ၾကားသိရသမွ်

သူငယ်ချင်းတွေနဲ့ ကစားမည့်အချိန်ကိုလျှော့ပြီး မသန်စွမ်းဖြစ်သွားသော ဖခင်ဖြစ်သူကို တစ်နှစ်ပတ်လုံး ငြိုငြင်ခြင်းမရှိပဲ ပြုစုစောက့်ရှောက်ပေးနေသော သမီးလိမ္မာလေး

သူငယ်ချင်းတွေနဲ့ ကစားမည့်အချိန်ကိုလျှော့ပြီး မသန်စွမ်းဖြစ်သွားသော ဖခင်ဖြစ်သူကို တစ်နှစ်ပတ်လုံး ငြိုငြင်ခြင်းမရှိပဲ ပြုစုစောက့်ရှောက်ပေးနေသော သမီးလိမ္မာလေး…

လူသားတိုင်းက အပူအပင်ကင်းရှင်းလှသော ငယ်ရွယ်စဥ် ကလေးလေးဘဝကို ဖြစ်နိုင်ရင် တစ်ခါပြန်ရောက်ဖူးချင်ပေမယ့်လည်း

အချို့သော ကလေးငယ်တွေရဲ့ဘဝကတော့ အရွယ်နဲ့မလိုက်အောင် ခက်ခဲပင်ပန်းစွာ ကျော်ဖြတ်ကြရသည်။

သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ အသက်၁၁နှစ်အရွယ် ကလေးမလေးတစ်ဦးသည် ထူးဆန်းသည့်ရောဂါတစ်ခုကြောင့် နေမကောင်းဖြစ်ပြီး

မသန်စွမ်းဖြစ်သွားသော ဖခင်ဖြစ်သူကို တစ်နှစ်တာကာလပတ်လုံး ပြုစုစောင့်ရှောက်ပေးခဲ့ခြင်းဖြင့် သူမရဲ့အချိန်တွေကို ကုန်စေခဲ့သည်။

ကလေးမလေးသည် အိမ်မှာတစ်ဦးတည်းသော သမီးလေးဖြစ်သည့်အတွက် အရင်တုန်းက ပျော်ရွှင်ဖွယ်ကောင်းသည့် မိသားစုကမ္ဘာလေးကို ပိုင်ဆိုင်ခဲ့ရသော်လည်း

ဖခင်ဖြစ်သူနေမကောင်းဖြစ်ပြီးနောက် သူငယ်ချင်းတွေနဲ့ မပျော်ပါးရတော့ပဲ ကျောင်းမသွားခင်ချိန်လေးထိ ဖခင်ဖြစ်သူရဲ့ တစ်နေ့တာ လှုပ်ရှားမှုများကို ကူညီဆောင်ရွက်ပေးခဲ့ရသည်။

ကလေးမလေးတွင် မိခင်ဖြစ်သူတစ်ယောက်လုံးရှိသေးပေမယ့်လည်း မိခင်ကစားဝတ်နေရေးအတွက် ရပ်ကွက်ထဲရှိ ကုန်စုံဆိုင်တစ်ခုမှာ နေ့တိုင်းအလုပ်ဆင်းနေရသည့်အတွက် ဖခင်ဖြစ်သူကို ဂရုစိုက်ပေးမည့်အချိန်မရှိတာကြောင့်

သမီးလေးမှ ကျောင်းမသွားခင်ထိ ကြည့်ရှုပေးခဲ့ပြီး ကျောင်းသွားခါနီးမှာတော့ ဖခင်ကိုဝှီးချဲလ်လေးပေါ်မှာတင်ကာ မိခင်ဖြစ်သူအလုပ်လုပ်ရာနေရာသို့ ပို့ဆောင်ပေးခဲ့သည်။

ထိုအဖြစ်ကို မြင်တွေ့သူများမှာ ကျေးဇူးသိတတ်သော ကလေးမလေးအား ချီးကျူးကြရင်း

သူတို့မိသားစုအခက်အခဲလေး ပြေလည်သွားအောင် လူမှုကွန်ယက်တွင် မျှဝေခြင်းဖြင့် အကူအညီတောင်းခဲ့သည်။

Hlaing (Love Feeling)

Credit