ကြားသိရသမျှ

မြစ်ကြီးနားမြို့ လမ်းလျှောက် သင်္ကြန် ပစ်ခတ်မှုဖြစ်ပွား ရုပ်/သံ

လမ်းလျှောက် သင်္ကြန်ပြု လုပ်နေသည့် မြစ်ကြီးနားမြို့ ပြည်သူ့ အားကစား ကွင်းတွင် ပြစ်ခတ်မှုဖြစ်ပွား ရုပ်/သံ အောက်ဆုံးတွင် ရုပ်သံဖိုင်ပါပါသည်








လမ်းလျှောက် သင်္ကြန်ပြု လုပ်နေသည့် မြစ်ကြီးနားမြို့ ပြည်သူ့ အားကစား ကွင်းတွင် ပြစ်ခတ်မှုဖြစ်ပွား ရုပ်/သံ

မြစ်ကြီးနား – ဧပြီ ၁၅၊ ၂၀၂၂

မြစ်ကြီးနားမြို့ ပြည်သူ့ အားကစားကွင်း သို့မဟုတ် ပြည်သူ့ ရင်ပြင်တွင် ယနေ့ညနေ ၅ နာရီ ခန့်က ပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်

မည်သည့် အဖွဲ့အစည်းက ပြစ်ခတ်ခဲ့သည်ကို မသိ ရသော်လည်း ကားပေါ်မှ ဆင်းလာပြီး ပြစ်ခတ်ခဲ့ခြင်း

ဖြစ်သည်ဟု မျက်မြင်သက်သေတစ်ဦးက The 74 ကို ပြောသည်

အဲ့ရှေ့နား ရောက်တာနဲ့ အသံကြား ရတော့တာပဲ ဈေးသည်‌ ပြောတာတော့ ကားနဲ့ လာပြီး ကားကရပ်ထားတာ

ခဏနေတော့ ကားပေါ်ကဆင်း ကျည်ကာတွေ ထုတ်ဝတ်ပြီး ပြစ်‌တော့တာတဲ့ လူတွေလဲ ဝရုန်းသုန်းကားနဲ့‌ ပြေး‌နေတာ ကားတွေလည်း တိုက်လို့ ဟု ဆိုသည်

ပြစ်ခတ်မှုကြောင့် လူအများ ထွက်ပြေး နေကြပြီး ထိခိုက် ဒဏ်ရာရရှိသူ ရှိ၊ မရှိကို စုံစမ်းနေ ဆဲဖြစ်သည်

ဒေသအခေါ် ပြည်သူ့ရင် ပြင်နေရာတွင် ယနေ့ နေ့လယ်ပိုင်းမှ စတင်ကာ လာရောက် ပျော်ပါးသူအချို့ ရှိနေသည်ဟု သိရသည် Crd-The 74 Media

Video Player

00:00
00:13




