ၾကားသိရသမွ်

စင်္ကာပူသူဌေးပြောတာ မြန်မာပြည် မြို့လည်ကောင်က လူကြီးသား ဓားပြ ရှက်စရာကောင်းလိုက်တာ …

စကၤာပူသူေဌးေျပာတာ ျမန္မာျပည္ ျမဳိ႕လည္ေကာင္က လူႀကီးသား ဓားျပ

၂၀၁၂ ေလာက္တုန္းက ျမန္မာျပည္ကအသိတစ္ေယာက္မွာလို႔ တူရိယာပစၥည္းတစ္ခုသြားဝယ္ဖူးတယ္။ တူရိယာပစၥည္းဆိုတာ ေကာင္းရင္ေကာင္းသေလာက္အေတာ္တန္ဖိုးရွိပါတယ္။ ျမန္မာျပည္ကိုပို႔မွာမို႔ေသခ်ာထုပ္ပိုးေပးဖို႔ေျပာရပါတယ္။ က်ေနာ္တို႔ေငြေခ်ၿပီးေတာ့ ဆိုင္ထဲပတ္ၾကည့္ပါတယ္။ က်ေနာ္ဂစ္တာတစ္လက္ေကာက္ကိုင္လိုက္တဲ့ခ်ိန္မွာ

ဆိုင္ရွင္ကဒီဂစ္တာက ေဇာ္ဝင္းထြဋ္အႀကိဳက္ေပါ့လို႔လွမ္းေျပာတယ္။ သူ႔ဆိုင္ကို ျမန္မာျပည္ကဂီတပညာရွင္ေတြ လာတိုင္းဝင္ေလ့ရွိသတဲ့။ က်ေနာ္ကဒါဆိုျမန္မာျပည္မွာဆိုင္ခြဲဖြင့္သင့္တယ္လို႔ေျပာေတာ့ ၂၀၀၀ ခုႏွစ္မတိုင္ခင္ #စစ္အစိုးရေခတ္ကဖြင့္ဖူးတာေပါ့တဲ့။

ၿမိဳ႕လည္ေခါင္ဓားျပခဏခဏအတိုက္ခံရတာနဲ႔ ဆိုင္ပိတ္ၿပီးျပန္လာရတာတဲ့။ ဆူးေလနားကဆိုင္ထဲကို လူႀကီးသားဆိုတဲ့အေကာင္ေတြေရာက္လာရင္ ႀကိဳက္တဲ့ပစၥည္းကို သူ႔အေဖပစၥည္းလိုသေဘာထားၿပီး ယူခ်သြားတာပဲ။ ပါလာတဲ့သက္ေတာ္ေစာင့္က ေနာက္ေငြလာေခ်မယ္ေျပာၿပီးဘယ္ေတာ့မွေပၚမလာဘူးတဲ့။ #ၿမိဳ႕လည္ေခါင္ဓားျပတိုက္ရဲတာ မင္းတို႔ဆီမွာပဲရွိတယ္တဲ့။

က်ေနာ့္မွာရွက္လိုက္တာဆိုတာ။ ရဲတိုင္ေပါ့လို႔ အေငၚတူးလိုက္ေတာ့ … ဟာကြာ … ဘယ္သြားတိုင္လို႔ရမလဲတဲ့။ သူတို႔ၿငိဳးရင္ပိုဆိုးတယ္တဲ့။ မင္တို႔ဆီမွာ ဒါတင္မဟုတ္ဘူး အစိုးရေလလံေတြဆိုလည္း လူႀကီးသားေတြပဲရတာတဲ့။ ဘယ္သူဘယ္ေလာက္ႀကိဳးစားႀကိဳးစား သူတို႔က တီရွပ္နဲ႔ေျခညႇပ္ဖိနပ္နဲ႔ ပုဆိုးနဲ႔ ပမာမခန႔္ လာတာ။

ဒုဝန္ႀကီးေလာက္ကို ဂ႐ုမစိုက္ပဲ presentation လုပ္တာတဲ့။ အခ်ိန္တန္ေတာ့ ဘာပေရာဂ်က္ျဖစ္ျဖစ္ သူတို႔ပဲရတာတဲ့။ သူတို႔မလုပ္ခ်င္မွ ကတုံးေပၚထိပ္ကြက္ၿပီး သူမ်ားကိုျပန္ခ်ေပးတာတဲ့။ ဘယ္ေျပာေကာင္းမလဲဗ်ာ။ ေျပာတာေျပာတာဆိုတာ နားနဲ႔မဆံ့ဘူး။ က်ေနာ္လည္း ပစၥည္းေလးမၿပီးခပ္သုတ္သုတ္ျပန္ထြက္လာရတာေပါ့။ “ၿမိဳ႕လည္ေခါင္ဓားျပတိုက္ရဲတာလူႀကီးသားပဲရွိတယ္” ဆိုတဲ့စကားကို ဒီေန႔အထိနားထဲကမထြက္ဘူး။

