တရားေတာ္

ကံကောင်းချင်လာပြီဆိုရင် ဘယ်လိုတွေ ကြုံလာရနိုင်လဲ

ကံကောင်းချင်လာပြီဆိုရင် ဘယ်လိုတွေ ကြုံလာရနိုင်လဲ

လူတစ်ယောက် ကံကောင်းချင်လာပြီဆိုရင် ဒီလိုတွေဖြစ်လာလိ်မ့်မယ်…

လူတစ်ယောက်သည် ကံကောင်းချင်လာပြီဆိုလျှင် စိတ်တည်ငြိမ်လာခြင်း၊ စိတ်ရှုပ်ထွေးမှုကင်းကာ စိတ်များကြည်လင် လန်းဆန်းလာခြင်းစသော လက္ခဏာများ ဖြစ်ပေါ်လာလေ့ ရှိကြပါသည် …။

၎င်းစိတ်ကို ယေဘုယျအားဖြင့် ကောင်းစိတ်ဟု သတ်မှတ်နိုင်ပါပေသည် …

ထိုစိတ်မျိုး ဝင်လာလျှင် ‘ငါတော့ ကံကောင်းတော့မယ်၊ ဒီစိတ်ဟာ ကောင်း ကံပြုလုပ်ဖြစ်ဖို့ အကြောင်းခံ စိတ်ပေပဲ’ ဟု သဘောထားကာ

ထိုစိတ်ကို ပျောက်ပျက် မသွားရအောင် ထိန်းထားပြီး ကောင်းမှုတစ်ခုခုကို ပြုလုပ်ဖြစ်အောင်သာ ကြိုးစား လုပ်ဆောင်ယူရမည်ဖြစ်သည်။

ထို့အပြင် အများဆုံး ပြုလုပ်ဖြစ်လေ့ ရှိသည့် လေ့ကျင့်နေစရာ အထူးမလိုသော သမားရိုးကျ မကောင်းကံဘက်သို့ ပြန်ပြောင်း နောက်ကြောင်းပြန် မလှည့်မိစေရန်လည်း အထူးသတိထားရန် လိုအပ်ပါသည်။

လှူချင်တန်းချင်စိတ် ပေါ်လာလျှင် ‘ငါ ကံကောင်းလာပြီ၊ ဒီကံလေး အထမြောက်အောင် ငါ လှူပေးဦးမှ’၊ သီလဆောက်တည်ချင်စိတ် ပေါ်လာလျှင် ‘ငါကံကောင်း လာပြီ၊ သီလလေး ဆောက်တည်ပြီး နေဦးမှ’၊

ဘုရားရှိခိုးချင်စိတ် ပေါ်လာလျှင် ‘ငါ ကံကောင်းလာပြီ၊ ဘုရားရှိခိုးပြီးတော့ ပူဇော်လိုက်ဦးမှ’၊ ဘာဝနာကမ္မဋ္ဌာန်း ပွါးများချင်စိတ်၊ တရားအားထုတ်ချင်စိတ် ပေါ်လာလျှင်

‘ငါ ကံကောင်းလာပြီ၊ ပွါးများဖြစ်အောင် ပွါးများလိုက်ဦးမှ၊ အားထုတ်ဖြစ်အောင် အားထုတ်လိုက်ဦးမှ’ စသည်ဖြင့် ကောင်းကံများ အထမြောက် အောင်မြင်စေရန် ကြိုးစား လုပ်ဆောင်ရမည် ဖြစ်သည်။

ကောင်းစိတ်များ ပေါ်လာပြီး ကောင်းကံများကိုပြုလုပ် အားထုတ်ဖြစ်လျှင် အခွင့်အရေးကောင်း၊ အခြေအနေကောင်းများ ရလာပြီဟု မှတ်ယူရမည်ဖြစ်ပြီး ၎င်းအခွင့်ကောင်း၊ အခြေအနေကောင်းများကို လက်မလွတ်စေရန် လွန်စွာ အရေးကြီးပါသည် …။

ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြပါစေ။

yokesone

ကံေကာင္းခ်င္လာၿပီဆိုရင္ ဘယ္လိုေတြ ၾကဳံလာရနိုင္လဲ

လူတစ္ေယာက္ ကံေကာင္းခ်င္လာၿပီဆိုရင္ ဒီလိုေတြျဖစ္လာလိ္မ့္မယ္…

လူတစ္ေယာက္သည္ ကံေကာင္းခ်င္လာၿပီဆိုလၽွင္ စိတ္တည္ၿငိမ္လာျခင္း၊ စိတ္ရႈပ္ေထြးမႈကင္းကာ စိတ္မ်ားၾကည္လင္ လန္းဆန္းလာျခင္းစေသာ လကၡဏာမ်ား ျဖစ္ေပၚလာေလ့ ရွိၾကပါသည္ …။

၎စိတ္ကို ေယဘုယ်အားျဖင့္ ေကာင္းစိတ္ဟု သတ္မွတ္နိုင္ပါေပသည္ …

ထိုစိတ္မ်ိဳး ဝင္လာလၽွင္ ‘ငါေတာ့ ကံေကာင္းေတာ့မယ္၊ ဒီစိတ္ဟာ ေကာင္း ကံျပဳလုပ္ျဖစ္ဖို႔ အေၾကာင္းခံ စိတ္ေပပဲ’ ဟု သေဘာထားကာ

ထိုစိတ္ကို ေပ်ာက္ပ်က္ မသြားရေအာင္ ထိန္းထားၿပီး ေကာင္းမႈတစ္ခုခုကို ျပဳလုပ္ျဖစ္ေအာင္သာ ႀကိဳးစား လုပ္ေဆာင္ယူရမည္ျဖစ္သည္။

ထို႔အျပင္ အမ်ားဆုံး ျပဳလုပ္ျဖစ္ေလ့ ရွိသည့္ ေလ့က်င့္ေနစရာ အထူးမလိုေသာ သမားရိုးက် မေကာင္းကံဘက္သို႔ ျပန္ေျပာင္း ေနာက္ေၾကာင္းျပန္ မလွည့္မိေစရန္လည္း အထူးသတိထားရန္ လိုအပ္ပါသည္။

လႉခ်င္တန္းခ်င္စိတ္ ေပၚလာလၽွင္ ‘ငါ ကံေကာင္းလာၿပီ၊ ဒီကံေလး အထေျမာက္ေအာင္ ငါ လႉေပးဦးမွ’၊ သီလေဆာက္တည္ခ်င္စိတ္ ေပၚလာလၽွင္ ‘ငါကံေကာင္း လာၿပီ၊ သီလေလး ေဆာက္တည္ၿပီး ေနဦးမွ’၊

ဘုရားရွိခိုးခ်င္စိတ္ ေပၚလာလၽွင္ ‘ငါ ကံေကာင္းလာၿပီ၊ ဘုရားရွိခိုးၿပီးေတာ့ ပူေဇာ္လိုက္ဦးမွ’၊ ဘာဝနာကမၼ႒ာန္း ပြါးမ်ားခ်င္စိတ္၊ တရားအားထုတ္ခ်င္စိတ္ ေပၚလာလၽွင္

‘ငါ ကံေကာင္းလာၿပီ၊ ပြါးမ်ားျဖစ္ေအာင္ ပြါးမ်ားလိုက္ဦးမွ၊ အားထုတ္ျဖစ္ေအာင္ အားထုတ္လိုက္ဦးမွ’ စသည္ျဖင့္ ေကာင္းကံမ်ား အထေျမာက္ ေအာင္ျမင္ေစရန္ ႀကိဳးစား လုပ္ေဆာင္ရမည္ ျဖစ္သည္။

ေကာင္းစိတ္မ်ား ေပၚလာၿပီး ေကာင္းကံမ်ားကိုျပဳလုပ္ အားထုတ္ျဖစ္လၽွင္ အခြင့္အေရးေကာင္း၊ အေျခအေနေကာင္းမ်ား ရလာၿပီဟု မွတ္ယူရမည္ျဖစ္ၿပီး ၎အခြင့္ေကာင္း၊ အေျခအေနေကာင္းမ်ားကို လက္မလြတ္ေစရန္ လြန္စြာ အေရးႀကီးပါသည္ …။

ဓမၼမိတ္ေဆြ သူေတာ္စင္အေပါင္း က်န္းမာရႊင္လန္း ၿငိမ္းေအးနိုင္ၾကပါေစ။

yokesone