အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
“ျမန္မာျပည္ကိုခ်စ္ရင္ ဒီစာကို အဆုံးထိဖတ္ေပးပါ ဘဏ္လုပ္ငန္းရွင္ မ်ားျမင္ပါေစ ေျမးေလးတို႔ကို ဒီအေၾကာင္း မေျပာျပပါနဲ႔”
ေရးသားသူ – ေဒါက္တာခင္ေမာင္ညိဳ
(၁) တစ္ခါက လူတစ္ေယာက္မွာ အင္မတန္ေကာင္းတဲ့ ျမင္းတစ္ေကာင္ ရွိသတဲ့။ ခ်မ္းသာႂကြယ္ဝတဲ့သူေတြက သူရဲ႕ျမင္းကို ေဈးေကာင္းေပးဝ
ယ္ေပမယ့္ ျမင္းပိုင္ရွင္လုလင္ကေတာ့ သူ႔ျမင္းကို မေရာင္းပါဘူးတဲ့။
အဲဒီထဲက လူတစ္ေယာက္ကေတာ့ ဒီျမင္းကို မရမက ရေအာင္ယူဖို႔ ဆုံးျဖတ္ၿပီး အဲဒီျမင္းပိုင္ရွင္ သြားလာတဲ့ေနရာ ေတြကို လိုက္စုံစမ္းသတဲ့။ ဒီေတာ့ အႀ
ကံသမားဟာ ျမင္းပိုင္ရွင္လာမယ့္ ေတာအုပ္တစ္ခုထဲကလမ္းမွာ လွဲအိပ္ေနသတဲ့။
ပါးစပ္ကလည္း “ေရ .. ေရ .. ေရ ေပးပါ” လို႔ေအာ္ေနသတဲ့။ ျမင္းပိုင္ရွင္လုလင္ဟာ အဲဒီေနရာနား ေရာက္ေတာ့ လူတစ္ေယာက္လဲေနတာကို
ေတြ႕တယ္။ ေရေပးပါလို႔ ေအာ္သံလည္းၾကားေတာ့
အဖ်ားတက္ေနသူႀကီးပဲလို႔ ျမင္းေပၚကေန ဆင္းလာၿပီး ေရတိုက္မယ္လို႔ ေရဘူးကိုထုတ္ကာ လဲက်ေနသူထံကို သြားသတဲ့။
သူ႔အနားလည္းေရာက္ေရာ လဲက်ေနသူက ျမင္းဆီကိုေျပးၿပီး ခုန္တက္လိုက္တယ္။ ျမင္းပိုင္ရွင္လုလင္က အံ့ဩသြားတာေပါ့။

ၿပီးမွ သတိရၿပီး “ေဟ့လူဘာလုပ္တာလဲ” လို႔ ေနာက္က ေျပးလိုက္သြားတယ္။ ဒါေပမဲ့ ေနာက္က်သြားတယ္။ အႀကံသမားဟာ ျမင္းကိုရသြားၿပီမို႔ စီးထြက္
သြားတယ္။ ဒီအခါ ျမင္းပိုင္ရွင္လုလင္က
“ေဟ့လူ ခဏေစာင့္ဦး၊ က်ဳပ္ေျပာစရာရွိလို႔” ျမင္းကိုရထားတဲ့ အႀကံသမားကေတာ့ ျမင္းကို ေခတၱရပ္လိုက္ၿပီး “ဘာေျပာမလို႔လဲ။ ခင္ဗ်ားျမင္း
ဘယ္ေလာက္ေကာင္းတယ္ဆိုတာ ခင္ဗ်ားလည္းသိတာပဲ။
ခင္ဗ်ား က်ဳပ္ကို ဘယ္ေတာ့မွ လိုက္မမီဘူး” “ဟုတ္ပါတယ္၊ က်ဳပ္နားလည္ပါတယ္။ ဒါေပမဲ့ က်ဳပ္ေျပာတာ နားေထာင္ပါဦး” “ေျပာ” “ခင္ဗ်ား က်ဳပ္ျမင္းကို ဒီလိုရသြားတ
ယ္လို႔ ဘယ္သူ႔ကိုမွမေျပာပါနဲ႔ဗ်ာ။
မေျပာလိုက္ပါနဲ႔” “ဘာျဖစ္လို႔လဲ ကြၽန္ေတာ္ေျပာသလို လိုက္လုပ္မွာမို႔လို႔လား” “မဟုတ္ပါဘူး။ တကယ္လို႔ ခင္ဗ်ားေျပာလိုက္ရင္ လမ္းမွာ တကယ္ေနမေ
ကာင္းတဲ့လူေတြကို ဘယ္သူကမွ ကူညီေတာ့မွာ မဟုတ္ဘူး”
