ၾကားသိရသမွ်

ေယာက်ၤားမယူဘဲ ကေလး သုံးမႊာပူး ေမြးပစ္လိုက္တဲ့ တ႐ုတ္လုပ္ငန္းရွင္ အမ်ိဳးသမီး ( ေယာက်ားေတာ့မယူဘူး နည္းပညာေတာ့ ကူတယ္ သုတ္ပိုးကေတာ့ အဂၤလိပ္သုတ္ပိုး …..)

ေယာက်ၤားမယူဘဲ ကေလး သုံးမႊာပူး ေမြးပစ္လိုက္တဲ့ တ႐ုတ္လုပ္ငန္းရွင္ အမ်ိဳးသမီး ( ေယာက်ားေတာ့မယူဘူး နည္းပညာေတာ့ ကူတယ္ သုတ္ပိုးကေတာ့ အဂၤလိပ္သုတ္ပိုး …..)

နည္းပညာအကူအညီနဲ႔ ေယာက်ၤားမယူေတာ့ဘဲ ကေလးအေမျဖစ္ဖို႔ ေ႐ြးခ်ယ္လာၾကတဲ့ ေအာင္ျမင္ေနတဲ့တ႐ုတ္အမ်ိဳးသမီး စီးပြါးေရးသမားေတြဟာ တ႐ုတ္အမ်ိဳးသားထုႀကီးရဲ႕ ေဝဖန္မႈဒဏ္ကို ခံေနၾကရပါတယ္။ IVF နည္းပညာသုံးကာ ျပည္ပထြက္ၿပီး ကိုယ္ဝန္ရေအာင္လုပ္ကာ အမႊာပူး (၃) ေယာက္ တခါတည္းေမြးခဲ့တဲ့ သူမအား တကိုယ္ေကာင္းဆန္လြန္းသူ၊

ဖတဆိုးကေလးေတြရဲ႕ဘဝဟာ မျပည့္စုံႏိုင္ဘူးလို႔ ျပင္းျပင္းထန္ထန္ေဝဖန္ခံေနရပါတယ္။ သူမကေတာ့ လုံေလာက္တဲ့အခ်စ္ေတြရေနသ၍ မိသားစုဘဝဟာ ျပည့္စုံပါတယ္။ မိစုံဖစုံထက္ ကေလးေတြအတြက္ အခ်စ္ေတြကို လိုသေလာက္ေပးႏိုင္ရင္ ၿပီးတာပဲလို႔ ေခ်ပခဲ့ပါတယ္။ IVF နည္းပညာသုံး ကိုယ္ဝန္ရေအာင္လုပ္တာကို တ႐ုတ္ျပည္ေဆး႐ုံေတြမွာ

လက္ထပ္စာခ်ဳပ္မျပႏိုင္ရင္ လုပ္မေပးဖို႔ ဥပေဒအရ တားျမစ္ထားပါတယ္။ သူမဟာ အသက္ ၃၀ အ႐ြယ္အထိ သင့္ေလ်ာ္တဲ့ၾကင္ယာေတာ္ကိုရွာမေတြ႕ခဲ့တာေၾကာင့္ ထိုင္းကိုသြားကာ ခုလိုကိုယ္ဝန္ရဖို႔နည္းလမ္းသုံးၿပီး ကေလးအေမဘဝကို တက္လွမ္းႏိုင္ဖို႔စီစဥ္ခဲ့ရပါသတဲ့။ သူမဟာ အဂၤလိပ္လူမ်ိဳးတစ္ေယာက္ရဲ႕ သုတ္ပိုးကိုေ႐ြးခ်ယ္ခဲ့ရတာနဲ႔ ပတ္သက္ၿပီး

သူမမ်က္စိထဲမယ္ ကျပားေတြက ပိုလွတယ္လို႔ ထင္လို႔ပါလို႔ ဆိုပါတယ္။ ခုေတာ့ သား ၂ ေယာက္ သမီး ၁ ေယာက္ရဲ႕ ခ်စ္စဖြယ္မ်က္ႏွာေလးေတြေန႔တိုင္းၾကည့္ၿပီး ပီတိျဖစ္ရတာနဲ႔တင္ သူမေ႐ြးခ်ယ္မႈ မွန္တယ္လို႔ခံစားရပါသတဲ့။ တေန႔ကေလးေတြ ႀကီးလာတဲ့အခါ သူတို႔ဖတဆိုးဘဝေရာက္ေအာင္ ေမေမဘာေၾကာင့္ေ႐ြးခဲ့ရသလဲဆိုတာကို ရွင္းျပလိုက္ရင္

နားလည္ၾကမယ္လို႔ သူမက ယုံၾကည္ေနပါတယ္။ ခုေတာ့ သူမအေမနဲ႔ အေဒၚတစ္ေယာက္က ကေလးေတြကို ကူထိန္းေပးေနၾကရပါသတဲ့။ သူမအတြက္ အႀကီးဆုံးျပသနာက ကေလး ၃ ေယာက္က တၿပိဳင္နက္ထဲ ပူဆာတဲ့အခါမွာ အားလုံးစိတ္ဆႏၵေတြကို အလိုက်ေျဖရွင္းေပးဖို႔ မလြယ္ကူတာပါပဲ။ ဥပမာ အားလုံးက ဖက္ေစခ်င္တဲ့အခါမ်ိဳးမယ္ သူမအဖို႔