crd-Richard Myo Thant

ယူနီကုတ္

စင်္ကာပူသူဌေးပြောတာ မြန်မာပြည် မြို့လည်ကောင်က လူကြီးသား ဓားပြ

၂၀၁၂ လောက်တုန်းက မြန်မာပြည်ကအသိတစ်ယောက်မှာလို့ တူရိယာပစ္စည်းတစ်ခုသွားဝယ်ဖူးတယ်။ တူရိယာပစ္စည်းဆိုတာ ကောင်းရင်ကောင်းသလောက်အတော်တန်ဖိုးရှိပါတယ်။ မြန်မာပြည်ကိုပို့မှာမို့သေချာထုပ်ပိုးပေးဖို့ပြောရပါတယ်။ ကျနော်တို့ငွေချေပြီးတော့ ဆိုင်ထဲပတ်ကြည့်ပါတယ်။ ကျနော်ဂစ်တာတစ်လက်ကောက်ကိုင်လိုက်တဲ့ချိန်မှာ

ဆိုင်ရှင်ကဒီဂစ်တာက ဇော်ဝင်းထွဋ်အကြိုက်ပေါ့လို့လှမ်းပြောတယ်။ သူ့ဆိုင်ကို မြန်မာပြည်ကဂီတပညာရှင်တွေ လာတိုင်းဝင်လေ့ရှိသတဲ့။ ကျနော်ကဒါဆိုမြန်မာပြည်မှာဆိုင်ခွဲဖွင့်သင့်တယ်လို့ပြောတော့ ၂၀၀၀ ခုနှစ်မတိုင်ခင် #စစ်အစိုးရခေတ်ကဖွင့်ဖူးတာပေါ့တဲ့။

မြို့လည်ခေါင်ဓားပြခဏခဏအတိုက်ခံရတာနဲ့ ဆိုင်ပိတ်ပြီးပြန်လာရတာတဲ့။ ဆူးလေနားကဆိုင်ထဲကို လူကြီးသားဆိုတဲ့အကောင်တွေရောက်လာရင် ကြိုက်တဲ့ပစ္စည်းကို သူ့အဖေပစ္စည်းလိုသဘောထားပြီး ယူချသွားတာပဲ။ ပါလာတဲ့သက်တော်စောင့်က နောက်ငွေလာချေမယ်ပြောပြီးဘယ်တော့မှပေါ်မလာဘူးတဲ့။ #မြို့လည်ခေါင်ဓားပြတိုက်ရဲတာ မင်းတို့ဆီမှာပဲရှိတယ်တဲ့။

ကျနော့်မှာရှက်လိုက်တာဆိုတာ။ ရဲတိုင်ပေါ့လို့ အငေါ်တူးလိုက်တော့ … ဟာကွာ … ဘယ်သွားတိုင်လို့ရမလဲတဲ့။ သူတို့ငြိုးရင်ပိုဆိုးတယ်တဲ့။ မင်တို့ဆီမှာ ဒါတင်မဟုတ်ဘူး အစိုးရလေလံတွေဆိုလည်း လူကြီးသားတွေပဲရတာတဲ့။ ဘယ်သူဘယ်လောက်ကြိုးစားကြိုးစား သူတို့က တီရှပ်နဲ့ခြေညှပ်ဖိနပ်နဲ့ ပုဆိုးနဲ့ ပမာမခန့် လာတာ။

ဒုဝန်ကြီးလောက်ကို ဂရုမစိုက်ပဲ presentation လုပ်တာတဲ့။ အချိန်တန်တော့ ဘာပရောဂျက်ဖြစ်ဖြစ် သူတို့ပဲရတာတဲ့။ သူတို့မလုပ်ချင်မှ ကတုံးပေါ်ထိပ်ကွက်ပြီး သူများကိုပြန်ချပေးတာတဲ့။ ဘယ်ပြောကောင်းမလဲဗျာ။ ပြောတာပြောတာဆိုတာ နားနဲ့မဆံ့ဘူး။ ကျနော်လည်း ပစ္စည်းလေးမပြီးခပ်သုတ်သုတ်ပြန်ထွက်လာရတာပေါ့။ “မြို့လည်ခေါင်ဓားပြတိုက်ရဲတာလူကြီးသားပဲရှိတယ်” ဆိုတဲ့စကားကို ဒီနေ့အထိနားထဲကမထွက်ဘူး။

crd-Richard Myo Thant