ၾကားသိရသမွ်

မန္တလေးတွင် အွန်လိုင်းဖြင့် ကျောက်အရောင်းအဝယ်လုပ်နေသူ ၂၀၀ နီးပါးကို စစ်တပ်နှင့်ရဲက ဝင်ဖမ်း

မႏၲေလးတြင္ အြန္လိုင္းျဖင့္ ေက်ာက္အေရာင္းအဝယ္လုပ္ေနသူ ၂၀၀ နီးပါးကို စစ္တပ္ႏွင့္ရဲက ဝင္ဖမ္း

ရန္ကုန္၊ ဒီဇင္ဘာ ၂၀

မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ (၈၄) လမ္း ႏွင့္ (၄၃) လမ္း အနီးတြင္ အြန္လိုင္း Wechat ျဖင့္ ေက်ာက္စိမ္းအေရာင္းအဝယ္ျပဳလုပ္ေသာ တ႐ုတ္ႏိုင္ငံသားမ်ား၊ ျမန္မာႏိုင္ငံသားမ်ားအပါအဝင္ လူဦးေရ ၂၀၀ ခန႔္ကို စစ္ေကာင္စီက အခ်ဳပ္ကားမ်ားျဖင့္ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္းသိရွိရသည္

“အခ်ဳပ္ကား၅စီးနဲ႔ဒီမနက္လာဖမ္းသြားတာ။ အဲဒီေနရာက အြန္လိုင္းကေနၿပီး ေက်ာက္စိမ္းအေရာင္းအဝယ္လုပ္တဲ့ေနရာေပါ့။ ၂၀၀ ေလာက္ရွိမယ္။ တ႐ုတ္ေတြေရာ ျမန္မာေတြေရာ။ အဲဒီေနရာကေန တ႐ုတ္ျပည္ကို onlineကေန liveလႊင့္ၿပီး ေက်ာက္စိမ္း တိုက္႐ိုက္ ေရာင္းေနၾကတာ။ အဲဒီမွာ ေရာင္းဝယ္သူေတြက ပြဲစားေတြေပါ့။ တ႐ုတ္ျပည္က ကုန္သည္ေတြကို အဲဒီကေန ေရာင္းေပးတာပါ။ အိုးဘိုေထာင္ကို ေခၚသြားတယ္လို႔ၾကားတယ္” ဟု မႏၲေလးေဒသခံ ေက်ာက္ပြဲစားတစ္ဦးက ေျပာသည္

လက္ရွိတြင္ ဆိုင္ကယ္မ်ားအားလုံးကိုပါ ဖမ္းဆီးသြားၿပီး ဆိုင္ကယ္တစ္စီးလွ်င္ ေငြက်ပ္ ၅ သိန္း၊ လူတစ္ဦးလွ်င္ ေငြက်ပ္ ၁၀ သိန္းျဖင့္ ဒဏ္႐ိုက္မည္ဆိုေသာ သတင္းမ်ား ထြက္ေပၚလ်က္ရွိေၾကာင္း၊ လက္ေတြ႕တြင္မူ ေ႐ြးယူ၍ မရေသးေၾကာင္း သိရွိရသည္

“ဖမ္းတာကေတာ့ ဖမ္းထားတုန္းပဲ။ အဲဒီေနရာက တရားမဝင္ေက်ာက္စိမ္းအေရာင္းအဝယ္ လုပ္တဲ့ေနရာလိုျဖစ္တာေပါ့။ တရားဝင္ေနရာေတာ့မဟုတ္ဘူး။ ေက်ာက္၀ိုင္းအျပင္မွာ အေရာင္းအဝယ္လုပ္တာ။ စစ္တပ္က ဖမ္းတာကေတာ့ တရားမဝင္ေက်ာက္အေရာင္းအဝယ္ေခါင္းစဥ္နဲ႔ ေငြညႇစ္ခ်င္လို႔ထင္တယ္။ တ႐ုတ္ေတြကေတာ့ ေငြေပးၿပီး ျပန္လြတ္မွာပဲ။ ျမန္မာပြဲစားေတြပဲ သနားတာ။ အလုပ္ကလည္းမျဖစ္ဆိုေတာ့ ” ဟု မႏၲေလးေက်ာက္စိမ္းပြဲစားတစ္ဦးက ေျပာသည္

