ၾကားသိရသမွ်

တအိမ်လုံး အခိုးခံလိုက်ရလို့ ဒုက္ခအကြီးအကျယ် ရောက်နေချိန်မှာ ကူညီပေးခဲ့တဲ့ ကျေးဇူးရှင်အကြောင်း ပြောပြလာတဲ့ ဖူးပွင့်သခင်

သရုပ်ဆောင်မော်ဒယ် ဖူးပွင့်သခင် ကတော့ အနုပညာလောကမှာ ထင်ရှားသူဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတဦးပါ

ယနေ့မှာတော့ ဖူးပွင့်သခင်က သူမခရီးသွားနေစဉ်မှာ လက်ဝတ်ရတနာနဲ့ အဝတ်အထည်တွေ ခိုးယူခဲ့တဲ့ လူယုံလင်မယားကိုဖမ်းဆီးရမိပြီဖြစ်ပေမယ့် ခိုးရာပါတွေကို

တော့ ပြန်မရသေးဘူးလို့ သိရပါတယ်

ဒီလိုအခက်အခဲဖြစ်နေချိန်မှာ ပရဟိတမင်းသမီး ခိုင်နှင်းဝေက အကူအညီပေးခဲ့တဲ့အတွက် အဆင်ပြေသွားခဲ့ရတဲ့အကြောင်း ခုလို ပြောလာခဲ့တာပါ

” ဖူးကိုစိတ်ပူပြီး မေးမြန်းနေကြသောမိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းများကိုထက်မံအသိပေးစရာလေးရှိလို့ပါ ဖူး ကိုခြိမ်းခြောက်ဆဲဆိုပီးပစ္စည်းများခိုးယူ

သယ်ဆောင်ရာတွင်ပါဝင်သောမေမြတ်နိုး၏သားဖြစ်သူငြိမ်းချမ်းအောင်(ခေါ်)သီဟကို 24.12.2021နေပြည်တော်ပုဗ္ဗသီရိမြို့နယ်တွင်ထက်မံ ဖမ်းစီးရမိခဲ့ပါတယ်။

တန်ဖိုးရှိတဲ့ပစ္စည်းများကတော့အကုန်လုံးပြန်လည်မရရှိသေးပဲဆက်လက်စစ်ဆေးနေဆဲပါ။

ဝိုင်းဝန်းကူညီရှာဖွေဖမ်းစီးပေးကြသောသက်ဆိုင်ရာလူကြီးများအားအထူးပင်ေ ကျးဇူးတင်ရှိပါတယ်ရှင်…🙏🙏🙏ပြီတော့ ပစ္စည်းများခိုးခံခဲ့ရချိန် ငွေကြေး

အခက်အခဲဖြစ်နေတဲ့အချိန်မှာ အိမ်ထိကိုယ်တိုင်လာရောက် ငွေကြေးကူညီပေးတဲ့ မကြီးခိုင်နှင်းဝေ Khine Hnin Waiကိုလဲကျေးဇူးအများကြီးတင်ပါတယ်ရှင်🙏

🙏🙏💓💓💓” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိမိတို့ကိုယ်တိုင် သတိထားနိုင်ကြပါစေနော်..