“ခင္ဗ်ာ” “ခင္ဗ်ား ျမင္းကိုသာ ယူသြားပါ လူေတြရဲ႕စိတ္ဓာတ္ေတြကိုေတာ့ မဖ်က္ဆီးလိုက္ပါနဲ႔”
(၂) တကယ္ေတာ့ ကြၽန္ေတာ္တို႔တေတြ ဘာလုပ္ေနလဲ ဆိုတာကို သတိထားရမယ္။ စိတ္ဓာတ္ေတြကို မဖ်က္ဆီးသင့္ပါဘူး။
ဥပမာ ဘဏ္တစ္ခုက ကြၽန္ေတာ္တို႔လို အသက္ ၆၀ ေက်ာ္တဲ့လူေတြကို ပိုက္ဆံ တစ္ပါတ္ကို ၃ သိန္း ထုတ္ေပးမတဲ့။ (ဘဏ္အမည္ကို K-Bank လို႔မွတ္သားႏိုင္ပါတယ္) ေ
ကာင္းတဲ့အစီအစဥ္ပဲ မဟုတ္လား။
ပထမ ဒီအတြက္ online Booking တင္ရမတဲ့။ ၈၅၅၅xxxx ကို ဆက္ပါတဲ့။ အသက္ ၆၀ ေက်ာ္ မ်ိဳးဆက္ႀကီးေတြ ကြၽန္ေတာ့္လို ၇၅ ႏွစ္ေက်ာ္သူေတြက
အင္တာနက္မွာ ဒီလို online Booking တင္ဖို႔ မကြၽမ္းက်င္ဘူးဆိုတာ သူတို႔ သိေလာက္ပါတယ္။ (ခုဆိုရင္ ေနာက္အထိ Booking ျပည့္ေနၿပီတဲ့)။
ေစတနာနဲ႔ လုပ္တယ္ဆိုရင္ေတာ့ နီးစပ္ရာဘဏ္ေတြမွာ Booking တင္ခိုင္းလိုက္လို႔ ရပါတယ္။ ဆိုလိုတာ နီးစပ္ရာဘဏ္ခြဲမွာ စာ႐ြက္နဲ႔ ေဘာပင္ေတြ ရွိတာပဲ။ ေ
ရးခိုင္းလိုက္ေပါ့ဗ်ာ။
မခက္ပါဘူး၊ ဖုန္းနံပါတ္ကို ထည့္ေပးထားခိုင္းရင္ အဆင္ေျပ တာပဲေပါ့။ ဘယ္ေန႔ဘယ္အခ်ိန္မွာ လာထုတ္ႏိုင္တယ္ ဆိုတာကို ဖုန္းဆက္ အေၾကာင္းအၾ
ကားေပါ့။
ဒါမွမလုပ္ႏိုင္ရင္ ဘဏ္က Notice Board မွာ ေၾကညာထားလို႔လည္း ရ တာပဲ။ သူတို႔ ဒီလိုမလုပ္ပါဘူး။ (၈၅၅၅…. ကို ဖုန္းေခၚလို႔လည္း ဘယ္ေတာ့မွ
မရဘူးတဲ့) ဒုတိယကေတာ့ သူတို႔က K-Pay Account ကို ဖြင့္ခိုင္းတယ္။
ကြၽန္ေတာ္တို႔ မတတ္ၾကပါဘူး။ တတိယကေတာ့ လူေနအိမ္ေျခေတြ အားလုံးနဲ႔ ေဝးတဲ့ M-Park မွာ လာေရာက္ထုတ္ခိုင္းသတဲ့။ ၆၀ေက်ာ္ ကြၽန္ေ
တာ့္မိတ္ေဆြက သူရဲ႕သမီးေတြရဲ႕ အကူအညီနဲ႔ အဆင္ေျပကာ Booking တင္ႏိုင္ခဲ့တယ္။
သူ႔အိမ္နဲ႔ကပ္ရက္မွာ K-Bank ရွိေပမဲ့ M- Park ကို ခက္ခဲစြာသြားရတယ္။ Taxi က ၅၀၀၀ ေတာင္းပါသတဲ့။ အသြားအျပန္ ၁၀၀၀၀ က်ပ္ေပါ့။ ဘုရားဘုရား။
ကြၽန္ေတာ္ စိတ္မေကာင္းပါ။
(၃) ကြၽန္ေတာ္တို႔ ဒုတိယတန္းမွာ သင္ရတဲ့ ပုံျပင္ေလးတစ္ပုဒ္ကို သတိသြားရပါတယ္။ တစ္ခါက ေျမေခြးတစ္ေကာင္ဟာ ငွက္က်ားတစ္ေကာင္ကို ညစာစားဖို႔ ဖိ
တ္ေခၚသတဲ့။
