သရုပ်ဆောင် ဖူးပွင့်သခင်အိမ်မှ ပစ္စည်းများခိုးယူထွက်ပြေးသည့် လင်မယား ဖမ်းဆီးရမိ
သရုပ်ဆောင် ဖူးပွင့်သခင်အိမ်မှ ပစ္စည်းများခိုးယူထွက်ပြေးသည့် လင်မယား ဖမ်းဆီးရမိ

သရုပ်ဆောင် ဖူးပွင့်သခင်အိမ်တွင် နေစရာမရှိလို့ သနားပြီး အိမ်အကူခေါ်ထားမိရာက
အိမ်တွင်းပစ္စည်းတွေ တစ်ခုမကျန် ခိုးယူထွက်ပြေးသွားသော လင်မယားနှစ်ယောက်ဖြစ်သည့် ဒေါ်အောင်မေဆန်း(ခေါ်) မေမြတ်နိုး နှင့် သူမ၏ ယောင်္ကျား ကျော်ဇင် တို့အားထန်းတစ်ပင်မြို့နယ်တွင် ဖမ်းဆီးရမိပြီးဟု သိရသည်။

မင်းသမီးခရီးသွားနေစဉ်မှာ ဖြစ်သွားတာလို့ သူမရဲ့ လူမှုကွန်ယက်မှာ အခုလို ရေးထားပါတယ်။
ကျွန်မ 17.12.2021 မှ 20.12.2021 ခရီးသွားနေစဉ်အချိန် ကျွန်မအိမ်တွင်အလုပ်လုပ်သူဒေါ်အောင်မေဆန်း ခေါ် မေမြတ်နိုးနှင့်သူမရဲ့အမျိုးသားကျော်ဇင် တို့လင်မယားနှစ်ယောက်ကိုယုံကြည်စိတ်ချစွာအိမ်ကိုအပ်နှံထားခဲ့ရာမှ

ကျွန်မ မရှိစဉ်အချိန် 20.12.2021 နေ့ရက်တွင်ကျွန်မ၏အိမ်တွင်းရှိပရိဘောဂပစ္စည်းများအဝတ်အထည်အသစ်များလက်ဝတ်ရတနာများဖောက်ယူခိုးပီးထွက်ပြေးသွားပါသည်။
ပစ္စည်းများ၏တန်းဖိုးများမှာ ယခုခန့်မှန်းခြေသိန်း ၅၀ ကျော်ခန့်ခိုးယူထွက်ပြေးသွားပါသည်။


Unicode
သရုပ်ဆောင် ဖူးပွင့်သခင်အိမ်မှ ပစ္စည်းများခိုးယူထွက်ပြေးသည့် လင်မယား ဖမ်းဆီးရမိ



