ၾကားသိရသမွ်

ပေါက်ပွားပျံ့နှံ့မှု အတော်များနေပြီ၊ နောင်ဆို ငါးကို နိုင်ငံခြားက မှာစားရပါတော့မယ်

ပေါက်ပွားပျံ့နှံ့မှု အတော်များနေပြီ၊ နောင်ဆို ငါးကို နိုင်ငံခြားက မှာစားရပါတော့မယ်

စုပ်ခွက်ငါး ပေါက်ပွားပျံ့နှံ့မှု အတော်များနေပြီ၊ နောင်ဆို ငါးကို နိုင်ငံခြားက မှာစားရပါတော့မယ်..

စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် (၅) နှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စုပ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု ဒေသခံများက ပြောပါသည်။

“(၅) နှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှစ်ကို (၅) ကြိမ်လောက် သားပေါက်တယ်။ အင်းတိုင်းလိုလို ဖြစ်နေကြတာ။ ဒီစုပ်ခွက်ငါးတွေ အများကြီး ဖြစ်လာတော့ ရောင်းတန်းဝင်ငါး အထွက်နူန်း လျော့လာတယ်။ ရေလုပ်သားတွေလည်း အများကြီး အခက်အခဲဖြစ်လာတယ်။ စုပ်ခွက်ငါးကို စားလည်းမစားကြ၊ ရောင်းလည်းမရတော့ မီးရှို့ပစ်ရတယ်” ဟု ဒေသံခံ ဦးထွန်းရီက ပြောသည်။

စုပ်ခွက်ငါးများသည် မြန်မာ့ဒေသရင်း ငါးမျိုးစိတ် မဟုတ်ဘဲ ပြည်ပနိုင်ငံများမှ အလှမွေးငါးအဖြစ် တင်သွင်းလာပြီး စုပ်ခွက်ငါးများ ကြီးပြင်းလာသောအခါ မွေးမြူသူများက ဆက်လက် ထိန်းသိမ်းနိုင်ခြင်း မရှိတော့ဘဲ နီးစပ်ရာ မြစ်ချောင်းများအတွင်း စွန့်ပစ်ရာမှ ပျံ့ပွားလာခြင်းဖြစ်သည်။

စုပ်ခွက်ငါးများသည် ရေညှိ စားပြီး အကြမ်းခံသော ငါးမျိုးစိတ်ဖြစ်ကြောင်း၊ စုပ်ခွက်ငါးမျိုးသည် သဘာဝရေကန် (သို့မဟုတ်) ငါးကန်များ၏ အောက်ခြေရှိ အကျိအချွဲ၊ ရေညှိ၊ တီကောင်၊ ရေနေအင်းဆက် သားလောင်းများကို စားသုံးပြီး တွင်းတူးအသိုက်လုပ်မျိုးပွားလေ့ ရှိကြောင်း၊ စုပ်ခွက်ငါးများသည် အသားစားငါး မဟုတ်သော်လည်း ငါးကန်အတွင်း ခြောက်သွေ့သည့်ရာသီ ရေရှားပါးချိန်တွင် ပြင်ပလေကို တိုက်ရိုက်ရှုရှိုက်ကာ အသက်ရှင်နေနိုင်စွမ်းရှိကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း ဦးစီးဌာနက ထုတ်ပြန်ထားသည်။

စုပ်ခွက်ငါးများ၏ ပြင်ပရုပ်လက္ခဏာနှင့် အရိုးမာပြီး အသားနည်းသည့်အတွက် ယင်းငါးကို စားသုံးသူ နည်းပါးကြောင်း၊ စုပ်ခွက်ငါးသည် ငါးကန်အတွင်း ကန်ဘောင်တွင် ကျင်းတူးနေလေ့ရှိသောကြောင့် ကန်ဘောင်ပျက်စီးခြင်း၊ ကျောဆူးတောင်နှင့် ရင်ရေယက်ဆူးတောင်များသည် မာကြောပြီး ရှည်လျှားသည့်အတွက် ပိုက်ဆွဲငါးဖော်ရာတွင် ငါးဖမ်းပိုက်များဖြင့် ညိကာ ပိုက်ပျက်ဆီးစေခြင်းများ ကြုံရသည်။