ေျမေခြးဟာ အရည္က်ဲတဲ့ ဟင္းရည္ကို ပန္းကန္ပက္ပက္ထဲမွာ ထည့္ၿပီး ငွက္က်ားကို ေကြၽးသတဲ့။ ငွက္က်ားရဲ႕ ႏႈတ္သီးရွည္ဟာ ပန္းကန္ထဲက ဟင္းရည္ကို မေသာက္ႏိုင္
ဘူးေပါ့။
ဒီအခါ ေျမေခြးက သူ႔ပန္းကန္မွာ ထည့္ထားတဲ့ ဟင္းရည္ေတြကို လွ်ာနဲ႔လ်က္ကာ စားလိုက္သတဲ့။ ငွက္က်ားဟာ ေျမေခြးစားတာကိုပဲ ေငးမႈိင္ကာ ၾကည့္ေ
နရသတဲ့။
ေနာက္တစ္ႀကိမ္မွာ ငွက္က်ားကလည္း ေျမေခြးကို ညစာစားဖို႔ ဖိတ္ပါတယ္။ ငွက္က်ားဟာ က်ည္ေတာက္ထဲမွာ အသားေတြထည့္ၿပီး ေျမေခြးကို စားဖို႔ေျပာတ
ယ္။
ေျမေခြးဟာ က်ည္ေတာက္ထဲ ႏႈတ္သီးကို ထိုးသြင္းေပမယ့္ မဝင္ဘူး။ ငွက္က်ားကေတာ့ အေဆြေျမေခြးစားပါ လို႔ေျပာၿပီး
သူရဲ႕ ႏႈတ္သီးရွည္နဲ႔ က်ည္ေတာက္ထဲက အသားတုံးကို ထိုးၿပီး ယူစားပါသတဲ့။ ေျမေခြးဟာ ငွက္က်ား စားတာကိုပဲ ေငးမႈိင္ကာ ၾကည့္ေနရသတဲ့။ ျမန္မာစကား
ရွိပါတယ္။ ေပးကားေပး၏ မရ။ ေကြၽးကားေကြၽး၏ မဝ။
(၄) ဘဏ္လုပ္ငန္းရွင္မ်ားကို ကြၽန္ေတာ္တို႔ ေလးစားပါတယ္။ ယေန႔ေခတ္မွာ ဘဏ္ဆိုတာဟာ ကမာၻ႔ကုန္သြယ္ေရးတင္သာမက ျပည္တြင္းကုန္သြယ္ေရးမွာလ
ည္း မရွိမျဖစ္ အေရးပါပါတယ္။ အနာဂတ္အတြက္ မ႑ိဳင္ႀကီးတစ္ရပ္ပါ။
ဒါေပမဲ့ ဘဏ္ဆိုတာ သူရဲ႕ေဖာက္သည္ (Clients) ေတြနဲ႔ တည္ေဆာက္ထားတာပါ။ ေငြေၾကးေတြ ယုံၾကည္ခ်က္ေတြနဲ႔ တည္ေဆာက္ထား႐ုံသာမက ေမ
တၱာေစတနာအျပည့္နဲ႔ တည္ ေဆာက္ရပါတယ္။
၂၀၁၀ ခုႏွစ္က ကြၽန္ေတာ္ အေမရိကန္ျပည္ေထာင္စုေရာက္ေတာ့ Chase ဘဏ္မွာ Account တစ္ခု ဖြင့္ပါတယ္။ VISA Card ကို ရပါတယ္။ ဒီလို Account ဖြ
င့္တာနဲ႔ သူတို႔က ကြၽန္ေတာ့္ဆီကို
ေဖာက္သည္အသစ္အေနနဲ႔ ေဒၚလာတစ္ရာ ေမတၱာလက္ေဆာင္ ထည့္ေပးပါတယ္။ သူတို႔ခ်မ္းသာလို႔ ပိုက္ဆံေပးႏိုင္တာေပါ့။ ကြၽန္ေတာ္တို႔ ဆင္းရဲေ
တာ့ မေပးႏိုင္ဘူး။ အဆင္ေျပပါတယ္။
ဒါေပမဲ့ ကြၽန္ေတာ္တို႔ ဘဏ္ေတြဟာ သူတို႔လို ပိုက္ဆံမေပးႏိုင္ေပမဲ့ ေမတၱာေလးေတာ့ ေပးႏိုင္ပါတယ္။ (ေပးခ်င္ရင္ေပါ့) အေမရိကန္ေတြက
ကားေတြ ရထားေတြ စီးတဲ့အခါ
အသက္ ၆၅ ႏွစ္ေက်ာ္သူေတြကို ပင္စင္နာလို႔ေခၚတယ္။ ကားခတစ္ဝက္သာ ေပးရတယ္။ ရထားခတစ္ဝက္သာ ေပးရတယ္။
