ဗဟုသုတ

အိမ်ဆောက်မဲ့မိဘပြည်သူများသိထားပါ ပုံဆွဲပြီးအိမ်ဆောက်ခြင်းကောင်းကျိုးနဲ့ပုံမဆွဲဘဲအိမ်ဆောက်ခြင်းဆိုးကျိုး

ပုံဆွဲပြီးအိမ်ဆောက်ခြင်းကောင်းကျိုးနဲ့ပုံမဆွဲဘဲအိမ်ဆောက်ခြင်းဆိုးကျိုးအရပ်ထဲအိမ်ဆောက်တဲ့အခါအိမ်ရှင်တွေအနေနဲ့ပုံဆွဲခပျမ်းမျှလေးငါးသိန်းဝန်းကျင်ပေးရမှာ အလွန်နှမျှောကြပါတယ်သူတို့အနေနဲ့စက္ကူပေါ် ပုံလေးဆွဲတာအဲ့လောက်

ငွေ ပေးစရာလားးလို့အယူရှိတတ်ပါတယ်အဲတော့fb ပေါ်ကအိမ်ပုံလေးတွေကန်ထရိုက်တာကို ပြပြီးဆောက်ခိုင်းပါတယ်ကန်ထရိုက်တာက အလုပ်ရရှိရေးတွက် ဖြစ်တယ်ဆိုပြီးဆောက်ပေးတာတွေ့နေရပါတယ်အဲတော့ဆိုးကျိုးတွေ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

အများကြီးထွက်ပေါ်လာတတ်ပါတယ်ပုံစံမရှိတဲ့အတွက်ပစ္စည်းဒေသပေါက်ဈေးနဲ့တိကျတဲ့ခန့်မှန်းတွက်ချက်မှုကိုမရနိုင်ပါဘူးးအဲ့တော့ကိုယ်ကသိန်းတစ်ရာမှန်းထားပေမယ့် နှစ်ရာလဲ ဖြစ်သွားတတ်ပါတယ်အိမ်ကမပြီးတပြီးနဲ့တန်းလန်း
တွေ ဖြစ်တတ်ပါတယ်တိကျတဲ့ပုံစံမရှိတဲ့အတွက်ဖြတ်ညှပ်ဆက်တွေများနိုင်ပါတယ်ပစ္စည်းအလေအလွင့်တွေများမယ်မကုန်သင့်တာတွေပိုကုန်မယ်အဆောက်အဦးအရည်အသွေးတွေကျဆင်းမယ်အခန့်မသင့်ရင်မိမိတို့သိန်းရာချီအကုန်အကျ

ခံပြီးဆောက်ထားတဲ့အိမ်အဟောသိကံဖြစ်နိုင်ပါတယ်ပြီးတော့ကိုယ်လိုချင်တဲ့အခန်းအကျယ်၊အရည်အတွက်ရချင်မှရနိုင်မယ်ရအောင်လိုက်လုပ်မယ်ဆိုလဲဖြတ်ညှပ်ဆက်တွေများနိုင်ပြီးအန္တရာယ်များတဲ့အခြေအနေ ရောက်သွားနိုင်

ပါတယ်အိမ်ပြီးသွားတော့လဲfb ပေါ်ကကိုယ်ပြထားတဲ့အိမ်ပုံစံမျိုးထွက်မလာပဲ ကိုယ်လိုချင်တာတစ်ခြား ဖြစ်လာတာတစ်ခြားး ဖြစ်လာပြီးတစ်သက်လုံးစိတ်မချမ်းမြေ့ဖွယ် နေထိုင်သွားရတတ်ပါတယ်ပြီးတော့လဲကန်ထရိုက်ရဲ့ဂျင်းပါမက

ကြက်သွန်ဖြူနဲ့မိတ်သလင်ပါပေါင်းထည့်ခြင်းခံရတတ်ပြီးကိုယ့်ပိုက်ဆံနဲ့ကိုယ် သူပြုသမျှ နုရသူပြောသမျှခေါင်းညိမ့်ရတဲ့အခြေအနေ ရောက်သွားနိုင်ပါတယ်ပုံစံမရှိတဲ့အတွက်သူကအမှားလုပ်နေလဲကိုယ်ကမပြောနိုင်ပဲကြည့်နေရမယ့်

အခြေအနေပါပုံစံမရှိတဲ့အတွက် အခြားဆိုးကျိုးအများကြီးရှိနိုင်ပြီးပုံဆွဲခလေး နှမျောမိတာနဲ့ ပုံဆွဲခထက်ပိုပြီးသိန်းပေါင်းများစွာပိုကုန်သွားတက်ပါတယ်။ ပိုကုန်သွားတတ်တာမဟုတ်ဘူကြိမ်းသေပိုကုန်မှာပါတိကျတဲ့ ပုံစံမရှိတဲ့အတွက်

structureပိုင်းအရမ်းအားနည်းသွားမှာကြိမ်းသေပါဒါကပုံမဆွဲ ခြင်းရဲ့ ဆိုးကျိုးတွေပါပုံဆွဲပြီးအိမ်ဆောက်မယ်ဆိုတိကျတဲ့ခန့်မှန်းတွက်ချက်မှုကို ရရှိမှာပါမိမိလက်ရှိငွေနဲ့ချိန်လို့ရပါတယ်မိမိစိတ်ကြိုက်ပုံဖော်လို့ရတာမို့အိမ်မပြီးခင်

ကတည်းက ကျေနပ်တဲ့စိတ်ခံစားရပြီးမကျေနပ်သေးရင်ပုံဆွဲအင်ယာနဲ့တိုင်ပင်ပြီးပြင်လို့ရပါသေးတယ်ဖြတ်ညှပ်စပ် တွေမရှိသလောက်ဖြစ်သွားပြီးအားကောင်းတဲ့structure တစ်ခုကိုရရှိမှာပါပစ္စည်းအလေအလွင့်တွေနည်းသွားပြီး

မကုန်သင့်တဲ့ ငွေကြေးအချို့ဟာအိပ်ထဲ ပြန်ဝင်လာမှာပါတိကျတဲ့ပုံစံရှိတဲ့အတွက် ကန်ထရိုက်လဲဂျင်းထည့်လို့မရတော့သလိုသူအမှားလုပ်ရင်လဲဝင်ပြောလို့ရပြီးစာချုပ်ချုပ်ထားလျှင်လျော်ခိုင်းလို့ရပါတယ်အိမ်ပြီးသွားတဲ့အခါမိမိလိုချင်တဲ့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

အိမ်ပုံစံလေးကြိမ်းသေရရှိလာမှာဖြစ်ပြီးသားစဉ်မြေးဆက်ကျေနပ်တဲ့စိတ်နဲ့ နေထိုင်သွားရမှာပါအဲ့တော့အိမ်ကိုပုံစံဆွဲပြီးဆောက်သင့်မဆောက်သင့်ကိုယ်တိုင်စဉ်းစားကြပါခဗျာအိမ်ရှင်များအတွက်သာရည်ရွယ်ပါသည်ကိုရင်သာအေး