လူတိုင္းၾကည့္ေကာင္းခ်င္ၾကသည္ လွခ်င္ၾကသည္ခ်ည္းျဖစ္သည္။ ေန႔စဥ္သုံး အသားေရထိန္းပစၥည္းမ်ားက သင့္ အသားေရကို အဆီျပန္ျခင္းေလၽွာ့ခ်ျခင္း၊ ေခၽြးေပါက္မ်ားကို သန႔္စင္ေပးျခင္းႏွင့္ ဝက္ၿခံမ်ားကို သက္သာေစျခင္း၊ ကာကြယ္ေပးျခင္း စသည္တို႔ျဖင့္မ်ားစြာအေထာက္အကူျပဳနိုင္ပါသည္။ ဝက္ၿခံမျဖစ္ေအာင္ထိန္းသိမ္းရာတြင္ အခ်ိန္သိပ္ေပးရန္မလိုသလို ေဈးႀကီးေသာပစၥည္းမ်ားကိုသာ အသုံးျပဳရန္လည္းမလိုပါ။ ေအာက္ပါနည္းလမ္းမ်ားသည္ သင့္အတြက္ သန႔္စင္ၾကည္လင္ေသာ အသားေရကို ပိုင္ဆိုင္နိုင္ရန္ ကူညီေပးလိမ့္မည္။
အဆင့္ ၁။ သင့္ အသားေရအမ်ိဳးအစားကို သိေအာင္လုပ္ပါ
အဆီျပန္ေသာ အသားေရမ်ားတြင္ ေမႊးညင္းေပါက္မ်ားလည္း က်ယ္ေနတတ္သည္။
ေျခာက္ေသြ႕ေသာ အသားေရဆိုလၽွင္ အဖတ္မ်ားကြာက်ၿပီး ၾကမ္းတမ္းသည္။
အလယ္လတ္အေနအထားရွိသူမ်ားသည္ ပါးျပင္ေနရာမ်ားတြင္ အစက္အေျပာက္မ်ားရွိေနတတ္ၿပီး နဖူး ႏွာေခါင္းႏွင့္ေမးေစ့မ်ားတြင္ အဆီျပန္တတ္သူမ်ားျဖစ္သည္။
အခ်ိဳ႕သည္ မိတ္ကပ္ႏွင့္ အလွကုန္ပစၥည္းမ်ားႏွင့္ ထိေတြ႕လၽွင္ ယားျခင္း ေလာင္ျခင္းတို႔ျဖစ္ေသာ ႏုနယ္ေသာ အေရျပားမ်ားျဖစ္သည္။
ပုံမွန္အသားေရအမ်ိဳးအစားရွိသူမ်ားသည္ ေရဓါတ္မၽွတၿပီး ၊ ၾကည္လင္ေသာ၊ အလြန္တရာ မႏုနယ္ေသာ အေရျပားပိုင္ရွင္မ်ားျဖစ္ၾကသည္။
အဆင့္၂။ ပုံမွန္ႏွင့္ အလယ္လတ္အမ်ိဳအစားရွိ အသားေရမ်ားကို သန႔္စင္ျခင္းသင့္မ်က္ႏွာကို သစ္ရာတြင္ ေတြ႕ရာ ဆပ္ျပာျဖင့္မသစ္ပါႏွင့္။
ေပၚပင္ ၊ ေဈးႀကီးေသာ အလွကုန္မ်ားကိုလည္း ဝယ္သုံးရန္မလိုပါ။ သင့္ အသားေရႏွင့္ သင့္ေတာ္မည့္ပစၥည္းမ်ိဳးကိုသာ မွန္ကန္စြာေရြးခ်ယ္ပါ။
သင့္ အသားေရႏွင့္ သင့္ေတာ္သည့္ သန႔္စင္ေဆးရည္မ်ိဳးကိုသာ မွန္ကန္စြာေရြးခ်ယ္ပါ။ ဝက္ၿခံေပါက္ေနလၽွင္ ေဆးဆိုင္မ်ားတြင္ေရာင္းေသာ ဝက္ၿခံေပ်ာက္ေဆးမ်ားကိုဝယ္သုံးပါ။ မ်က္ႏွာကို လက္ႏွင့္ပြတ္ျခင္း၊ ကုပ္ျခင္းမျပဳရ။