လူတိုင္း ေထာက္ပံ့ေၾကးရလို႔ ၆၅ ႏွစ္အထက္ေတြကို Pensioners ေတြလို႔ ေခၚတာပဲေပါ့။ ပင္စင္နာေတြကို ခင္ဗ်ားတို႔က မၾကင္နာဘူး။
ကိစၥမရွိပါဘူး၊ ဘာေၾကာင့္ ငွက္က်ားကို အစာေကြၽးသလို ပန္းကန္ျပားထဲ ဟင္းရည္က်ဲက်ဲ ထည့္ေပးရတာလဲ။
(၅) ကြၽန္ေတာ္ အျပစ္တင္ေနတာ မဟုတ္ပါ။ ဝမ္းနည္းစရာေကာင္းတာကို ေျပာေနတာပါ။ တစ္ေယာက္ကိုတစ္ေယာက္ မေလးစားပဲနဲ႔ ဒီလုပ္ငန္းႀ
ကီးကို ေအာင္ျမင္ေအာင္ တည္ေဆာက္ႏိုင္မယ္လို႔ တကယ္ပဲ ထင္ျမင္ယူဆပါသလား၊
ယေန႔လုပ္ငန္းေတြဟာ သိကၡာရွိရွိ ကမာၻနဲ႔ရင္ေဘာင္တန္းႏိုင္ေအာင္ ႀကိဳးစားဆဲပဲ မဟုတ္ပါလား၊ ဒါလည္း ဘယ္ေလာက္ၾကာေသးလို႔လဲ။ ကြၽ
န္ေတာ္တို႔ ပင္စင္စားႀကီးေတြရဲ႕မ်ိဳးဆက္ေတြကေတာ့ ခင္ဗ်ားတို႔သေဘာထားကို နားလည္ သေဘာေပါက္သြားပါၿပီ။
ကြၽန္ေတာ္တို႔ ဘဏ္မွာထည့္ထားတဲ့ပိုက္ဆံဟာ ခင္ဗ်ားတို႔ႏွိပ္စက္တာကို ခံရသလိုျဖစ္ေနၿပီလား၊ အခ်ိဳ႕က အႏွိမ္ခံၿပီး ျပန္မထုတ္လိုပါ။ ဒါကို အခ်ိဳ႕လည္း (ဆင္းရဲ
လို႔) ကိုယ့္ပိုက္ဆံကိုယ္ ရလိုခ်င္စိတ္နဲ႔ ႀကိဳးစားတာပဲ။

ကြၽန္ေတာ္က ကိုယ့္ေရွ႕မွာရွိတဲ့ စားပြဲေပၚက ပစၥည္းေတြကို ၾကည့္ေနမိတယ္။ ကြန္ပ်ဴတာ၊ တယ္လီဖုန္း၊ ခဲတံကအစ အားလုံး ႏိုင္ငံျခား လုပ္တာပဲ။
ကြန္ပ်ဴတာက ေဝလာ ေဝးေပါ့။
ကြၽန္ေတာ္ဆိုလိုတာက ကြၽန္ေတာ္တို႔ အမ်ားႀကီး ႀကိဳးစားၾကရမွာပါ။ ကြၽန္ေတာ္တို႔တေတြ တစ္ေယာက္ကိုတစ္ ေယာက္ လက္တြဲသြားၾကရမွာ
ျဖစ္တယ္။ တစ္ေယာက္ကိုတစ္ေယာက္ ၾကင္နာပါ။ ေလးစားပါ။ ေမတၱာထားပါ။
ကြၽန္ေတာ္တို႔စိတ္ဓာတ္ေတြ ပ်က္စီးေနၿပီလား။ သူတပါးရဲ႕စိတ္ဓာတ္ကိုေရာ ဖ်က္ဆီးေနၿပီလား။ လြတ္လပ္ေရးရအၿပီး အႏွစ္ ၇၀ ေက်ာ္မွာ ကြၽန္ေတာ္
တို႔ဟာ ဘာလို႔အဆတစ္ရာေက်ာ္ ဆင္းရဲသြားရတာလဲ။ စိတ္ဓာတ္ကိုျပဳျပင္ရမွာေပါ့။
(၆) နိဂုံးခ်ဳပ္ေနနဲ႔ မ်ိဳးဆက္သစ္တို႔ကို မွာခ်င္ပါတယ္။ သားတို႔ သမီးေရ.. အေဖတို႔ ဘဏ္ေတြဟာ အေဖတို႔လို လူႀကီးေတြကို ငွက္က်ားကို ပန္းကန္ျပားပက္ပ
က္နဲ႔ ဟင္းရည္က်ဲ ေကြၽးတာကို နမူနာ မယူပါနဲ႔။
မသိခ်င္ေယာင္ေဆာင္ ေနၾကပါ။ ဘယ္သူ႔ကိုမွလည္း မသိေစပါနဲ႔။ ေျမးေလးတို႔ကိုလည္း ဒီအေၾကာင္းကို ေယာင္လို႔ေတာင္မွ မေျပာျပ
မိေစနဲ႔။
ေဒါက္တာခင္ေမာင္ညိဳ