တႀကိမ္မွာတေယာက္ပဲ ဖက္ေပးခြင့္ရလို႔ က်န္ကေလးေတြက မေက်နပ္ၾကပါဘူး။ အဲအခါ သူမအေမနဲ႔အေဒၚက ဝင္ေရာက္ကူညီၿပီး ဖက္ေပးၾကရပါတယ္။ အမ်ိဳးသားထုႀကီးက ကန႔္ကြက္ေဖာင္းထုေနၾကေပမယ့္ သူမဘဝဟာ မေရတြက္ႏိုင္တဲ့ အမ်ိဳးသမီးထုႀကီးရဲ႕ အိမ္မက္တစ္ခုပဲလို႔ အြန္လိုင္းေပၚက အမ်ိဳးသမီးေတြက ခ်ီးက်ဴးစကားဆိုၾကပါတယ္။

crd-Francis Zin

ယူနီကုတ္

ယောင်္ကျားမယူဘဲ ကလေး သုံးမွှာပူး မွေးပစ်လိုက်တဲ့ တရုတ်လုပ်ငန်းရှင် အမျိုးသမီး ( ယောကျားတော့မယူဘူး နည်းပညာတော့ ကူတယ် သုတ်ပိုးကတော့ အင်္ဂလိပ်သုတ်ပိုး …..)

နည်းပညာအကူအညီနဲ့ ယောင်္ကျားမယူတော့ဘဲ ကလေးအမေဖြစ်ဖို့ ရွေးချယ်လာကြတဲ့ အောင်မြင်နေတဲ့တရုတ်အမျိုးသမီး စီးပွါးရေးသမားတွေဟာ တရုတ်အမျိုးသားထုကြီးရဲ့ ဝေဖန်မှုဒဏ်ကို ခံနေကြရပါတယ်။ IVF နည်းပညာသုံးကာ ပြည်ပထွက်ပြီး ကိုယ်ဝန်ရအောင်လုပ်ကာ အမွှာပူး (၃) ယောက် တခါတည်းမွေးခဲ့တဲ့ သူမအား တကိုယ်ကောင်းဆန်လွန်းသူ၊

ဖတဆိုးကလေးတွေရဲ့ဘဝဟာ မပြည့်စုံနိုင်ဘူးလို့ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရပါတယ်။ သူမကတော့ လုံလောက်တဲ့အချစ်တွေရနေသ၍ မိသားစုဘဝဟာ ပြည့်စုံပါတယ်။ မိစုံဖစုံထက် ကလေးတွေအတွက် အချစ်တွေကို လိုသလောက်ပေးနိုင်ရင် ပြီးတာပဲလို့ ချေပခဲ့ပါတယ်။ IVF နည်းပညာသုံး ကိုယ်ဝန်ရအောင်လုပ်တာကို တရုတ်ပြည်ဆေးရုံတွေမှာ

လက်ထပ်စာချုပ်မပြနိုင်ရင် လုပ်မပေးဖို့ ဥပဒေအရ တားမြစ်ထားပါတယ်။ သူမဟာ အသက် ၃၀ အရွယ်အထိ သင့်လျော်တဲ့ကြင်ယာတော်ကိုရှာမတွေ့ခဲ့တာကြောင့် ထိုင်းကိုသွားကာ ခုလိုကိုယ်ဝန်ရဖို့နည်းလမ်းသုံးပြီး ကလေးအမေဘဝကို တက်လှမ်းနိုင်ဖို့စီစဉ်ခဲ့ရပါသတဲ့။ သူမဟာ အင်္ဂလိပ်လူမျိုးတစ်ယောက်ရဲ့ သုတ်ပိုးကိုရွေးချယ်ခဲ့ရတာနဲ့ ပတ်သက်ပြီး

သူမမျက်စိထဲမယ် ကပြားတွေက ပိုလှတယ်လို့ ထင်လို့ပါလို့ ဆိုပါတယ်။ ခုတော့ သား ၂ ယောက် သမီး ၁ ယောက်ရဲ့ ချစ်စဖွယ်မျက်နှာလေးတွေနေ့တိုင်းကြည့်ပြီး ပီတိဖြစ်ရတာနဲ့တင် သူမရွေးချယ်မှု မှန်တယ်လို့ခံစားရပါသတဲ့။ တနေ့ကလေးတွေ ကြီးလာတဲ့အခါ သူတို့ဖတဆိုးဘဝရောက်အောင် မေမေဘာကြောင့်ရွေးခဲ့ရသလဲဆိုတာကို ရှင်းပြလိုက်ရင်

နားလည်ကြမယ်လို့ သူမက ယုံကြည်နေပါတယ်။ ခုတော့ သူမအမေနဲ့ အဒေါ်တစ်ယောက်က ကလေးတွေကို ကူထိန်းပေးနေကြရပါသတဲ့။ သူမအတွက် အကြီးဆုံးပြသနာက ကလေး ၃ ယောက်က တပြိုင်နက်ထဲ ပူဆာတဲ့အခါမှာ အားလုံးစိတ်ဆန္ဒတွေကို အလိုကျဖြေရှင်းပေးဖို့ မလွယ်ကူတာပါပဲ။ ဥပမာ အားလုံးက ဖက်စေချင်တဲ့အခါမျိုးမယ် သူမအဖို့

တကြိမ်မှာတယောက်ပဲ ဖက်ပေးခွင့်ရလို့ ကျန်ကလေးတွေက မကျေနပ်ကြပါဘူး။ အဲအခါ သူမအမေနဲ့အဒေါ်က ဝင်ရောက်ကူညီပြီး ဖက်ပေးကြရပါတယ်။ အမျိုးသားထုကြီးက ကန့်ကွက်ဖောင်းထုနေကြပေမယ့် သူမဘဝဟာ မရေတွက်နိုင်တဲ့ အမျိုးသမီးထုကြီးရဲ့ အိမ်မက်တစ်ခုပဲလို့ အွန်လိုင်းပေါ်က အမျိုးသမီးတွေက ချီးကျူးစကားဆိုကြပါတယ်။

crd-Francis Zin