ၾကားသိရသမွ်
ဒီမော့ဆိုတိုက်ပွဲတွင် အထိနာနေ၍ စစ်ကောင်စီက လေ ယာဉ် ၃ စီးဖြင့် ဗုံးကျဲ (ရုပ်/သံ)
ရန်ကုန်၊ ဒီဇင်ဘာ ၃၁
Video – CJ
Breaking News – ဒီမော့ဆိုတိုက်ပွဲတွင် အထိနာနေ၍ စစ်ကောင်စီက လေ ယာဉ် ၃ စီးဖြင့် ဗုံးကျဲ (ရုပ်/သံ)
ရန်ကုန်၊ ဒီဇင်ဘာ ၃၁
ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီမှစတင်ပြီ စစ်ကောင်စီတပ်နှင့် ဒီမော့ဆိုရှိ ပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိရာမှ ယနေ့ ညနေ ၃ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် လေယာဉ် ၃ စီးဖြင့် ဗုံးလာကျဲနေကြောင်း ဒေသခံများထံမှ သိရှိရသည်
“လေယာဉ်နဲ့ ဗုံးလာကျဲတယ်။ ပစ်လည်းပစ်တယ်။ တိုက်ပွဲဖြစ်တာ့ ဒီမော့ဆိုမြို့ထဲ ရဲစခန်းနဲ့ ငွေတောင်ဆည်နားမှာ။ မြို့ထဲမှာ ပစ်ခတ်သံတွေ အတိုင်းသားကြား နေရတယ်။
စစ်တပ်ဘက်က အထိနာတယ်လို့ ကြားတယ်။ အခုတော့ လေယာဉ်တွေနဲ့ လာပစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်
စစ်တပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်သံများကြားနေရပြီး လက် နက်ကြီးသံ အချက် ၇၀ နီးပါး ရှိကြောင်း၊ တောက်လျှောက်ဆိုသလိုပစ်ခတ်နေကြောင်း သိရှိရသည်
Video – CJ