Unicode
“မြန်မာပြည်ကိုချစ်ရင် ဒီစာကို အဆုံးထိဖတ်ပေးပါ ဘဏ်လုပ်ငန်းရှင် များမြင်ပါစေ မြေးလေးတို့ကို ဒီအကြောင်း မပြောပြပါနဲ့”
ရေးသားသူ – ဒေါက်တာခင်မောင်ညို
(၁) တစ်ခါက လူတစ်ယောက်မှာ အင်မတန်ကောင်းတဲ့ မြင်းတစ်ကောင် ရှိသတဲ့။ ချမ်းသာကြွယ်ဝတဲ့သူတွေက သူရဲ့မြင်းကို ဈေးကောင်းပေးဝယ်ပေမယ့် မြင်းပိုင်ရှင်
လုလင်ကတော့ သူ့မြင်းကို မရောင်းပါဘူးတဲ့။
အဲဒီထဲက လူတစ်ယောက်ကတော့ ဒီမြင်းကို မရမက ရအောင်ယူဖို့ ဆုံးဖြတ်ပြီး အဲဒီမြင်းပိုင်ရှင် သွားလာတဲ့နေရာ တွေကို လိုက်စုံစမ်းသတဲ့။ ဒီတော့ အကြံသမားဟာ
မြင်းပိုင်ရှင်လာမယ့် တောအုပ်တစ်ခုထဲကလမ်းမှာ လှဲအိပ်နေသတဲ့။
ပါးစပ်ကလည်း “ရေ .. ရေ .. ရေ ပေးပါ” လို့အော်နေသတဲ့။ မြင်းပိုင်ရှင်လုလင်ဟာ အဲဒီနေရာနား ရောက်တော့ လူတစ်ယောက်လဲနေတာကို တွေ့တယ်။ ရေပေးပါလို့
အော်သံလည်းကြားတော့
အဖျားတက်နေသူကြီးပဲလို့ မြင်းပေါ်ကနေ ဆင်းလာပြီး ရေတိုက်မယ်လို့ ရေဘူးကိုထုတ်ကာ လဲကျနေသူထံကို သွားသတဲ့။
သူ့အနားလည်းရောက်ရော လဲကျနေသူက မြင်းဆီကိုပြေးပြီး ခုန်တက်လိုက်တယ်။ မြင်းပိုင်ရှင်လုလင်က အံ့ဩသွားတာပေါ့။

ပြီးမှ သတိရပြီး “ဟေ့လူဘာလုပ်တာလဲ” လို့ နောက်က ပြေးလိုက်သွားတယ်။ ဒါပေမဲ့ နောက်ကျသွားတယ်။ အကြံသမားဟာ မြင်းကိုရသွားပြီမို့ စီးထွက်သွားတယ်။
ဒီအခါ မြင်းပိုင်ရှင်လုလင်က
“ဟေ့လူ ခဏစောင့်ဦး၊ ကျုပ်ပြောစရာရှိလို့” မြင်းကိုရထားတဲ့ အကြံသမားကတော့ မြင်းကို ခေတ္တရပ်လိုက်ပြီး “ဘာပြောမလို့လဲ။ ခင်ဗျားမြင်းဘယ်လောက်ကောင်း
တယ်ဆိုတာ ခင်ဗျားလည်းသိတာပဲ။
ခင်ဗျား ကျုပ်ကို ဘယ်တော့မှ လိုက်မမီဘူး” “ဟုတ်ပါတယ်၊ ကျုပ်နားလည်ပါတယ်။ ဒါပေမဲ့ ကျုပ်ပြောတာ နားထောင်ပါဦး” “ပြော” “ခင်ဗျား ကျုပ်မြင်းကို ဒီလိုရ
သွားတယ်လို့ ဘယ်သူ့ကိုမှမပြောပါနဲ့ဗျာ။
မပြောလိုက်ပါနဲ့” “ဘာဖြစ်လို့လဲ ကျွန်တော်ပြောသလို လိုက်လုပ်မှာမို့လို့လား” “မဟုတ်ပါဘူး။ တကယ်လို့ ခင်ဗျားပြောလိုက်ရင် လမ်းမှာ တကယ်နေမကောင်းတဲ့လူ
တွေကို ဘယ်သူကမှ ကူညီတော့မှာ မဟုတ်ဘူး”