မ်က္ႏွာကိုေရေႏြးျဖင့္ သန႔္စင္ၿပီး သန႔္ရွင္းသည့္ အဝတ္ျဖင့္ေျခာက္ေအာင္သုတ္ပါ။ သင့္မ်က္ႏွာသစ္ေဆးက သင့္ကို အဆီပိုျပန္ေစေသာ္လည္းေကာင္း အသားေရပိုေျခာက္ေစလၽွင္ေသာ္လည္းေကာင္း ျဖစ္ပါက ဆက္မသုံးပါႏွင့္။
သင္သည္ အသားေရေျခာက္သူျဖစ္ပါက အရက္ျပန္ ၊ အေမႊးအႀကိဳင္ပါေသာ မ်က္ႏွာသစ္မ်ိဳးကိုေရွာင္ပါ။ ၎တို႔သည္ သင့္အေရျပားတြင္ရွိေသာ သဘာဝဆီမ်ားကို ဖယ္ရွားပစ္နိုင္ေသာေၾကာင့္ျဖစ္သည္။
သင္သည္ အဆီျပန္ေသာ အသားေရပိုင္ရွင္ျဖစ္ပါက အဆီမပါေသာ မ်က္ႏွာသစ္မ်ိဳးကို သုံးရမည္။ ထို႔ေနာက္ မ်က္ႏွာကိုေရေႏြးျဖင့္ သန႔္စင္ၿပီး သန႔္ရွင္းသည့္ အဝတ္ျဖင့္ေျခာက္ေအာင္သုတ္ပါ။
သင္သည္ ႏုနယ္ေသာ အသားေရပိုင္ရွင္ျဖစ္ပါက ဓါတုေဗဓနည္းေသာ အေပ်ာ့စား မ်က္ႏွာသစ္မ်ိဳးကို သုံးရမည္။ ထို႔ေနာက္ မ်က္ႏွာကိုေရေႏြးျဖင့္ သန႔္စင္ၿပီး သန႔္ရွင္းသည့္ အဝတ္ျဖင့္ေျခာက္ေအာင္သုတ္ပါ။ မ်က္ႏွာကို ပြတ္ျခင္းမလုပ္ရ။ ဠင္းသည္ သင့္ႏုနယ္ေသာ အေရျပားကို ပိုဆိုးေစနိုင္သည္။ အရက္ျပန္ ၊ အက္ဆစ္၊ ဆပ္ျပာႏွင့္အေမႊးအႀကိဳင္ပါေသာ မ်က္ႏွာသစ္မ်ိဳးကိုေရွာင္ပါ။
အဆင့္ ၃။ အစိုဓါတ္ကို ထိန္းသိမ္းပါ။
လူအေတာ္မ်ားက အစိုဓါတ္ထိန္းသိမ္းမႈကို အသက္ႀကီးမွ ျပဳလုပ္သင့္သည္ဟုထင္ထားၾကသည္။ အမွန္မွာ အဆီျပန္ေသာ အသားေရအပါအဝင္ မည္သူမဆို အသားေရေျခာက္ေသြ႕မႈမျဖစ္ေစရန္ အစိုဓါတ္ထိန္းပစၥည္းမ်ားကို လိမ္းသင့္သည္။
အစိုဓါတ္ထိန္းခရင္မ္ကို သင္မ်က္ႏွာသစ္ၿပီးခါစ စိုဖန႔္ဖန႔္အခ်ိန္တြင္လိမ္းေပးျခင္းက စိမ့္ဝင္အားပိုေကာင္းသည္။
အသားေရေျခာက္ျခင္းႏွင့္ အဖတ္မ်ားကြာက်ျခင္းကို ကာကြယ္ရန္ ဓါတ္မျပင္းေသာ အစိုဓါတ္ထိန္းမရင္မ္ကို တေန႔လၽွင္ ၂ ႀကိမ္လိမ္းသင့္သည္။
အကယ္၍သင္သည္ အဆီျပန္ေသာ၊ ဝက္ၿခံေပါက္ေသာ အသားေရျဖစ္ပါက မေစးပ်စ္ေသာ အဆီမပါေသာ အစိုဓါတ္ထိန္းခရင္မ္ကို ေရြးခ်ယ္သုံးစြဲျခင္းက သင့္ေမႊးညႇင္ေပါက္မ်ား ပိတ္ဆို႔ၿပီး ဝက္ၿခံမ်ားကို သက္သာေစလိမ့္မည္။
