ၾကားသိရသမွ်

စားဝတ်နေရေးခက်ခဲပေမယ့် ဆွမ်းခံကြွသံဃာတော်ကို ပါလာတဲ့ရိက္ခာတွေ လှူဒါန်းခဲ့တဲ့ PDF လူငယ်လေးများ

ဆွမ်းခံကြွ သံဃာတော်ကို စားဝတ်နေရေးခက်ခဲပေမယ့် ပါလာတဲ့ရိက္ခာတွေ လှူဒါန်းခဲ့တဲ့ PDF လူငယ် လေးများ ဒီကနေ့ ဒီဇင်ဘာလ(၁) ရက်နေ့ ဆိုရင် တော်လှန် ရေးတိုက် ပွဲကြီး စတင်ခဲ့တာ (10) လတိတိ ပြည့်သွားခဲ့ပြီဖြစ်ပြီး ပြည်သူတွေအသက်ပေါင်းများစွာ

ပေးဆပ်ခဲ့ကြတာလည်း (၁၀)လပြည့်ခဲ့ပါပြီ။ အကြမ်းဖက်မှု တွေကြောင့် မျိုးဆက်သစ် လူငယ်တွေမှာ လည်း ရရာလက်နက်ဆွဲ တော်လှန် နေ ကြ သလို တောထဲ မှာ စစ်ရေး လေ့ ကျင့် နေကြ ရတာပဲဖြစ်ပါတယ်။

အခက် အခဲတွေ မျိုးစုံ နဲ့ တောထဲ တောင်ထဲ ပင်ပန်းဆင်းရဲ မှုတွေကို ရင်ဆိုင် ဖြတ်သန်းကာ တော်လှန် ရေးအတွက် ကြိုးစားနေ ကြပေမယ့် ဘာသာရေးနဲ့ ကုသိုလ် တရားတွေကို မမေ့ လျော့ကြ တာ တွေ့နေ ရပါတယ်။

PDF လူငယ် လေးတွေ ကတော့ တောထဲ မှာ စားဝတ် နေရေးအခက်ခဲ တွေနဲ့ အနေဆင်းရဲ အစား ဆင်းရဲတာတွေ ရှိပေ မယ့်လည်း လမ်းမှာတွေ့တဲ့ ဆွမ်းခံကြွ သံဃာတော်ကို ပါလာတဲ့ ရိက္ခာတွေ လှူ ဒါန်းခဲ့ကြတာ ဖြစ်ပါ တယ်။

မြန်မာ-ထိုင်းနယ် စပ် ရှိ PDF စခန်းတစ်ခုမှ လူငယ်များဟာ လမ်းခုလပ် တနေရာမှာတွေ့ ခဲ့ရတဲ့ ဆွမ်းခံကြွ သံဃာတော်ကို သူတို့မှာ ပါလာတဲ့ ရိက္ခာ တွေ ကို သဒ္ဓါတရား ထက်သန်စွာ ရိုရို သေသေနဲ့ လှူဒါန်းခဲ့ တာက တကယ်ကို လေးစားချီးကျူးစရာ ပဲဖြစ်ပါတယ်။

အသက် ငယ်ရွယ်တဲ့ လူငယ်တွေ ဖြစ်ပေမယ့် စိတ်နေစိတ်ထား မြင့်မားကြပြီး ကုသိုလ် ရေးတွေ မမေ့ လျော့ဘဲ ရှိတာ လေးတွေ ခွဲဝေလှူဒါန်း ကုသိုလ်ယူခဲ့ကြတာဟာ မြင်ရသူ အဖို့ ကြည်နူးစရာကောင်းတာ ကြောင့် တင် ဆက် မျှဝေ ပေးလိုက် ပါတယ်။ ဖတ် ရှူ့ ပေးတဲ့ ပရိတ်သတ် ကြီးလည်း ပျော်ရွှင်သော နေ့ရက် များကို ပိုင်ဆိုင် နိုင်ပါစေနော်။

Zawgyi