“ခင်ဗျာ” “ခင်ဗျား မြင်းကိုသာ ယူသွားပါ လူတွေရဲ့စိတ်ဓာတ်တွေကိုတော့ မဖျက်ဆီးလိုက်ပါနဲ့”
(၂) တကယ်တော့ ကျွန်တော်တို့တတွေ ဘာလုပ်နေလဲ ဆိုတာကို သတိထားရမယ်။ စိတ်ဓာတ်တွေကို မဖျက်ဆီးသင့်ပါဘူး။
ဥပမာ ဘဏ်တစ်ခုက ကျွန်တော်တို့လို အသက် ၆၀ ကျော်တဲ့လူတွေကို ပိုက်ဆံ တစ်ပါတ်ကို ၃ သိန်း ထုတ်ပေးမတဲ့။ (ဘဏ်အမည်ကို K-Bank လို့မှတ်သားနိုင်ပါ
တယ်) ကောင်းတဲ့အစီအစဉ်ပဲ မဟုတ်လား။
ပထမ ဒီအတွက် online Booking တင်ရမတဲ့။ ၈၅၅၅xxxx ကို ဆက်ပါတဲ့။ အသက် ၆၀ ကျော် မျိုးဆက်ကြီးတွေ ကျွန်တော့်လို ၇၅ နှစ်ကျော်သူတွေက
အင်တာနက်မှာ ဒီလို online Booking တင်ဖို့ မကျွမ်းကျင်ဘူးဆိုတာ သူတို့ သိလောက်ပါတယ်။ (ခုဆိုရင် နောက်အထိ Booking ပြည့်နေပြီတဲ့)။
စေတနာနဲ့ လုပ်တယ်ဆိုရင်တော့ နီးစပ်ရာဘဏ်တွေမှာ Booking တင်ခိုင်းလိုက်လို့ ရပါတယ်။ ဆိုလိုတာ နီးစပ်ရာဘဏ်ခွဲမှာ စာရွက်နဲ့ ဘောပင်တွေ ရှိတာပဲ။ ရေး
ခိုင်းလိုက်ပေါ့ဗျာ။
မခက်ပါဘူး၊ ဖုန်းနံပါတ်ကို ထည့်ပေးထားခိုင်းရင် အဆင်ပြေ တာပဲပေါ့။ ဘယ်နေ့ဘယ်အချိန်မှာ လာထုတ်နိုင်တယ် ဆိုတာကို ဖုန်းဆက် အကြောင်းအကြားပေါ့။
ဒါမှမလုပ်နိုင်ရင် ဘဏ်က Notice Board မှာ ကြေညာထားလို့လည်း ရ တာပဲ။ သူတို့ ဒီလိုမလုပ်ပါဘူး။ (၈၅၅၅…. ကို ဖုန်းခေါ်လို့လည်း ဘယ်တော့မှ မရဘူးတဲ့)
ဒုတိယကတော့ သူတို့က K-Pay Account ကို ဖွင့်ခိုင်းတယ်။
ကျွန်တော်တို့ မတတ်ကြပါဘူး။ တတိယကတော့ လူနေအိမ်ခြေတွေ အားလုံးနဲ့ ဝေးတဲ့ M-Park မှာ လာရောက်ထုတ်ခိုင်းသတဲ့။ ၆၀ကျော် ကျွန်တော့်မိတ်ဆွေက သူရဲ့
သမီးတွေရဲ့ အကူအညီနဲ့ အဆင်ပြေကာ Booking တင်နိုင်ခဲ့တယ်။
သူ့အိမ်နဲ့ကပ်ရက်မှာ K-Bank ရှိပေမဲ့ M- Park ကို ခက်ခဲစွာသွားရတယ်။ Taxi က ၅၀၀၀ တောင်းပါသတဲ့။ အသွားအပြန် ၁၀၀၀၀ ကျပ်ပေါ့။ ဘုရားဘုရား။
ကျွန်တော် စိတ်မကောင်းပါ။
(၃) ကျွန်တော်တို့ ဒုတိယတန်းမှာ သင်ရတဲ့ ပုံပြင်လေးတစ်ပုဒ်ကို သတိသွားရပါတယ်။ တစ်ခါက မြေခွေးတစ်ကောင်ဟာ ငှက်ကျားတစ်ကောင်ကို ညစာစားဖို့ ဖိတ်
ခေါ်သတဲ့။
