အခ်စ္ေရး

ကောင်လေးတွေ တကယ်ချစ်လာတဲ့အခါ ချစ်သူကိုမေးတတ်တဲ့မေးခွန်း (၅)ချက်

ကောင်လေးတွေ တကယ်ချစ်လာတဲ့အခါ ချစ်သူကိုမေးတတ်တဲ့မေးခွန်း(၅)ချက်..

ကိုယ်ခုလက်ရှိတွဲနေတဲ့ ကောင်လေးက အခုဖော်ပြပေးမယ့် မေးခွန်းလေးတွေ မေးဖူးတယ် ဆိုရင်တော့ သင့်ကိုဘဝလက်တွဲဖော်အဖြစ် သတ်မှတ်ထားလို့ပါပဲ။

ကောင်လေးတွေ အနေနဲ့လည်း ကိုယ့်ရဲ့ ဘဝလက်တွဲဖော် ချစ်သူ မိန်းကလေးကို ဒီလိုမေးခွန်းလေးတွေ မေးထားသင့်ပါတယ်။

(၁) တွဲလာတဲ့တစ်လျှောက်လုံးဘာခံစားမိလဲ

ကောင်လေးအများစု မေးတတ်တဲ့ မေးခွန်းမျိုးပါပဲ။ အထူးသဖြင့် သင့်ကို လက်တွဲဖော်အဖြစ် သတ်မှတ်ထားသူက လေးလေးနက်နက်မေးတတျပါတယျ။ သငျနဲ့ခစြျသူရညျးစားဖွဈတဲ့ ကာလတဈလြှောကျလုံး အခစြျကို ဘယျလိုခံစားမိလဲ ဆိုတာကို sharing လုပျတတျပါတယျ

ဘာလို့လဲဆိုတော့ ချစ်သူအဖြစ် တွဲလာတဲ့ ကာလအတွင်းမှာ သူ့ကြောင့် အချစ်ကို ဘယ်လို ခံစားမိတယ်၊ပျော်ရွှင်ရတာများလား၊ ပြဿနာတွေများခဲ့လားဆိုတာကို သုံးသပ်ပြီး အမှားများကို ပြင်ဆင်ဖို့ အသင့်ရှိနေသူတွေက ဒီလိုမေးခွန်းမျိုး မေးတတ်ပါတယ်။ ဒါက သင့်ကိုတကယ်ချစ်လို့သာ မေးတာပါ

(၂) ဘဝမှာ အပျော်ဆုံးအချိန်နဲ့ ဝမ်းနည်းရဆုံးအချိန်ကဘာလဲ

သင့်ကို သူ့ဘဝထဲ ဆွဲခေါ်ဖို့အတွက် သင့်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းကိုလည်း သူစပ်စုချင်နေပါပြီ။သင့်အပေါ် မြတ်နိုးတန်ဖိုးထားသူက သင့်ဘဝမှာ ဖြစ်ပျက်ခဲ့တဲ့ အရာလေးတွေကအစ စိတ်ဝင်စား နေတတ်ပါတယ်။

ဒါ့ကြောင့် သင့်ဘဝရဲ့ အပျော်ရွှင်ရဆုံးအချိန်၊ ဝမ်းနည်းရဆုံး အချိန်တွေကို မေးပြီးသေချာနားထောင်ပေးတတ်တဲ့သူက သင့်ဘဝရဲ့ လက်တွဲဖော်ကောင်း တစ်ယောက်ပါပဲ။

(၃) ကိုယ်တို့နှစ်ဦးရဲ့ အချစ်ကိုဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုလဲ

အချစ်ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို မေးတာကတော့ ချစ်သူစုံတွဲတွေတိုင်း မေးတတ်တဲ့ မေးခွန်းမျိုးပါပဲ။တကယ်ချစ်တတ်တဲ့ ကောင်လေးတွေကျတော့ ကိုယ်တို့နှစ်ဦးရဲ့ အချစ်ရေးကို ဘယ်လို သဘော ထားလဲ ဆိုတဲ့အပေါ်ပဲ ဂရုစိုက်ကြတာ များပါတယ်။

သင့်အနေနဲ့ နှစ်ဦးသား အချစ်ရေးကို ဘယ်လောက် ထိ စဉ်းစားထားလဲ၊ရေရှည်အတွက် ဘယ်လိုတွေးတောထားလဲ ဆိုတာကို စမ်းသပ်တဲ့ အနေနဲ့ မေးတတ်တဲ့ မေးခွန်းမျိုးပါ။

(၄) အိမ်ထောင်ရေးတစ်ခုမှာဘာတွေလိုအပ်လဲ

အိမ်ထောင်တစ်ခု တည်ထောင်ဖို့အတွက် ဘာတွေလိုအပ်လဲ၊ ဘယ်လိုဖြစ်စေချင်လဲ ဆိုတာကိုလည်းတကယ်ချစ်တဲ့ကောင်လေးတွေက သူတို့ချစ်သူရဲ့ သဘောထားကို မေးမြန်းတတ်ကြပါသေးတယ်။

ကောင်မလေးပြောတဲ့ လိုအပ်ချက်တွေ၊ ဖြစ်ချင်တဲ့ ဆန္ဒတွေ၊ ဘယ်အချိန်လောက် အိမ်ထောင်ပြုမယ် စတာတွေအတွက် အကောင်းဆုံး ကြိုးစားပြင်ဆင်ဖို့ အတွက် အဆင်သင့်ရှိနေ တတ်သူတွေပါ

(၅) မိသားစု၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးချင်လား

သင့်ကိုဘဝလက်တွဲဖော်အဖြစ် သတ်မှတ်ထားတဲ့ ကောင်လေးကတော့ သင့်ရဲ့ မိသားစု၊ အသိုင်းအဝိုင်းကြားမှာ သင့်ရဲ့ချစ်သူအဖြစ် ထင်ထင်ပေါ်ပေါ် တွဲချင်ကြပါတယ်။

မိသားစုနဲ့ မိတ်ဆက်ပေးခိုင်းတာ၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးခိုင်းတာက သင့်ကိုတကယ်ချစ်လို့ သင့်ပတ်ဝန်းကျင်က လူတွေနဲ့ ရင်းနှီးကျွမ်းဝင်ချင်တဲ့ သဘောပါပဲ။

Credit:မူရင်းရေးသားသူ