ဗဟုသုတ

မနက်အိပ်ယာ နိုးနိုးချင်း လုံးဝ လုံးဝ မလုပ်သင့်တဲ့ အရာများ…

မနက်အိပ်ယာ နိုးနိုးချင်း လုံးဝ လုံးဝ မလုပ်သင့်တဲ့ အရာများ

ကိုယ့်ရဲ့တစ်နေ့တာလှုပ်ရှားဆောင်ရွက်မှုတွေဟာ မနက်ခင်း အိပ်ရာနိုးနိုးခြင်းနဲ့ စတင်ပါတယ်။ မလုပ်သင့်တာတွေကို လုပ်နေရင်းက လုပ်သင့်တာတွေကို မလုပ်ဖြစ်တဲ့အခါ ကိုယ်ပဲ နစ်နာရတာပါ။ ကျန်းမာရေးအတွက်သာမက ဘဝအောင်မြင်မှုအတွက်ပါ ကောင်းကျိုးတွေရဖို့ မနက်အိပ်ရာနိုးနိုးချင်းမှာ ဒါတွေကို မလုပ်မိဖို့ လိုပါတယ်နော်….

(၁) တစ်မှေးပြန်အိပ်ခြင်း

အိပ်ရာနိုးပြီဆိုတာနဲ့ တစ်မှေးလောက်ပြန်မှေးလိုက်ဦးမယ်ဆိုတာမျိုး မလုပ်ပါနဲ့။ ဦးနှောက်က အိပ်စက်မှုစက်ဝန်းကို ပြန်ဆွဲခေါ်သွားပါလိမ့်မယ်။ နောက်တစ်ကြိမ်ပြန်နိုးလာရင်လည်း မူးနောက်နောက်ကြီး ခံစားနေရ တတ်ပါတယ် …။

(၂) ကော်ဖီသောက်ခြင်း

ခန္ဓာကိုယ်မှာ လူကိုနိုးကြားစေတဲ့ ကော်တီဇောလို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး အလိုလိုထွက်ရှိနေပြီးသားပါ။ ကဖင်းဓာတ်ကြောင့် ခန္ဓာကိုယ်ရဲ့ ကော်တီဇောဟော်မုန်းထွက်ရှိမှု အနှောင့်အယှက်မဖြစ်ပါစေနဲ့။ အိပ်ရာနိုးနိုးချင်း ကော်ဖီသောက်လိုက်ရင် ကော်တီဇောဟော်မုန်းတွေ ထွက်ရှိမှု နည်းသွားမှာ ဖြစ်ပါတယ် …။

(၃) ဖုန်းချက်ချင်းကိုင်ခြင်း

မနက်အိပ်ရာနိုးနိုးချင်း ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကို ချက်ချင်းဖွင့်ပြီး တစ်ခုခု လုပ်တာမျိုးတွေလည်း ဆင်ခြင်သင့်ပါတယ် …။

(၄) အရေးမကြီးတဲ့ဆုံးဖြတ်ချက်တွေ

ဖေ့စ်ဘွတ်အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်ကတော့ မနက်ခင်းမှာ ဘာဝတ်ရမလဲဆိုတဲ့ အရေးမကြီးတဲ့ဆုံးဖြတ်ချက်တွေအတွက် အချိန်မပေးချင်လို့ ပုံစံတူ အရောင်တူဝတ်စုံပေါင်း ၂၀ ကို ထားရှိပြီး အသင့်ဝတ်ဆင်ပါသတဲ့။ကိုယ်ကတော့ ဒါမျိုးမလုပ်ချင်ဘူးဆိုရင် ညကတည်းက ဝတ်စုံကိုကြိုထုတ်ထားရုံပေါ့ …။

(၅) အမှောင်ထဲမှာ ဆက်နေခြင်း

အလင်းအမှောင်ဟာ ခန္ဓာကိုယ်ကို တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ မှောင်လာရင် အိပ်ရမယ်ဆိုတဲ့အသိ ဝင်နေပြီး လင်းနေရင်နိုးနေတတ်ပါတယ်။ ဒါကြောင့် အိပ်ရာနိုးပြီဆို အမှောင်ထဲမှာ ဆက်ပြီးမနေပါနဲ့တော့ …။

(၆) အိပ်ရာထဲမှာ ဆက်ပြီးလဲလျောင်းခြင်း

အိပ်ရာက နိုးပြီးဖြစ်လင့်ကစား ဆက်ပြီးလဲလျောင်းနေဦးမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွတ်မှာမဟုတ်ပါဘူး။ မနက်စာမစားခင်လေး လေ့ကျင့်ခန်းနည်းနည်းလောက်လုပ်လိုက်တာ ပိုအကျိုးရှိပါတယ်။ မနက်စာမစားမီ လေ့ကျင့်ခန်းလုပ်ခြင်းက အခြားအချိန်တွေမှာ လေ့ကျင့်ခန်းလုပ်တာထက် အဆီတွေကို ပိုပြီး လောင်ကျွမ်းစေနိုင်လို့ပါပဲ …။

(၇) လုပ်သင့်တာတွေကို ချက်ချင်းမလုပ်ဘဲနေခြင်း

ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ခြင်းက အကန့်အသတ်ရှိပါတယ်။ မနက်ခင်းမှာ ဘာတွေလုပ်ရမယ်ဆိုတာသိရင် အချိန်ဖြုန်းမနေဘဲ ချက်ချင်းထလုပ်လိုက်တာ အကောင်းဆုံးဖြစ်ပါတယ်နော် …။ ။