မြေခွေးဟာ အရည်ကျဲတဲ့ ဟင်းရည်ကို ပန်းကန်ပက်ပက်ထဲမှာ ထည့်ပြီး ငှက်ကျားကို ကျွေးသတဲ့။ ငှက်ကျားရဲ့ နှုတ်သီးရှည်ဟာ ပန်းကန်ထဲက ဟင်းရည်ကို မသောက်
နိုင်ဘူးပေါ့။
ဒီအခါ မြေခွေးက သူ့ပန်းကန်မှာ ထည့်ထားတဲ့ ဟင်းရည်တွေကို လျှာနဲ့လျက်ကာ စားလိုက်သတဲ့။ ငှက်ကျားဟာ မြေခွေးစားတာကိုပဲ ငေးမှိုင်ကာ ကြည့်နေရသတဲ့။
နောက်တစ်ကြိမ်မှာ ငှက်ကျားကလည်း မြေခွေးကို ညစာစားဖို့ ဖိတ်ပါတယ်။ ငှက်ကျားဟာ ကျည်တောက်ထဲမှာ အသားတွေထည့်ပြီး မြေခွေးကို စားဖို့ပြောတယ်။
မြေခွေးဟာ ကျည်တောက်ထဲ နှုတ်သီးကို ထိုးသွင်းပေမယ့် မဝင်ဘူး။ ငှက်ကျားကတော့ အဆွေမြေခွေးစားပါ လို့ပြောပြီး
သူရဲ့ နှုတ်သီးရှည်နဲ့ ကျည်တောက်ထဲက အသားတုံးကို ထိုးပြီး ယူစားပါသတဲ့။ မြေခွေးဟာ ငှက်ကျား စားတာကိုပဲ ငေးမှိုင်ကာ ကြည့်နေရသတဲ့။ မြန်မာစကား ရှိပါ
တယ်။ ပေးကားပေး၏ မရ။ ကျွေးကားကျွေး၏ မဝ။
(၄) ဘဏ်လုပ်ငန်းရှင်များကို ကျွန်တော်တို့ လေးစားပါတယ်။ ယနေ့ခေတ်မှာ ဘဏ်ဆိုတာဟာ ကမ္ဘာ့ကုန်သွယ်ရေးတင်သာမက ပြည်တွင်းကုန်သွယ်ရေးမှာလည်း မရှိ
မဖြစ် အရေးပါပါတယ်။ အနာဂတ်အတွက် မဏ္ဍိုင်ကြီးတစ်ရပ်ပါ။
ဒါပေမဲ့ ဘဏ်ဆိုတာ သူရဲ့ဖောက်သည် (Clients) တွေနဲ့ တည်ဆောက်ထားတာပါ။ ငွေကြေးတွေ ယုံကြည်ချက်တွေနဲ့ တည်ဆောက်ထားရုံသာမက မေတ္တာစေတနာ
အပြည့်နဲ့ တည် ဆောက်ရပါတယ်။
၂၀၁၀ ခုနှစ်က ကျွန်တော် အမေရိကန်ပြည်ထောင်စုရောက်တော့ Chase ဘဏ်မှာ Account တစ်ခု ဖွင့်ပါတယ်။ VISA Card ကို ရပါတယ်။ ဒီလို Account ဖွင့်တာနဲ့
သူတို့က ကျွန်တော့်ဆီကို
ဖောက်သည်အသစ်အနေနဲ့ ဒေါ်လာတစ်ရာ မေတ္တာလက်ဆောင် ထည့်ပေးပါတယ်။ သူတို့ချမ်းသာလို့ ပိုက်ဆံပေးနိုင်တာပေါ့။ ကျွန်တော်တို့ ဆင်းရဲတော့ မပေးနိုင်ဘူး။
အဆင်ပြေပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ ဘဏ်တွေဟာ သူတို့လို ပိုက်ဆံမပေးနိုင်ပေမဲ့ မေတ္တာလေးတော့ ပေးနိုင်ပါတယ်။ (ပေးချင်ရင်ပေါ့) အမေရိကန်တွေက ကားတွေ ရထားတွေ စီး
တဲ့အခါ
အသက် ၆၅ နှစ်ကျော်သူတွေကို ပင်စင်နာလို့ခေါ်တယ်။ ကားခတစ်ဝက်သာ ပေးရတယ်။ ရထားခတစ်ဝက်သာ ပေးရတယ်။