သဘာဝရေပြင် (သို့) ငါးကန်များအတွင်း စုပ်ခွက်ငါး ရောက်ရှိပါက အလုံးစုံ ဖယ်ရှားပစ်ရန် ခက်ခဲကြောင်း၊ စုပ်ခွက်ငါးများသည် ဒေသမျိုးရင်း ငါးများနှင့် သဘာဝ ပတ်ဝန်းကျင်ကို သွယ်ဝိုက် ထိခိုက်စေနိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည်။

ေပါက္ပြားပ်ံ႕ႏွံ့မႈ အေတာ္မ်ားေနၿပီ၊ ေနာင္ဆို ငါးကို နိုင္ငံျခားက မွာစားရပါေတာ့မယ္

စုပ္ခြက္ငါး ေပါက္ပြားပ်ံ႕ႏွံ့မႈ အေတာ္မ်ားေနၿပီ၊ ေနာင္ဆို ငါးကို နိုင္ငံျခားက မွာစားရပါေတာ့မယ္..

စစ္ကိုင္းၿမိဳ႕နယ္အတြင္းရွိ ျမစ္ေခ်ာင္းအင္းအိုင္မ်ားတြင္ စုပ္ခြက္ငါးမ်ား အမ်ားအျပား ေတြ႕ရွိလာရျခင္းေၾကာင့္ ငါးအထြက္ႏူန္း ေလ်ာ့က်လာၿပီး ေဒသခံ ေရလုပ္သားမ်ား အခက္အခဲ ျဖစ္ေပၚေနေၾကာင္း သိရသည္။

စစ္ကိုင္းၿမိဳ႕နယ္အတြင္းရွိ အင္းမ်ားတြင္ လြန္ခဲ့သည့္ (၅) ႏွစ္ခန႔္မွ စတင္ကာ စုပ္ခြက္ငါးမ်ား အမ်ားအျပား ေတြ႕ရွိလာေၾကာင္း၊ ပိုက္တစ္ႀကိမ္ေဖာ္လၽွင္ စုပ္ခြက္ငါး ပိသာေထာင္ႏွင့္ခ်ီကာ ပါရွိၿပီး အဆိုပါ စုပ္ခြက္ငါးမ်ားကို စားသုံးသူ မရွိျခင္း၊ ေရာင္းခ်၍ မရျခင္းေၾကာင့္ မီးရွို႔ဖ်က္ဆီးေနရသည္ဟု ေဒသခံမ်ားက ေျပာပါသည္။

“(၅) ႏွစ္အတြင္း သိသိသာသာ စုပ္ခြက္ငါးေတြ အေတြ႕မ်ားလာတယ္။ ပိုက္တစ္ခါေဖာ္ရင္ ပိႆာေထာင္ခ်ီေတြ႕တယ္။ က်န္တဲ့ငါးေတြက သူတို႔နဲ႔ပြတ္တိုက္မိရင္ ေသတယ္။ ဟိုတေလာက ငါးလပိ၊ ငါးၾကင္း ပိႆာေထာင္ခ်ီေသခဲ့တယ္။ စုပ္ခြက္ငါးေတြက ငါးသားေပါက္ေတြကို စားတယ္၊ ေအာက္က ေရေမွာ္ေတြကိုလည္း စားတယ္၊ မ်ိဳးပြားႏူန္းကလည္း သိပ္ျမန္တယ္။ တစ္ႏွစ္ကို (၅) ႀကိမ္ေလာက္ သားေပါက္တယ္။ အင္းတိုင္းလိုလို ျဖစ္ေနၾကတာ။ ဒီစုပ္ခြက္ငါးေတြ အမ်ားႀကီး ျဖစ္လာေတာ့ ေရာင္းတန္းဝင္ငါး အထြက္ႏူန္း ေလ်ာ့လာတယ္။ ေရလုပ္သားေတြလည္း အမ်ားႀကီး အခက္အခဲျဖစ္လာတယ္။ စုပ္ခြက္ငါးကို စားလည္းမစားၾက၊ ေရာင္းလည္းမရေတာ့ မီးရွို႔ပစ္ရတယ္” ဟု ေဒသံခံ ဦးထြန္းရီက ေျပာသည္။

