ဗိုက်ဆာလိုက်တာ သားရယ်…ထမင်းလေး စားချင်လို့ ဝယ်ကျွေးပါလား 😥😥
အဖွား အသက်(၈၅)နှစ်တဲ့…
မျက်စိ မမြင်ပါဘူး 😥 လက်ချောင်းတွေလဲ မရှိပါဘူး 😥
တူ (၁)ယောက်နဲ့ နေတယ်တဲ့…
ပတ်ဝန်းကျင်ကပြောပြချက်အရ…တူ ဖြစ်သူက စိတ်မနှံ့ဘူးတဲ့…အဖွားကိုလဲ ရိုက်နှက်တာတွေ ရှိတယ်တဲ့ 😡
ထမင်းလဲ မကျွေးဘူးတဲ့…ပုတ်သိုးနေတာတွေပဲ ကျွေးတယ်လို့ သိရှိရပါတယ် 😥
အဖွား အရှေ့က ဖြတ်သွားတော့…..
ဗိုက်ဆာလိုက်တာ…ထမင်းလေး စားချင်လို့ ဝယ်ကျွေးပါလားတဲ့ 😥😥
အဖွားနဲ့ စကားစပြောတော့…
သားက အဖွားကို ကယ်မဲ့သူမလား တဲ့ 😥
အဖွားကို မပစ်ထားပါနဲ့နော်…အဖွားဆီလဲ မကြာ မကြာ လာပါနော် တဲ့ 😥
အဖွား ဘိုးဘွားရိပ်သာ သွားချင်လား မေးကြည့်တော့…အဖွား ဒီနေရာလေးမှာပဲ ခေါင်းချချင်ပါတယ် တဲ့ 🥺
ပတ်ဝန်းကျင်ပြောပြချက်အရ…တူ ဖြစ်သူက အရမ်းအနိုင်ကျင့်တယ်လို့ ပြောတယ် 😡
ထိုကြောင့်…အဖွား အတွက် လတ်တလော ထမင်းစားဖို့လေး စီစဉ်ပေးခဲ့တယ်
အဖွားရေ…ရော့ 50,000 Ks 🙏🏻
အဖွား ထမင်းစားဖို့ နဲ့ အဖွား စားချင်တာ စားလို့ရအောင်ပါနော်
သားရေ…အများကြီးပါလား…အဖွား အဲ့လောက်ပိုက်ဆံတွေ မလိုပါဘူး သားရယ် 😥
အဖွား စားချင်တာ စားလို့ရအောင်ပါ… အဖွား သေချာသိမ်းထားနော် 😥🙏🏻
ကျေးဇူးတင်လိုက်တာ သားရယ်…အဖွားကို ကယ်ပါနော်…မပစ်ထားပါနဲ့နော်…မကြာ မကြာ လာခဲ့ပေးပါနော်…အဖွား အားကိုးပါရစေနော် 🥺😥
ဟုတ် အဖွား…သား ပြန်လာခဲ့မယ် အဖွားကို ကယ်နိုင်အောင် ကြိုးစားမယ်နော် 😥🙏🏻
ကျေးဇူးပါ သားရယ်…သားကို မမြင်ရပေမဲ့ အသံလေးကြားတာနဲ့တင် အဖွား အားရှိပါတယ် 😥 အဖွား မျှော်နေမယ်နော်
** အဖွားရဲ့တူ အနိုင်ကျင့်တဲ့ ရန်ကို ကြောက်လို့ ပိုက်ဆံ အများကြီး မပေးခဲ့တာပါ 🙏🏻
•အော…ဗိုက်ဆာနေတာလား အဖွားရယ်…သား အမြဲ ကျွေးနိုင်အောင် ကြိုးစားပါ့မယ် 😥😥
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
#ကိုပူတူးနှင့်ဘော်ဒါများ
☎ 09-5408437
Post navigation