ၾကားသိရသမွ်

ကျပ် (၅၀၀) တန် အဝစား ဇလုံထမင်းဆိုင် ဖွင့်ထားတဲ့ စေတနာရှင်တဦးရဲ့ ရင်ထဲက ဝမ်းနည်းဖွယ်စကား

မြန်မာပြည် အနှံ့မှာ အခြေခံလူတန်းစားတွေအတွက် မြန်ကောင်းသက်သာ ကျပ် (၅၀၀) တန် ထမင်းဆိုင်တွေကို ပုံစံအမျိုးမျိုး၊ စနစ်အမျိုးမျိုးနဲ့ အပြိုင်အဆိုင် ဖွင့်လှစ်နေတာကို အားရ ကျေနပ်စွာ တွေ့မြင်နေရပါတယ်။

အလှူရှင်များကလည်း လိုလေးသေးမရှိ လှူကြသလို ဝေယျာဝစ္စလုပ်အားဒါန ပြလုပ်ကြတဲ့ စီစဉ်သူတွေကလည်း အားစိုက်ခွန်စိုက် နေ့မအား ညမနား လုပ်နေကြတာတဲ့ မြင်ကွင်းဟာ အလွန်ပဲ ပီတိ ဖြစ်ဖို့ ကောင်းပါတယ်။

ဒါပေမယ့်လည်း အလကားရရင် လေတောင် အဝရှူတယ်ဆိုတဲ့ စကားအတိုင်း တကိုယ်ကောင်းဆန်ပြီး အတ္တကြီးတဲ့လူ လူတချို့ကြောင့် အလှူရှင်တွေနဲ့ စေတနာရှင်တွေ စိတ်နှလုံး မသာမယာနဲ့ ဝမ်းနည်းမှုတွေ ကြုံတွေ့ ခဲ့ရပါတယ်။

မကွေးမြို့မှာ မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် အဝစား ဇလုံထမင်းဆိုင် ဖွင့်ထားတဲ့ စေတနာရှင် တဦးရဲ့ ရင်ထဲကလာတဲ့ ဝမ်းနည်းဖွယ် ခံစားချက်လေးကို ဖော်ပြပေးလိုက်ပါတယ်။

“မနက်ဖြန်ကစပြီး ဇလုံထမင်းအဝစား တစ်ပွဲ ၅၀၀ ယူတော့မယ်။ ၁၅.၁၂,၂၀၂၁ စိုက်ငွေ (၃၀၀၀၀)၊ ၁၆.၁၂.၂၀၂၁ စိုက်ငွေ (၇၀၀၀၀)၊ ၁၇.၁၂.၂၀၂၁ စိုက်ငွေ ၁၀၀၀၀၀၊ တရက်တည်း ၄ ကြိမ် လာစားသူတွေ တွေ့ရတယ်။ ၁၀ယောက်လောက် လာစားပြီး အလှူငွေလုံးဝ ထည့်မသွားသူတွေ တွေ့ရတယ်။

ရပိုင်ခွင့်လို့ ထင်နေတဲ့သူတွေ တွေ့ရတယ်။” (Nay Moe Swe Kyaw)

မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ထမင်းဆိုင်တွေရဲ့ ရည်ရွယ်ချက်ကိုက အခြေခံလူတန်းစားတွေ သက်သာချောင်ချိရေးပဲ ဖြစ်ပါတယ်။

ထမင်းတနပ်ကို အဆင်ပြေစွာ စားနိုင်သောက်နိုင်တဲ့ သူတွေအနေနဲ့ အခြေခံလူတန်းစားတွေကို ဦးစားပေးမှသာ ကျပ် (၅၀၀) တန် ထမင်းဆိုင်တွေ ရေရှည်ဆက်လက် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

အဲဒါကြောင့် ကျပ် (၅၀၀) တန် ထမင်းဆိုင်တွေဆိုတာ အလကား ကျွေးတဲ့ နေရာလို့ မမှတ်ယူသင့်ဘဲ အခြေခံ လူတန်းစားတွေကို ဦးစားပေးကြပါလို့ ဒီနေရာကနေ တိုက်တွန်း လိုက်ရပါတယ်။

Crd

(ZAWGYI)

ကျပ် (၅၀၀) တန် အဝစား ဇလုံထမင်းဆိုင် ဖွင့်ထားတဲ့ စေတနာရှင်တဦးရဲ့ ရင်ထဲက ဝမ်းနည်းဖွယ်စကား

မြန်မာပြည် အနှံ့မှာ အခြေခံလူတန်းစားတွေအတွက် မြန်ကောင်းသက်သာ ကျပ် (၅၀၀) တန် ထမင်းဆိုင်တွေကို ပုံစံအမျိုးမျိုး၊ စနစ်အမျိုးမျိုးနဲ့ အပြိုင်အဆိုင် ဖွင့်လှစ်နေတာကို အားရ ကျေနပ်စွာ တွေ့မြင်နေရပါတယ်။

အလှူရှင်များကလည်း လိုလေးသေးမရှိ လှူကြသလို ဝေယျာဝစ္စလုပ်အားဒါန ပြလုပ်ကြတဲ့ စီစဉ်သူတွေကလည်း အားစိုက်ခွန်စိုက် နေ့မအား ညမနား လုပ်နေကြတာတဲ့ မြင်ကွင်းဟာ အလွန်ပဲ ပီတိ ဖြစ်ဖို့ ကောင်းပါတယ်။

ဒါပေမယ့်လည်း အလကားရရင် လေတောင် အဝရှူတယ်ဆိုတဲ့ စကားအတိုင်း တကိုယ်ကောင်းဆန်ပြီး အတ္တကြီးတဲ့လူ လူတချို့ကြောင့် အလှူရှင်တွေနဲ့ စေတနာရှင်တွေ စိတ်နှလုံး မသာမယာနဲ့ ဝမ်းနည်းမှုတွေ ကြုံတွေ့ ခဲ့ရပါတယ်။

မကွေးမြို့မှာ မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် အဝစား ဇလုံထမင်းဆိုင် ဖွင့်ထားတဲ့ စေတနာရှင် တဦးရဲ့ ရင်ထဲကလာတဲ့ ဝမ်းနည်းဖွယ် ခံစားချက်လေးကို ဖော်ပြပေးလိုက်ပါတယ်။

“မနက်ဖြန်ကစပြီး ဇလုံထမင်းအဝစား တစ်ပွဲ ၅၀၀ ယူတော့မယ်။ ၁၅.၁၂,၂၀၂၁ စိုက်ငွေ (၃၀၀၀၀)၊ ၁၆.၁၂.၂၀၂၁ စိုက်ငွေ (၇၀၀၀၀)၊ ၁၇.၁၂.၂၀၂၁ စိုက်ငွေ ၁၀၀၀၀၀၊ တရက်တည်း ၄ ကြိမ် လာစားသူတွေ တွေ့ရတယ်။ ၁၀ယောက်လောက် လာစားပြီး အလှူငွေလုံးဝ ထည့်မသွားသူတွေ တွေ့ရတယ်။ ရပိုင်ခွင့်လို့ ထင်နေတဲ့သူတွေ တွေ့ရတယ်။” (Nay Moe Swe Kyaw)