ၾကားသိရသမွ်

ေတာ္လွန္ေရး PDF ရဲေဘာ္တစ္ဦးရဲ့ ခ်စ္ရသူကို သတိရတမ္းတေနတဲ့စာလႊာေလး

Zawgyi

ေတာ္လွန္ေရး PDF ရဲေဘာ္တစ္ဦးရဲ့ ခ်စ္ရသူကို သတိရတမ္းတေနတဲ့စာလႊာေလး

“သတိရတယ္”

ကၽြန္ေတာ္ဒီကို စေရာက္ခဲ့ကတည္းက ခင္ဗ်ားနဲ႔ အဆက္အသြယ္ေတြ ပ်က္ခဲ့တာပါပဲ။ ခင္ဗ်ားနဲ႔ေဝးသြားတာ တစ္ႏွစ္ရွိၿပီတဲ့ “က်ဳပ္မယုံခ်င္ဘူးဗ်ာ”

မေန႔ကလိုပဲ။ ေနေကာင္းမယ္လို့ထင္ပါတယ္။ ကၽြန္ေတာ္ကေတာ့ အသက္ရွင္ေအာင္တစ္ရက္ခ်င္း ႀကိဳးပမ္းခဲ့ရတယ္။ မင္းတြဲခဲ့သမၽွ ေယာက္်ားေလးေတြထဲမွာ

ကိုယ္ကအသုံးမက်ဆုံးပဲလို့ မင္းေတြးမွာ။ မင္းကိုအရမ္းခ်စ္တယ္ဆိုၿပီး ေတာခိုသြားတယ္။ ဟာသပဲ။ ငါကတစ္ကိုယ္ေကာင္းဆန္တယ္။ မင္းကိုထားခဲ့ၿပီး စစ္ေျမျပင္ထဲ

ေန႔တိုင္းစိတ္ဆင္းရဲေအာင္၊ စိတ္ပူေအာင္ လုပ္မိေနခဲ့တယ္။ ငါျပန္ေတြးၾကည့္တိုင္း မင္းဟာ ငါ့ကို တိုင္းျပည္အတြက္ အသက္မစြန႔္ရဲေအာင္ လုပ္ထားတဲ့ေႏွာင္ႀကိဳးပဲ။ “ေႏွာင္ႀကိဳးကို

ဒို့လက္႐ုံးျဖင့္ ခ်ိဳးဖ်က္မေလ”ဆိုတဲ့ ကြန္ျမဴနစ္ေကာင္ေလးလည္း ယူနီေဖာင္း ခပ္ႏြမ္းႏြမ္းေဒါင့္က မင္းပုံေလးေတြ႕မိရင္

မ်က္ရည္က်ရတယ္။တိုက္ပြဲေတြၾကားမွာ ငါေသသြားမလားဆိုတာထက္ မင္းဘယ္ေလာက္ဝမ္းနည္းေနမလဲဆိုတာကို ပိုေတြးမိတယ္။

သတိရရဲ့လား …လို့ မေမးခ်င္ေတာ့ပါဘူး။

ကၽြန္ေတာ္ …ကေတာ့ …သတိရတယ္။

ဒါပါပဲ ……..

#MyanmarCeleChannel

Unicode

တော်လှန်ရေး PDF ရဲဘော်တစ်ဦးရဲ့ ချစ်ရသူကို သတိရတမ်းတနေတဲ့စာလွှာလေး

“သတိရတယ်”

ကျွန်တော်ဒီကို စရောက်ခဲ့ကတည်းက ခင်ဗျားနဲ့ အဆက်အသွယ်တွေ ပျက်ခဲ့တာပါပဲ။ ခင်ဗျားနဲ့ဝေးသွားတာ တစ်နှစ်ရှိပြီတဲ့ “ကျုပ်မယုံချင်ဘူးဗျာ”

မနေ့ကလိုပဲ။ နေကောင်းမယ်လို့ထင်ပါတယ်။ ကျွန်တော်ကတော့ အသက်ရှင်အောင်တစ်ရက်ချင်း ကြိုးပမ်းခဲ့ရတယ်။ မင်းတွဲခဲ့သမျှ ယောက်ျားလေးတွေထဲမှာ

ကိုယ်ကအသုံးမကျဆုံးပဲလို့ မင်းတွေးမှာ။ မင်းကိုအရမ်းချစ်တယ်ဆိုပြီး တောခိုသွားတယ်။ ဟာသပဲ။ ငါကတစ်ကိုယ်ကောင်းဆန်တယ်။ မင်းကိုထားခဲ့ပြီး စစ်မြေပြင်ထဲ

နေ့တိုင်းစိတ်ဆင်းရဲအောင်၊ စိတ်ပူအောင် လုပ်မိနေခဲ့တယ်။ ငါပြန်တွေးကြည့်တိုင်း မင်းဟာ ငါ့ကို တိုင်းပြည်အတွက် အသက်မစွန့်ရဲအောင် လုပ်ထားတဲ့နှောင်ကြိုးပဲ။ “နှောင်ကြိုးကို

ဒို့လက်ရုံးဖြင့် ချိုးဖျက်မလေ”ဆိုတဲ့ ကွန်မြူနစ်ကောင်လေးလည်း ယူနီဖောင်း ခပ်နွမ်းနွမ်းဒေါင့်က မင်းပုံလေးတွေ့မိရင်

မျက်ရည်ကျရတယ်။တိုက်ပွဲတွေကြားမှာ ငါသေသွားမလားဆိုတာထက် မင်းဘယ်လောက်ဝမ်းနည်းနေမလဲဆိုတာကို ပိုတွေးမိတယ်။

သတိရရဲ့လား …လို့ မမေးချင်တော့ပါဘူး။

ကျွန်တော် …ကတော့ …သတိရတယ်။

ဒါပါပဲ ……..

#MyanmarCeleChannel