Zawgyi

မနက်အိပ်ယာ နိုးနိုးချင်း လုံးဝ လုံးဝ မလုပ်သင့်တဲ့ အရာများ

ကိုယ့်ရဲ့တစ်နေ့တာလှုပ်ရှားဆောင်ရွက်မှုတွေဟာ မနက်ခင်း အိပ်ရာနိုးနိုးခြင်းနဲ့ စတင်ပါတယ်။ မလုပ်သင့်တာတွေကို လုပ်နေရင်းက လုပ်သင့်တာတွေကို မလုပ်ဖြစ်တဲ့အခါ ကိုယ်ပဲ နစ်နာရတာပါ။ ကျန်းမာရေးအတွက်သာမက ဘဝအောင်မြင်မှုအတွက်ပါ ကောင်းကျိုးတွေရဖို့ မနက်အိပ်ရာနိုးနိုးချင်းမှာ ဒါတွေကို မလုပ်မိဖို့ လိုပါတယ်နော်.

(၁) တစ်မှေးပြန်အိပ်ခြင်း

အိပ်ရာနိုးပြီဆိုတာနဲ့ တစ်မှေးလောက်ပြန်မှေးလိုက်ဦးမယ်ဆိုတာမျိုး မလုပ်ပါနဲ့။ ဦးနှောက်က အိပ်စက်မှုစက်ဝန်းကို ပြန်ဆွဲခေါ်သွားပါလိမ့်မယ်။ နောက်တစ်ကြိမ်ပြန်နိုးလာရင်လည်း မူးနောက်နောက်ကြီး ခံစားနေရ တတ်ပါတယ် ။

(၂) ကော်ဖီသောက်ခြင်း

ခန္ဓာကိုယ်မှာ လူကိုနိုးကြားစေတဲ့ ကော်တီဇောလို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး အလိုလိုထွက်ရှိနေပြီးသားပါ။ ကဖင်းဓာတ်ကြောင့် ခန္ဓာကိုယ်ရဲ့ ကော်တီဇောဟော်မုန်းထွက်ရှိမှု အနှောင့်အယှက်မဖြစ်ပါစေနဲ့။ အိပ်ရာနိုးနိုးချင်း ကော်ဖီသောက်လိုက်ရင် ကော်တီဇောဟော်မုန်းတွေ ထွက်ရှိမှု နည်းသွားမှာ ဖြစ်ပါတယ် ။

(၃) ဖုန်းချက်ချင်းကိုင်ခြင်း

မနက်အိပ်ရာနိုးနိုးချင်း ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကို ချက်ချင်းဖွင့်ပြီး တစ်ခုခု လုပ်တာမျိုးတွေလည်း ဆင်ခြင်သင့်ပါတယ် ။

(၄) အရေးမကြီးတဲ့ဆုံးဖြတ်ချက်တွေ

ဖေ့စ်ဘွတ်အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်ကတော့ မနက်ခင်းမှာ ဘာဝတ်ရမလဲဆိုတဲ့ အရေးမကြီးတဲ့ဆုံးဖြတ်ချက်တွေအတွက် အချိန်မပေးချင်လို့ ပုံစံတူ အရောင်တူဝတ်စုံပေါင်း ၂၀ ကို ထားရှိပြီး အသင့်ဝတ်ဆင်ပါသတဲ့။ကိုယ်ကတော့ ဒါမျိုးမလုပ်ချင်ဘူးဆိုရင် ညကတည်းက ဝတ်စုံကိုကြိုထုတ်ထားရုံပေါ့ ။

(၅) အမှောင်ထဲမှာ ဆက်နေခြင်း

အလင်းအမှောင်ဟာ ခန္ဓာကိုယ်ကို တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ မှောင်လာရင် အိပ်ရမယ်ဆိုတဲ့အသိ ဝင်နေပြီး လင်းနေရင်နိုးနေတတ်ပါတယ်။ ဒါကြောင့် အိပ်ရာနိုးပြီဆို အမှောင်ထဲမှာ ဆက်ပြီးမနေပါနဲ့တော့ ။

(၆) အိပ်ရာထဲမှာ ဆက်ပြီးလဲလျောင်းခြင်း

အိပ်ရာက နိုးပြီးဖြစ်လင့်ကစား ဆက်ပြီးလဲလျောင်းနေဦးမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွတ်မှာမဟုတ်ပါဘူး။ မနက်စာမစားခင်လေး လေ့ကျင့်ခန်းနည်းနည်းလောက်လုပ်လိုက်တာ ပိုအကျိုးရှိပါတယ်။ မနက်စာမစားမီ လေ့ကျင့်ခန်းလုပ်ခြင်းက အခြားအချိန်တွေမှာ လေ့ကျင့်ခန်းလုပ်တာထက် အဆီတွေကို ပိုပြီး လောင်ကျွမ်းစေနိုင်လို့ပါပဲ ။

(၇) လုပ်သင့်တာတွေကို ချက်ချင်းမလုပ်ဘဲနေခြင်း

ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ခြင်းက အကန့်အသတ်ရှိပါတယ်။ မနက်ခင်းမှာ ဘာတွေလုပ်ရမယ်ဆိုတာသိရင် အချိန်ဖြုန်းမနေဘဲ ချက်ချင်းထလုပ်လိုက်တာ အကောင်းဆုံးဖြစ်ပါတယ်နော် ။ ။

Crd