ၾကားသိရသမွ်

မွေးရာပါ မျက်မမြင်ဖြစ်နေသော သမီးလေးအား မည်သူ့အကူအညီမှ မပါပဲ ဘဝကိုတစ်ယောက်တည်းဖြတ်သန်းနိုင်အောင် လေ့ကျင့်ပေးနေသော မိခင်တစ်ဦး

တရုတ်နိုင်ငံ Heilongjiangပြည်နယ် Harbinမြို့တွင် နေထိုင်သော မိခင်တစ်ဦးသည် သမီးလေးတစ်ယောက်ရှိရာ ကံဆိုးစွာပဲ မွေးကတည်းက မျက်မမြင်လေးဖြစ်နေတာကြောင့် အစစအရာရာ ဂရုစိုက်ပြီး ပြုစုပျိုးထောင်ပေးခဲ့ရသည်။

ထို့ကြောင့်ပဲ မိခင်ဖြစ်သူသည် လစာကောင်းမွန်သော အလုပ်ကနေထွက်ခဲ့ပြီး နယ်ကခင်ပွန်းသည်ထည့်ပေးသည့် ပိုက်ဆံကိုသာ အဆင်ပြေသလိုသုံးခဲ့ရင်း သမီးလေးကို သူမရဲ့အချိန်တွေအားလုံးပေးခဲ့ကာ နေရင်းနဲ့ သူမအတွေးထဲ စိုးရိမ်စရာတစ်ခု ဝင်လာခဲ့သည်။

မိခင်ဖြစ်သူသည် သမီးလေးမှာ သူမမရှိတော့သည့်နောက်ပိုင်း ခိုကိုးရာမဲ့ဖြစ်ပြီး မလုပ်တတ်မကိုင်တတ်နှင့် ဒုက္ခရောက်နေမည်ကို စိုးရိမ်ခဲ့ပြီး သမီးလေးအား အရာရာတိုင်းကို မည်သူ့အကူအညီမှ မပါပဲ တစ်ယောက်တည်းလုပ်ကိုင်နိုင်ရန်အတွက် ကျောင်းသွားသည့်အခါမှာလည်း အရင်လိုလိုက်မပို့တော့ပဲ တစ်ယောက်တည်း သွားခိုင်းခဲ့သည်။

အမှန်တကယ်တော့ မိခင်ဖြစ်သူသည် သမီးလေးရဲ့နောက်ကနေ တိတ်တိတ်လေး လိုက်ပါသွားကာ တစ်လမ်းလုံး စောင့်ကြည့်နေပေးခဲ့ပြီး သမီးလေးမှ ဘဝကိုလွယ်လွယ်ကူကူဖြတ်သန်းနိုင်အောင် လေ့ကျင်ပေးနေသော ပုံရိပ်လေးသည် လူအများရဲ့ ရင်ထဲကိုထိမိစေခဲ့သည်။

Rain (For Ialinks)

Unicode