အဆင့္၄။ ေနေရာင္ကာခရင္မ္မ်ားကို လိမ္းပါ။
သင္သုံးေနေသာ အစိုဓါတ္ထိန္းခရင္မ္တြင္ ေနေရာင္ကာပစၥည္းပါေကာင္းပါနိုင္သည္။ သို႔ေသာ္ သင့္ အေရျပားသည္ ေနေရာင္ႏွင့္ ၁၅ မိနစ္ၾကာထိေတြ႕႐ုံႏွင့္ ပ်က္စီးနိုင္ေသာေၾကာင့္ ေနေရာင္ကာခရင္မ္ကို သီးသန႔္ ထပ္လိမ္းျခင္းက အေကာင္းဆုံးျဖစ္သည္။
သင့္အသက္ငယ္ရြယ္ေသာ္လည္း အေရျပားကင္ဆာျဖစ္နိုင္ေခ်ရွိေၾကာင္း သတိျပဳပါ။
ခရမ္းလြန္ေရာင္ျခည္ A ႏွင့္ B ကို ကာကြယ္ေပးေသာ SPF အနည္းဆုံး ၃၀ ပါဝင္သည့္ ခရင္မ္မ်ိဳးကို ေရြးခ်ယ္ပါ။
အခ်ဳပ္ဆိုရေသာ္ ဝက္ၿခံကိုကာကြယ္ရန္ မွန္ကန္ေသာ ပစၥည္းမ်ားျဖင့္ သင့္ အေရျပားကို ထိန္းသိမ္းျခင္းသည္ အေရးႀကီးပါသည္။ အထက္ပါအႀကံေပးခ်က္မ်ားကို လိုက္နာျခင္းျဖင့္ က်န္းမာေသာ အေရျပားပိုင္ရွင္မ်ားျဖစ္ၾကပါေစ။
မူရင္းအား ေလးစားစြာ credit ေပးပါသည္
=========
လူတိုင်းကြည့်ကောင်းချင်ကြသည် လှချင်ကြသည်ချည်းဖြစ်သည်။ နေ့စဉ်သုံး အသားရေထိန်းပစ္စည်းများက သင့် အသားရေကို အဆီပြန်ခြင်းလျှော့ချခြင်း၊ ချွေးပေါက်များကို သန့်စင်ပေးခြင်းနှင့် ဝက်ခြံများကို သက်သာစေခြင်း၊ ကာကွယ်ပေးခြင်း စသည်တို့ဖြင့်များစွာအထောက်အကူပြုနိုင်ပါသည်။ ဝက်ခြံမဖြစ်အောင်ထိန်းသိမ်းရာတွင် အချိန်သိပ်ပေးရန်မလိုသလို ဈေးကြီးသောပစ္စည်းများကိုသာ အသုံးပြုရန်လည်းမလိုပါ။ အောက်ပါနည်းလမ်းများသည် သင့်အတွက် သန့်စင်ကြည်လင်သော အသားရေကို ပိုင်ဆိုင်နိုင်ရန် ကူညီပေးလိမ့်မည်။
အဆင့် ၁။ သင့် အသားရေအမျိုးအစားကို သိအောင်လုပ်ပါအဆီပြန်သော အသားရေများတွင် မွှေးညင်းပေါက်များလည်း ကျယ်နေတတ်သည်။
ခြောက်သွေ့သော အသားရေဆိုလျှင် အဖတ်များကွာကျပြီး ကြမ်းတမ်းသည်။
အလယ်လတ်အနေအထားရှိသူများသည် ပါးပြင်နေရာများတွင် အစက်အပြောက်များရှိနေတတ်ပြီး နဖူး နှာခေါင်းနှင့်မေးစေ့များတွင် အဆီပြန်တတ်သူများဖြစ်သည်။