မႏၲေလးတြင္ တရားဝင္ေက်ာက္၀ိုင္းဖြင့္လွစ္ထားေသာ္လည္း မၾကာခဏ ဗုံးကြဲျခင္းႏွင့္ အေရာင္းအဝယ္ နည္းပါးျခင္းတို႔ေၾကာင့္ ေက်ာက္၀ိုင္းတြင္ အလုပ္မျဖစ္ဟု သိရွိရသည္

ဓာတ္ပုံ- မႏၲေလးမွ အြန္လိုင္းေက်ာက္အေရာင္းအဝယ္ျမင္ကြင္းတစ္ခု

မန္တလေးတွင် အွန်လိုင်းဖြင့် ကျောက်အရောင်းအဝယ်လုပ်နေသူ ၂၀၀ နီးပါးကို စစ်တပ်နှင့်ရဲက ဝင်ဖမ်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၈၄) လမ်း နှင့် (၄၃) လမ်း အနီးတွင် အွန်လိုင်း Wechat ဖြင့် ကျောက်စိမ်းအရောင်းအဝယ်ပြုလုပ်သော တရုတ်နိုင်ငံသားများ၊ မြန်မာနိုင်ငံသားများအပါအဝင် လူဦးရေ ၂၀၀ ခန့်ကို စစ်ကောင်စီက အချုပ်ကားများဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရသည်

“အချုပ်ကား၅စီးနဲ့ဒီမနက်လာဖမ်းသွားတာ။ အဲဒီနေရာက အွန်လိုင်းကနေပြီး ကျောက်စိမ်းအရောင်းအဝယ်လုပ်တဲ့နေရာပေါ့။ ၂၀၀ လောက်ရှိမယ်။ တရုတ်တွေရော မြန်မာတွေရော။ အဲဒီနေရာကနေ တရုတ်ပြည်ကို onlineကနေ liveလွှင့်ပြီး ကျောက်စိမ်း တိုက်ရိုက် ရောင်းနေကြတာ။ အဲဒီမှာ ရောင်းဝယ်သူတွေက ပွဲစားတွေပေါ့။ တရုတ်ပြည်က ကုန်သည်တွေကို အဲဒီကနေ ရောင်းပေးတာပါ။ အိုးဘိုထောင်ကို ခေါ်သွားတယ်လို့ကြားတယ်” ဟု မန္တလေးဒေသခံ ကျောက်ပွဲစားတစ်ဦးက ပြောသည်

လက်ရှိတွင် ဆိုင်ကယ်များအားလုံးကိုပါ ဖမ်းဆီးသွားပြီး ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် ၅ သိန်း၊ လူတစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းဖြင့် ဒဏ်ရိုက်မည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း၊ လက်တွေ့တွင်မူ ရွေးယူ၍ မရသေးကြောင်း သိရှိရသည်

“ဖမ်းတာကတော့ ဖမ်းထားတုန်းပဲ။ အဲဒီနေရာက တရားမဝင်ကျောက်စိမ်းအရောင်းအဝယ် လုပ်တဲ့နေရာလိုဖြစ်တာပေါ့။ တရားဝင်နေရာတော့မဟုတ်ဘူး။ ကျောက်ဝိုင်းအပြင်မှာ အရောင်းအဝယ်လုပ်တာ။ စစ်တပ်က ဖမ်းတာကတော့ တရားမဝင်ကျောက်အရောင်းအဝယ်ခေါင်းစဉ်နဲ့ ငွေညှစ်ချင်လို့ထင်တယ်။ တရုတ်တွေကတော့ ငွေပေးပြီး ပြန်လွတ်မှာပဲ။ မြန်မာပွဲစားတွေပဲ သနားတာ။ အလုပ်ကလည်းမဖြစ်ဆိုတော့ ” ဟု မန္တလေးကျောက်စိမ်းပွဲစားတစ်ဦးက ပြောသည်

မန္တလေးတွင် တရားဝင်ကျောက်ဝိုင်းဖွင့်လှစ်ထားသော်လည်း မကြာခဏ ဗုံးကွဲခြင်းနှင့် အရောင်းအဝယ် နည်းပါးခြင်းတို့ကြောင့် ကျောက်ဝိုင်းတွင် အလုပ်မဖြစ်ဟု သိရှိရသည်။

ဓာတ်ပုံ- မန္တလေးမှ အွန်လိုင်းကျောက်အရောင်းအဝယ်မြင်ကွင်းတစ်ခု