အချုပ်အနှောင်မှ လွတ်မြောက်လာတဲ့ ပိုင်တံခွန်ထံ ဂုဏ်ပြု ပန်းခြင်းလှလှလေး အရောက်ပို့ပေးခဲ့တဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်…
နိုင်ငံကျော် သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည်က အနုပညာလောကမှာ အောင်မြင်မှုတွေများစွာနဲ့ ကိုယ်စီ ရပ်တည်နေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်ကလည်း ထိုင်းနိုင်ငံက ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားအောင်မြင်နေသလို ဝတ်မှုံရွှေရည်ကလည် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး

အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည်တို့က “အိပ်မက်မြစ်” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အတူတူရိုက်ကူးခဲ့ဖူးသလို အခြားသော အနုပညာ လှုပ်ရှားမှုတွေများစွာကိုလည်း လုပ်ကိုင်ခဲ့ဖူးတဲ့ အနုပညာမောင်နှမတွေပဲဖြစ်ပါတယ်။
အနုပညာညီအစ်ကိုမောင်နှမတွေပီပီ တစ်ယောက်နဲ့တစ်ယောက် ကောင်းသည် ဆိုးသည်ကို အမြဲတမ်း ဝေမျှခံစားတတ်သလို ဒီတစ်ခေါက်မှာလည်း ဝတ်မှုံရွှေရည်က အချုပ်အနှောင်က လွတ်မြောက်လာတဲ့ ပိုင်တံခွန်အတွက် ပန်းစည်းလက်ဆောင်တွေပို့ပေးခဲ့တယ်လို့ သိရပါတယ်။ ထိုအကြောင်းကို ပိုင်တံခွန်ရဲ့အစ်မ မေချစ်သွေးက သူမရဲ့ဖေ့စ်ဘုတ် Story ကနေ ကျေးဇူးတင်စကားပြောရင်း မျှဝေလာခဲ့တာပဲဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ သူမရဲ့မောင်အရင်းလေးလို ချစ်ရတဲ့ ပိုင်တံခွန်တစ်ယောက် ပြန်လည်လွတ်မြောက်လာတဲ့အတွက် မိသားစုနဲ့ ထပ်တူဝမ်းသာနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ပိုင်တံခွန်နဲ့ဝတ်မှုံရွှေရည်တို့ အနုပညာမောင်နှမနှစ်ယောက်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စောင့်ကြည့် အားပေးပေးကြပါဦးနော်။
Source: May Chit Thway’s fb
Crd Myanmar Celebrities
zawgyi
ႏိုင္ငံေက်ာ္ သ႐ုပ္ေဆာင္ႏွစ္ဦးျဖစ္တဲ့ ပိုင္တံခြန္နဲ႔ ဝတ္မႈံေ႐ႊရည္က အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြမ်ားစြာနဲ႔ ကိုယ္စီ ရပ္တည္ေနတာ ျဖစ္ပါတယ္။ ပိုင္တံခြန္ကလည္း ထိုင္းႏိုင္ငံက ပရိသတ္ေတြၾကားမွာ ေတာ္ေတာ္ေလး ေရပန္းစားေအာင္ျမင္ေနသလို ဝတ္မႈံေ႐ႊရည္ကလည္ ႏိုင္ငံတကာနဲ႔ ရင္ေဘာင္တန္းၿပီး အႏုပညာလုပ္ငန္းေတြကို လုပ္ကိုင္ေနတာ ျဖစ္ပါတယ္။ ပိုင္တံခြန္နဲ႔ ဝတ္မႈံေ႐ႊရည္တို႔က “အိပ္မက္ျမစ္” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း အတူတူ႐ိုက္ကူးခဲ့ဖူးသလို အျခားေသာ အႏုပညာ လႈပ္ရွားမႈေတြမ်ားစြာကိုလည္း လုပ္ကိုင္ခဲ့ဖူးတဲ့ အႏုပညာေမာင္ႏွမေတြပဲျဖစ္ပါတယ္။

အႏုပညာညီအစ္ကိုေမာင္ႏွမေတြပီပီ တစ္ေယာက္နဲ႔တစ္ေယာက္ ေကာင္းသည္ ဆိုးသည္ကို အၿမဲတမ္း ေဝမွ်ခံစားတတ္သလို ဒီတစ္ေခါက္မွာလည္း ဝတ္မႈံေ႐ႊရည္က အခ်ဳပ္အေႏွာင္က လြတ္ေျမာက္လာတဲ့ ပိုင္တံခြန္အတြက္ ပန္းစည္းလက္ေဆာင္ေတြပို႔ေပးခဲ့တယ္လို႔ သိရပါတယ္။ ထိုအေၾကာင္းကို ပိုင္တံခြန္ရဲ႕အစ္မ ေမခ်စ္ေသြးက သူမရဲ႕ေဖ့စ္ဘုတ္ Story ကေန ေက်းဇူးတင္စကားေျပာရင္း မွ်ေဝလာခဲ့တာပဲျဖစ္ပါတယ္။

ဝတ္မႈံေ႐ႊရည္ကေတာ့ သူမရဲ႕ေမာင္အရင္းေလးလို ခ်စ္ရတဲ့ ပိုင္တံခြန္တစ္ေယာက္ ျပန္လည္လြတ္ေျမာက္လာတဲ့အတြက္ မိသားစုနဲ႔ ထပ္တူဝမ္းသာေနတာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးကလည္း ပိုင္တံခြန္နဲ႔ဝတ္မႈံေ႐ႊရည္တို႔ အႏုပညာေမာင္ႏွမႏွစ္ေယာက္ရဲ႕ အႏုပညာလႈပ္ရွားမႈေတြကို ေစာင့္ၾကည့္ အားေပးေပးၾကပါဦးေနာ္။
Source: May Chit Thway’s fb
crd Myanmar Celebrities