အချို့သည် မိတ်ကပ်နှင့် အလှကုန်ပစ္စည်းများနှင့် ထိတွေ့လျှင် ယားခြင်း လောင်ခြင်းတို့ဖြစ်သော နုနယ်သော အရေပြားများဖြစ်သည်။
ပုံမှန်အသားရေအမျိုးအစားရှိသူများသည် ရေဓါတ်မျှတပြီး ၊ ကြည်လင်သော၊ အလွန်တရာ မနုနယ်သော အရေပြားပိုင်ရှင်များဖြစ်ကြသည်။
အဆင့်၂။ ပုံမှန်နှင့် အလယ်လတ်အမျိုအစားရှိ အသားရေများကို သန့်စင်ခြင်းသင့်မျက်နှာကို သစ်ရာတွင် တွေ့ရာ ဆပ်ပြာဖြင့်မသစ်ပါနှင့်။
ပေါ်ပင် ၊ ဈေးကြီးသော အလှကုန်များကိုလည်း ဝယ်သုံးရန်မလိုပါ။ သင့် အသားရေနှင့် သင့်တော်မည့်ပစ္စည်းမျိုးကိုသာ မှန်ကန်စွာရွေးချယ်ပါ။
သင့် အသားရေနှင့် သင့်တော်သည့် သန့်စင်ဆေးရည်မျိုးကိုသာ မှန်ကန်စွာရွေးချယ်ပါ။ ဝက်ခြံပေါက်နေလျှင် ဆေးဆိုင်များတွင်ရောင်းသော ဝက်ခြံပျောက်ဆေးများကိုဝယ်သုံးပါ။ မျက်နှာကို လက်နှင့်ပွတ်ခြင်း၊ ကုပ်ခြင်းမပြုရ။
မျက်နှာကိုရေနွေးဖြင့် သန့်စင်ပြီး သန့်ရှင်းသည့် အဝတ်ဖြင့်ခြောက်အောင်သုတ်ပါ။ သင့်မျက်နှာသစ်ဆေးက သင့်ကို အဆီပိုပြန်စေသော်လည်းကောင်း အသားရေပိုခြောက်စေလျှင်သော်လည်းကောင်း ဖြစ်ပါက ဆက်မသုံးပါနှင့်။
သင်သည် အသားရေခြောက်သူဖြစ်ပါက အရက်ပြန် ၊ အမွှေးအကြိုင်ပါသော မျက်နှာသစ်မျိုးကိုရှောင်ပါ။ ၎င်းတို့သည် သင့်အရေပြားတွင်ရှိသော သဘာဝဆီများကို ဖယ်ရှားပစ်နိုင်သောကြောင့်ဖြစ်သည်။
သင်သည် အဆီပြန်သော အသားရေပိုင်ရှင်ဖြစ်ပါက အဆီမပါသော မျက်နှာသစ်မျိုးကို သုံးရမည်။ ထို့နောက် မျက်နှာကိုရေနွေးဖြင့် သန့်စင်ပြီး သန့်ရှင်းသည့် အဝတ်ဖြင့်ခြောက်အောင်သုတ်ပါ။
သင်သည် နုနယ်သော အသားရေပိုင်ရှင်ဖြစ်ပါက ဓါတုဗေဓနည်းသော အပျော့စား မျက်နှာသစ်မျိုးကို သုံးရမည်။ ထို့နောက် မျက်နှာကိုရေနွေးဖြင့် သန့်စင်ပြီး သန့်ရှင်းသည့် အဝတ်ဖြင့်ခြောက်အောင်သုတ်ပါ။ မျက်နှာကို ပွတ်ခြင်းမလုပ်ရ။ ဠင်းသည် သင့်နုနယ်သော အရေပြားကို ပိုဆိုးစေနိုင်သည်။ အရက်ပြန် ၊ အက်ဆစ်၊ ဆပ်ပြာနှင့်အမွှေးအကြိုင်ပါသော မျက်နှာသစ်မျိုးကိုရှောင်ပါ။
