အေထြအေထြဗဟုသုတ

သီရိလင်္ကာနိုင်ငံမှ မြတ်စွာဘုရား ဆံတော်ရှင် အစစ်ပါ အများပြည်သူ အားလုံး ဖူးမျှော်နိုင်အောင် မျှဝေ ပေးလိုက်ရပါတယ် ပြန်လည် မျှဝေပေးကြပါဦး

အရွယ်သေးသော်လည်း အရေးကြွယ်သည့် ကျွန်းနိုင်ငံ ဗုဒ္ဓစာပေ ကျမ်းဂန်တို့၌ လင်္ကာဒီပဟု ထင်ရှားခဲ့သည့် ဂေါတမဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီး နောက်တွင် ဗုဒ္ဓအယူဝါဒ နေလိုလလို ထွန်းပခဲ့သော ကျွန်း၊ ယွန်းဆွမ်းအုပ်၏ ပုံသဏ္ဌာန်ကဲ့သို့ မြေမျက်နှာပြင်ရှိသည်။

မဟာဝံသ၊ ဒီပဝံသခေါ် ရှေးမှတ်တမ်းများဖြင့် ကျွန်းနိုင်ငံ၏ သမိုင်းများကို ထိန်းသိမ်း လာခဲ့သည်။ သီဟိုဠ်ကျွန်းနှင့် ကျေးကုလားများ၊ ပေါတူဂီနှင့် ဒတ်ချ်တို့ နယ်ချဲ့ပုံ၊ ဗြိတိသျှဓနသဟာယ အဖွဲ့ဝင်အဖြစ် အရေးပါပုံတို့ကို တင်ပြထားသည်။

ပြာလဲ့လဲ့ ပင်လယ် ရေပြင်ဖြင့် ဝိုင်းရံလျက် ရှိ၍ စိမ်းစို သာယာ လှပသော ရှုခင်းတို့ဖြင့် တင့်တယ် ရှုမောဖွယ်ရာ ဖြစ်သော သီဟိုဠ်ကျွန်းသည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အိမ်နီးချင်းလည်း ဖြစ်သည်။

ဗုဒ္ဓဝင် မဟာဝင် စသည့် မြန်မာ့စာပေ ကျမ်းဂန်ကြီးများ၌ ထင်ရှား ပါရှိသော လင်္ကာဒီပ ခေါ် သီဟိုဠ်ကျွန်း အကြောင်းကို ဗုဒ္ဓအယူဝါဒ မြန်မာ လူမျိုးများ အလွန် ကြားဖူးနားဝ ရှိနေကြလေသည်။ ဗုဒ္ဓဘာသာသည် နိုင်ငံတော် ဘာသာ ဖြစ်သည်။

crd

အ႐ြယ္ေသးေသာ္လည္း အေရးႂကြယ္သည့္ ကြၽန္းႏိုင္ငံ ဗုဒၶစာေပ က်မ္းဂန္တို႔၌ လကၤာဒီပဟု ထင္ရွားခဲ့သည့္ ေဂါတမဘုရားရွင္ ပရိနိဗၺာန္စံလြန္ေတာ္မူၿပီး ေနာက္တြင္ ဗုဒၶအယူဝါဒ ေနလိုလလို ထြန္းပခဲ့ေသာ ကြၽန္း၊ ယြန္းဆြမ္းအုပ္၏ ပုံသဏၭာန္ကဲ့သို႔ ေျမမ်က္ႏွာျပင္ရွိသည္။

မဟာဝံသ၊ ဒီပဝံသေခၚ ေရွးမွတ္တမ္းမ်ားျဖင့္ ကြၽန္းႏိုင္ငံ၏ သမိုင္းမ်ားကို ထိန္းသိမ္း လာခဲ့သည္။ သီဟိုဠ္ကြၽန္းႏွင့္ ေက်းကုလားမ်ား၊ ေပါတူဂီႏွင့္ ဒတ္ခ်္တို႔ နယ္ခ်ဲ႕ပုံ၊ ၿဗိတိသွ်ဓနသဟာယ အဖြဲ႕ဝင္အျဖစ္ အေရးပါပုံတို႔ကို တင္ျပထားသည္။

ျပာလဲ့လဲ့ ပင္လယ္ ေရျပင္ျဖင့္ ဝိုင္းရံလ်က္ ရွိ၍ စိမ္းစို သာယာ လွပေသာ ရႈခင္းတို႔ျဖင့္ တင့္တယ္ ရႈေမာဖြယ္ရာ ျဖစ္ေသာ သီဟိုဠ္ကြၽန္းသည္ ျပည္ေထာင္စု ျမန္မာႏိုင္ငံ၏ အိမ္နီးခ်င္းလည္း ျဖစ္သည္။

ဗုဒၶဝင္ မဟာဝင္ စသည့္ ျမန္မာ့စာေပ က်မ္းဂန္ႀကီးမ်ား၌ ထင္ရွား ပါရွိေသာ လကၤာဒီပ ေခၚ သီဟိုဠ္ကြၽန္း အေၾကာင္းကို ဗုဒၶအယူဝါဒ ျမန္မာ လူမ်ိဳးမ်ား အလြန္ ၾကားဖူးနားဝ ရွိေနၾကေလသည္။ ဗုဒၶဘာသာသည္ ႏိုင္ငံေတာ္ ဘာသာ ျဖစ္သည္။

crd