ဝန်ထမ်းမလုပ်ရဘူးလို့မဆိုလိုပါ ဝန်ထမ်းအလုပ်ဟာမိမိဘဝရှေ့ရေးအတွက် အာမခံချက်မပေးနိုင်လို့ပါ။ဝန်ထမ်းတစ်
ယောက်ရဲ့လစာဟာ မိသားစု အတွက်တောင်ပြည့်စုံအောင်ဖြည်းစည်းပေးနိုင်ရဲ့လားဆိုတာ ပြန်စဉ်းစားသုံးသပ်ပါ။
ယနေ့ခေတ်ဟာ လူအသုံးဆောင်ပစ္စည်းတွေဟာလည်းအင်မတန်ပေါများတယ်။ဝန်ထမ်းတစ်ယောက်ရဲ့ လစာနဲ့သူများနည်းတူ သုံးစွဲနိုင်ဖို့ ဖြစ်နိုင်ခြေနည်းပါတယ်
ဘာကြောင့် လူအများစုဟာဝန်ထမ်းဘဝကိုမစွန့်လွတ်နိုင်ရတာလဲဆိုရင် ပုံမှန်ဝင်ငွေမရှိမှာကိုကြောက်ကြတယ်။မှန်ပါတယ်ဒါဟာလည်း မိသားစုစားဝတ်နေရေးအတွက်အခက်ခဲကိုယ်စီရှိကြမယ်ဆိုတာ။
ဝန်ထမ်းဘဝကရတဲ့လစာဟာ တစ်လကုန်သွားတိုင်း ဘယ်လောက်များစုမိသလဲ၊လူအများစုဟာ လုပ်ရင်းစားရင်နဲ့ဘဲ စုမိဖို့ဆိုတာအင်မတန်ခက်ခဲပါတယ်
ယသင့်ဘဝရှေ့ရေး၊သင့်အနာဂါတ်၊သင့်မိသားစုအနာဂါတ်ဟာ ရေရှည်အတွက် စဉ်းစားဖို့လိုလာပါပြီ။ဒီနေ့လစာထုတ်မနက်ဖန်ကုန်ခဲရတဲ့ ဝန်ထမ်းလာစာကိုစွန့်လွတ်သင့်ပြီလို့ထင်တယ်။
ဝန်ထမ်းဘဝဟာ သင့်ဘဝကို အာမခံချက်ဟာ သာမာန်မိသားစုဘဝလေးလောက်ဘဲအာမခံချက်ပေးနိုင်ရင်မဆိုးဘူးလိုမြင်မိတယ်။
ခေတ်ကြီးတိုးတက်လာတာနဲ့အမျှ လူ့အသုံးဆောင်၊နည်းပညာတွေဟာလည်းအရမ်းတိုးတက်၊ပေါများနေတာလိုက်တောင်မမှီတော့ဘူးမဟုတ်လား။
ပိုက်ဆံမရှိလေ ခေတ်ကိုလိုက်မမှီလေဖြစ်နေမှာပါ။ပိုက်ဆံဟာ ပျော်ရွှင်မူ့အားလုံးကိုမဝယ်နိုင်ပေမယ့် ငွေဟာဒုတိယဘုရားသခင်မဟုတ်လား။
ဒါမို ပိုက်ဆံများကြီးသင်ရှာနိုင်ဖို့လိုတယ်။ယနေ့ခေတ်မှာ ကိုယ်ပိုင်လုပ်ငန်းလုပ်လိုရမယ့်အရာတွေအများကြီးပါ။မိမိကဘယ်ပညာကိုတက်မြောက်ထားလည်းအသုံးချတက်ဖို့ဘဲလိုပါတယ်။
ယနေ့ခေတ်ဟာ IT(Infirmation Technology)ခေတ်ကြီဆိုတော့ Onlineကေန မိမိရဲ့ တက်မြောက်ထားတဲ့ပညာကို သင်တန်းပေးဦးမလား၊ဒါအလွယ်ဆုံးနည်းပြောတာပါ။
ကျွန်တော်တို့ ဘက်ကလည်း ပညာရပ္တစ္ခုကို အမှန်တကယ်တက်ထားဖို့တော့လိုအပ်တယ်။မစွန့်စားရင်တော့ဘာမှဖြစ်မလာနိုင်ဘူး။ဘဝဟာတိုတိုလေးပါ။
သူများနည်းတူ အောင်မြင်နိုင်ဖို့၊သူများနည်းတူ သုံးစွဲပြီးလူဖြစ်လာတဲ့ဘဝလေးမှာ တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့လိုအပ်တယ်။
ငွေမရှိရင်မျက်နာငယ်ဆိုတာလိုဘဲ သင်ဘယ်လောက်ဘဲတော်နေပါစေ ငွေရှိမှလူရာဝင်တဲ့ခေတ်ကြီးပါ။
ငွေရှိရင် လက်ငြိုးညွန်ရာ ရေဖြစ်ဆိုတာလိုဘဲ ငွေဟာဒုတိဘုရားသခင်လိုခေါ်ကြတာပေါ့။
သင့်မိသားစုပျော်ရွှင်ဖို့၊သင်ကိုယ်တိုင်ပျော်ရွှင်ဖို့၊ဝန်ထမ်းဆိုတဲ့လစာလေးကဖြစ်နိုင်ပါမလား။ပြောင်းလည်းသင့်ပြီ၊စွန်လွတ်ပါ၊ တစ်ခုလိုချင်တစ်ခုကတော့စွန့်လွတ်ရမှာပါ။
သင်ကိုယ်ပိုင်လုပ်ငန်းလုပ်နိုင်အောင်ကြိုစားပါလို တိုက်တွန်းပါရေစငွေကိုမက်လိုပြောနေခြင်မဟုတ်ပါ ငွေရှိပြီးထင်ရာလုပ်ပျော်ပါးနေဖို့မဟုတ်ပါ။
မိမိအောင်မြင်လာရင် လက်တွဲခေါ်ပါ။အောက်ခြေမလွတ်ပါနဲ့အရေးကြီးဆုံးအချက်ပါ။လူတော်တော်များများဟာ ငွေရှိလာရင် ပျက်စီးတက်ကြတယ်။ဒါမို့လည်း အောင်မြင်သူတွေနည်းပါနေကြတာပါ။
သင်ဟာကိုယ်ကျင့်တရားတန်ဖိုးထားပါ။ငွေနဲပျော်ရွင်မူအားလုံးမဝယ်နိုင်ပေမယ့် ငွေနဲ့ ကုသိုလ်ကောင်းမူတွေလုပ်လိုရတာအများကြီးပါ။ငွေရှိမှကုသိုလ်လုပ်လို့ရတာမဆိုလိုပါ။
သင်ဘဝ၊သင့်မိသားစုဘဝ၊သင့်ပတ်ဝန်ကျင်ကိုမြင့်တင်ပေးနိုင်ဖို့ ဝန်ထမ်းဘဝကိုစွန့်လွတ်ပြီကိုယ်ပိုင်အလုပ်ကိုအောင်မြင်အောင်ကြိုးစားဖို့တိုက်တွန်းပါရစေ။
Credit-လူငယ်များသို့