စုပ္ခြက္ငါးမ်ားသည္ ျမန္မာ့ေဒသရင္း ငါးမ်ိဳးစိတ္ မဟုတ္ဘဲ ျပည္ပနိုင္ငံမ်ားမွ အလွေမြးငါးအျဖစ္ တင္သြင္းလာၿပီး စုပ္ခြက္ငါးမ်ား ႀကီးျပင္းလာေသာအခါ ေမြးျမဴသူမ်ားက ဆက္လက္ ထိန္းသိမ္းနိုင္ျခင္း မရွိေတာ့ဘဲ နီးစပ္ရာ ျမစ္ေခ်ာင္းမ်ားအတြင္း စြန႔္ပစ္ရာမွ ပ်ံ႕ပြားလာျခင္းျဖစ္သည္။

စုပ္ခြက္ငါးမ်ားသည္ ေရညႇိ စားၿပီး အၾကမ္းခံေသာ ငါးမ်ိဳးစိတ္ျဖစ္ေၾကာင္း၊ စုပ္ခြက္ငါးမ်ိဳးသည္ သဘာဝေရကန္ (သို႔မဟုတ္) ငါးကန္မ်ား၏ ေအာက္ေျခရွိ အက်ိအခၽြဲ၊ ေရညႇိ၊ တီေကာင္၊ ေရေနအင္းဆက္ သားေလာင္းမ်ားကို စားသုံးၿပီး တြင္းတူးအသိုက္လုပ္မ်ိဳးပြားေလ့ ရွိေၾကာင္း၊ စုပ္ခြက္ငါးမ်ားသည္ အသားစားငါး မဟုတ္ေသာ္လည္း ငါးကန္အတြင္း ေျခာက္ေသြ႕သည့္ရာသီ ေရရွားပါးခ်ိန္တြင္ ျပင္ပေလကို တိုက္ရိုက္ရႈရွိုက္ကာ အသက္ရွင္ေနနိုင္စြမ္းရွိေၾကာင္း ျမန္မာနိုင္ငံငါးလုပ္ငန္း ဦးစီးဌာနက ထုတ္ျပန္ထားသည္။

စုပ္ခြက္ငါးမ်ား၏ ျပင္ပ႐ုပ္လကၡဏာႏွင့္ အရိုးမာၿပီး အသားနည္းသည့္အတြက္ ယင္းငါးကို စားသုံးသူ နည္းပါးေၾကာင္း၊ စုပ္ခြက္ငါးသည္ ငါးကန္အတြင္း ကန္ေဘာင္တြင္ က်င္းတူးေနေလ့ရွိေသာေၾကာင့္ ကန္ေဘာင္ပ်က္စီးျခင္း၊ ေက်ာဆူးေတာင္ႏွင့္ ရင္ေရယက္ဆူးေတာင္မ်ားသည္ မာေၾကာၿပီး ရွည္လၽွားသည့္အတြက္ ပိုက္ဆြဲငါးေဖာ္ရာတြင္ ငါးဖမ္းပိုက္မ်ားျဖင့္ ညိကာ ပိုက္ပ်က္ဆီးေစျခင္းမ်ား ၾကဳံရသည္။

သဘာဝေရျပင္ (သို႔) ငါးကန္မ်ားအတြင္း စုပ္ခြက္ငါး ေရာက္ရွိပါက အလုံးစုံ ဖယ္ရွားပစ္ရန္ ခက္ခဲေၾကာင္း၊ စုပ္ခြက္ငါးမ်ားသည္ ေဒသမ်ိဳးရင္း ငါးမ်ားႏွင့္ သဘာဝ ပတ္ဝန္းက်င္ကို သြယ္ဝိုက္ ထိခိုက္ေစနိုင္ေၾကာင္း ငါးလုပ္ငန္းဦးစီးဌာနက ထုတ္ျပန္ထားသည္။