ၾကားသိရသမွ်

ရေသန့်ရောင်းတဲ့ အဖွားကိုအလှူငွေ များသွားရောက် လှူဒါန်းပေးခဲ့တဲ့ ဦးမိုဒီ နှင့် လူရွှင်တော် မိုးစက်

လူရွှင်တော် မိုးစက်ကတော့ ယခုတလောမှာပရိသတ်တွေလေးစားချစ်ရတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။မိုးစက်ကခုလို အရာရာ ခက်ခဲနေတဲ့ အချိန်ကာလတွေမှာ

အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အဆင်မပြေဖြစ်နေတဲ့ မိသားစုတွေကိုတစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းပေးပြီး စိတ်ရောကိုယ်ပါ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်းပရိသတ်တွေအားလုံးက မိုးစက်ကို လေးစားချစ်ခင်နေကြတာပါ။ဒါတင်မကဘဲ သူရဲ့အလှူလေးတွေကိုလည်း အားလုံးမြင်တွေ့ပြီး ပီတိဖြစ်ရအောင်လည်းရေးသားဖော်ပြလေ့ရှိပါတယ် ။

အခုလည်း ဦးမိုးဒီနဲ့အတူ ရေသန့်ရောင်းတဲ့ အဖွားကို အလှူငွေဆယ်သိန်း သွားရောက်လှူဒါန်းပေးခဲ့တဲ့ကြည်နူးစရာဖြစ်ရပ်လေးကို ဖော်ပြလာပါတယ် ။

”သား ရေသန့်ရောင်းတဲ့ အဖွားအတွက် အလှူငွေ ဘယ်နေ့အပ်မှာလဲ…” ဒီနေ့ အပ်မှာဖေကြီး” ဟာ အဲ့ဒါဆို ဖေကြီးလဲ လိုက်မယ်ကွာ သူ့ရဲ့ အပျော်လေးတွေ မြင်ချင်လို့ပါပိုကောင်းတာပေါ့ ဖေကြီးရယ်” မနေ့ညက ဖေကြီးဦးမိုးဒီ နဲ့ Live လွှင့်စျေးရောင်းပြီးပြန်လာချိန်အဖွားကိုလှူဖြစ်မယ့်အကြောင်းတွေပြောပြလိုက်တော့ ဖေကြီး လိုက်ချင်သွားတာထင်ပါတယ်။

အဖွားဆီကို ရောက်တော့ဟာမင်းသားမိုးဒီကြီး မင်းသားမိုးဒီကြီး ဆိုပြီးမွ မွ မွ နဲ့ဝမ်းသာအားရ နမ်းပါလေရောဗျာ”အဖွားစိတ်ထဲမှာတော့ မင်းသားလို့ဘဲထင်နေတာပေါ့။အဖွားရေ လာရင်းကိစ္စလေးကတော့ အဖွားအတွက် အလှူငွေလေးတွေ သားဆီမှာရှိပါတယ် ။

အိမ်လေးလဲပိုင်သွားပြီဆိုတော့ အခု အဖွားထပ်ဖြစ်ချင်တဲ့အဖွားရဲ့ ရင်ထဲက ဆန္ဒလေးသိပါရစေ”အဖွား က မိဘမဲ့ ကလေးတွေ ရှင်ပြုပေးချင်တာ…”ကောင်းတာပေါ့ဗျာအဲ့ဒီဆန္ဒကို သားဖြည့်ဆည်းပေးပါရစေအဖွားရဲ့ရှေ့ရေးအတွက်လဲ မပူပါနဲ့ နောက်ထပ် လာလှူမယ့် အလှူရှင်တွေအများကြီး ရှိပါသေးတယ်။

 

”ဒါဆိုရင် အဖွားအလှူ့အစ်မကြီးဖြစ်တော့မှာပေါ့နော်…”ဖြစ်ရမှာပေါ့ဗျာလှူတဲ့ရက်ရောက်ရင်ကျွန်တော်ဦးမိုးဒီ ကိုယ်တိုင်လာနိုင်အောင် ကြိုးစားပေးပါ့မယ်ဗျာ”ပုံတွေနဲ့ တကွဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Credit – Yaungchi

Photo – Moe Sat

Zawgyi

လူ႐ႊင္ေတာ္ မိုးစက္ကေတာ့ ယခုတေလာမွာ ပရိသတ္ေတြ ေလးစားခ်စ္ရတဲ့ အႏုပညာ႐ွင္တစ္ေယာက္ ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။ မိုးစက္ကခုလို အရာရာ ခက္ခဲေနတဲ့ အခ်ိန္ကာလေတြမွာ