အဆင့် ၃။ အစိုဓါတ်ကို ထိန်းသိမ်းပါ။
လူအတော်များက အစိုဓါတ်ထိန်းသိမ်းမှုကို အသက်ကြီးမှ ပြုလုပ်သင့်သည်ဟုထင်ထားကြသည်။ အမှန်မှာ အဆီပြန်သော အသားရေအပါအဝင် မည်သူမဆို အသားရေခြောက်သွေ့မှုမဖြစ်စေရန် အစိုဓါတ်ထိန်းပစ္စည်းများကို လိမ်းသင့်သည်။
အစိုဓါတ်ထိန်းခရင်မ်ကို သင်မျက်နှာသစ်ပြီးခါစ စိုဖန့်ဖန့်အချိန်တွင်လိမ်းပေးခြင်းက စိမ့်ဝင်အားပိုကောင်းသည်။
အသားရေခြောက်ခြင်းနှင့် အဖတ်များကွာကျခြင်းကို ကာကွယ်ရန် ဓါတ်မပြင်းသော အစိုဓါတ်ထိန်းမရင်မ်ကို တနေ့လျှင် ၂ ကြိမ်လိမ်းသင့်သည်။
အကယ်၍သင်သည် အဆီပြန်သော၊ ဝက်ခြံပေါက်သော အသားရေဖြစ်ပါက မစေးပျစ်သော အဆီမပါသော အစိုဓါတ်ထိန်းခရင်မ်ကို ရွေးချယ်သုံးစွဲခြင်းက သင့်မွှေးညှင်ပေါက်များ ပိတ်ဆို့ပြီး ဝက်ခြံများကို သက်သာစေလိမ့်မည်။
အဆင့်၄။ နေရောင်ကာခရင်မ်များကို လိမ်းပါ။
သင်သုံးနေသော အစိုဓါတ်ထိန်းခရင်မ်တွင် နေရောင်ကာပစ္စည်းပါကောင်းပါနိုင်သည်။ သို့သော် သင့် အရေပြားသည် နေရောင်နှင့် ၁၅ မိနစ်ကြာထိတွေ့ရုံနှင့် ပျက်စီးနိုင်သောကြောင့် နေရောင်ကာခရင်မ်ကို သီးသန့် ထပ်လိမ်းခြင်းက အကောင်းဆုံးဖြစ်သည်။
သင့်အသက်ငယ်ရွယ်သော်လည်း အရေပြားကင်ဆာဖြစ်နိုင်ချေရှိကြောင်း သတိပြုပါ။
ခရမ်းလွန်ရောင်ခြည် A နှင့် B ကို ကာကွယ်ပေးသော SPF အနည်းဆုံး ၃၀ ပါဝင်သည့် ခရင်မ်မျိုးကို ရွေးချယ်ပါ။
အချုပ်ဆိုရသော် ဝက်ခြံကိုကာကွယ်ရန် မှန်ကန်သော ပစ္စည်းများဖြင့် သင့် အရေပြားကို ထိန်းသိမ်းခြင်းသည် အရေးကြီးပါသည်။ အထက်ပါအကြံပေးချက်များကို လိုက်နာခြင်းဖြင့် ကျန်းမာသော အရေပြားပိုင်ရှင်များဖြစ်ကြပါစေ။
မူရင်းအား လေးစားစွာ credit ပေးပါသည်