စေဖို့ ဘက်ထရီ လဲနိုင်မယ့် ဘက်ထရီ အားသွင်းပစ္စည်း တစ်မျိုး ရောင်းချဖို့ပါ စီစဉ်နေပါတယ်။

ကား အရွယ်အစား သေးပေမယ့် အတွင်းမှာ ပစ္စည်း အတော်အတန် သယ်နိုင်မယ့် နေရာ ပါသလို USB Port ပေါက် တစ်ခု ၊ စမတ်ဖုန်း ထည့်ဖို့ နေရာ စသည်ဖြင့်ပါ ထည့်သွင်း စီမံထားပါတယ်။

L6e ယာဉ် အမျိုးအစား ဖြစ်လို့ အသက် ၁၆ နှစ်နဲ့ အထက် ယာဉ်မောင်းလိုင်စင် မရှိသူတွေပါ မောင်းနှင်နိုင်မှာပါ။

Squad EV ယာဉ်ငယ်ကို လာမယ့် ၂၀၂၃ ခုနှစ်အတွင်း ဥရောပ ဈေးကွက်မှာ ဒေါ်လာ ၆၅၀၀ ဝန်းကျင် (မြန်မာငွေ သိန်း ၁၂၀ ကျော်) ဈေးနဲ့ ရောင်းချသွားဖို့လည်း ပြင်ထားပါတယ်။

ကုမ္ပဏီအနေနဲ့ ၁ လ ယူရို ၁၀၀ နှုန်းနဲ့လည်း ငှားနိုင်အောင် စီစဉ်နေတယ်လို့ ဆိုပါတယ်။

၂ မီတာပဲ အရှည်ရှိကာ အရွယ်အစား သေးငယ်တဲ့အတွက် ပါကင်ထိုးရတာ အဆင်ပြေစေပါတယ်။

SQUAD Solar City Car ကို ၂၀၂၃ ခုနှစ်မှာ ရောင်းချမှာ ဖြစ်ပြီး ၆,၅၂၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ သိန်း ၁၂၀ ဝန်းကျင်ပဲ ရှိပြီး လက်ရှိမှာ ကြိုတင် မှာယူနိုင်ပါပြီ။

Credit … Duwun Tech