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စားဝတ္ေနေရးအတြက္ အဆင္မေျပျဖစ္ေနတဲ့ မိသားစုေတြကို တစ္ဖက္တစ္လမ္းကေန ကူညီလႉဒါန္းေပးၿပီး စိတ္ေရာကိုယ္ပါ လုပ္ေဆာင္ေပးေနတာ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္လည္း ပရိသတ္ေတြအားလုံးက မိုးစက္ကို ေလးစားခ်စ္ခင္ေနၾကတာပါ ။ ဒါတင္မကဘဲ သူရဲ႕ အလႉေလးေတြကိုလည္း အားလုံး ျမင္ေတြ႕ၿပီး ပီတိျဖစ္ရေအာင္လည္း ေရးသားေဖာ္ျပေလ့႐ွိပါတယ္ ။

အခုလည္း ဦးမိုးဒီနဲ႔အတူ ေရသန္႔ေရာင္းတဲ့ အဖြားကို အလႉေငြ ဆယ္သိန္း သြားေရာက္ လႉဒါန္းေပးခဲ့တဲ့ ၾကည္ႏူးစရာ ျဖစ္ရပ္ေလးကို ေဖာ္ျပလာပါတယ္ ။

” သား ေရသန္႔ေရာင္းတဲ့ အဖြားအတြက္ အလႉေငြ ဘယ္ေန႔အပ္မွာလဲ…” ဒီေန႔ အပ္မွာ ေဖႀကီး…” ဟာ…အဲ့ဒါဆို ေဖႀကီးလဲ လိုက္မယ္ကြာ…သူ႕ရဲ႕ အေပ်ာ္ေလးေတြ ျမင္ခ်င္လို႔ပါ..ပိုေကာင္းတာေပါ့ ေဖႀကီးရယ္…” မေန႔ညက ေဖႀကီးဦးမိုးဒီ နဲ႔ Live လႊင့္ေစ်းေရာင္းၿပီးျပန္လာခ်ိန္ အဖြားကို လႉျဖစ္မယ့္အေၾကာင္းေတြ ေျပာျပလိုက္ေတာ့ ေဖႀကီး လိုက္ခ်င္သြားတာ ထင္ပါတယ္။

အဖြားဆီကို ေရာက္ေတာ့…ဟာ..မင္းသားမိုးဒီႀကီး မင္းသားမိုးဒီႀကီး ဆိုၿပီးမြ မြ မြ နဲ႔ ဝမ္းသာအားရ နမ္းပါေလေရာဗ်ာ…”အဖြားစိတ္ထဲမွာေတာ့ မင္းသားလို႔ဘဲထင္ေနတာေပါ့…။အဖြားေရ လာရင္းကိစၥေလးကေတာ့ အဖြားအတြက္ အလႉေငြေလးေတြ သားဆီမွာ႐ွိပါတယ္ ။

အိမ္ေလးလဲပိုင္သြားၿပီဆိုေတာ့ အခု အဖြားထပ္ျဖစ္ခ်င္တဲ့အဖြားရဲ႕ ရင္ထဲက ဆႏၵေလးသိပါရေစ…”အဖြား က မိဘမဲ့ ကေလးေတြ ႐ွင္ျပဳေပးခ်င္တာ…” ေကာင္းတာေပါ့ဗ်ာ…အဲ့ဒီဆႏၵကို သားျဖည့္ဆည္းေပးပါရေစ…အဖြားရဲ႕ေ႐ွ႕ေရးအတြက္လဲ မပူပါနဲ႔ ေနာက္ထပ္ လာလႉမယ့္ အလႉ႐ွင္ေတြအမ်ားႀကီး ႐ွိပါေသးတယ္။

”ဒါဆိုရင္ အဖြား အလႉ႕အစ္မႀကီးျဖစ္ေတာ့မွာေပါ့ေနာ္…”ျဖစ္ရမွာေပါ့ဗ်ာ..လႉတဲ့ရက္ေရာက္ရင္ ကြၽန္ေတာ္ဦးမိုးဒီ ကိုယ္တိုင္ လာႏိုင္ေအာင္ ႀကိဳးစားေပးပါ့မယ္ဗ်ာ….”ပုံေတြနဲ႔ တကြေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ ။

Credit – Yaungchi

Photo – Moe Sat