လူတိုင်း ထောက်ပံ့ကြေးရလို့ ၆၅ နှစ်အထက်တွေကို Pensioners တွေလို့ ခေါ်တာပဲပေါ့။ ပင်စင်နာတွေကို ခင်ဗျားတို့က မကြင်နာဘူး။
ကိစ္စမရှိပါဘူး၊ ဘာကြောင့် ငှက်ကျားကို အစာကျွေးသလို ပန်းကန်ပြားထဲ ဟင်းရည်ကျဲကျဲ ထည့်ပေးရတာလဲ။

(၅) ကျွန်တော် အပြစ်တင်နေတာ မဟုတ်ပါ။ ဝမ်းနည်းစရာကောင်းတာကို ပြောနေတာပါ။ တစ်ယောက်ကိုတစ်ယောက် မလေးစားပဲနဲ့ ဒီလုပ်ငန်းကြီးကို အောင်မြင်
အောင် တည်ဆောက်နိုင်မယ်လို့ တကယ်ပဲ ထင်မြင်ယူဆပါသလား၊
ယနေ့လုပ်ငန်းတွေဟာ သိက္ခာရှိရှိ ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်အောင် ကြိုးစားဆဲပဲ မဟုတ်ပါလား၊ ဒါလည်း ဘယ်လောက်ကြာသေးလို့လဲ။ ကျွန်တော်တို့ ပင်စင်စားကြီး
တွေရဲ့မျိုးဆက်တွေကတော့ ခင်ဗျားတို့သဘောထားကို နားလည် သဘောပေါက်သွားပါပြီ။
ကျွန်တော်တို့ ဘဏ်မှာထည့်ထားတဲ့ပိုက်ဆံဟာ ခင်ဗျားတို့နှိပ်စက်တာကို ခံရသလိုဖြစ်နေပြီလား၊ အချို့က အနှိမ်ခံပြီး ပြန်မထုတ်လိုပါ။ ဒါကို အချို့လည်း (ဆင်းရဲလို့)
ကိုယ့်ပိုက်ဆံကိုယ် ရလိုချင်စိတ်နဲ့ ကြိုးစားတာပဲ။
ကျွန်တော်က ကိုယ့်ရှေ့မှာရှိတဲ့ စားပွဲပေါ်က ပစ္စည်းတွေကို ကြည့်နေမိတယ်။ ကွန်ပျူတာ၊ တယ်လီဖုန်း၊ ခဲတံကအစ အားလုံး နိုင်ငံခြား လုပ်တာပဲ။ ကွန်ပျူတာက ဝေ
လာ ဝေးပေါ့။
ကျွန်တော်ဆိုလိုတာက ကျွန်တော်တို့ အများကြီး ကြိုးစားကြရမှာပါ။ ကျွန်တော်တို့တတွေ တစ်ယောက်ကိုတစ် ယောက် လက်တွဲသွားကြရမှာ ဖြစ်တယ်။ တစ်
ယောက်ကိုတစ်ယောက် ကြင်နာပါ။ လေးစားပါ။ မေတ္တာထားပါ။
ကျွန်တော်တို့စိတ်ဓာတ်တွေ ပျက်စီးနေပြီလား။ သူတပါးရဲ့စိတ်ဓာတ်ကိုရော ဖျက်ဆီးနေပြီလား။ လွတ်လပ်ရေးရအပြီး အနှစ် ၇၀ ကျော်မှာ ကျွန်တော်တို့ဟာ ဘာလို့
အဆတစ်ရာကျော် ဆင်းရဲသွားရတာလဲ။ စိတ်ဓာတ်ကိုပြုပြင်ရမှာပေါ့။
(၆) နိဂုံးချုပ်နေနဲ့ မျိုးဆက်သစ်တို့ကို မှာချင်ပါတယ်။ သားတို့ သမီးရေ.. အဖေတို့ ဘဏ်တွေဟာ အဖေတို့လို လူကြီးတွေကို ငှက်ကျားကို ပန်းကန်ပြားပက်ပက်နဲ့
ဟင်းရည်ကျဲ ကျွေးတာကို နမူနာ မယူပါနဲ့။
မသိချင်ယောင်ဆောင် နေကြပါ။ ဘယ်သူ့ကိုမှလည်း မသိစေပါနဲ့။ မြေးလေးတို့ကိုလည်း ဒီအကြောင်းကို ယောင်လို့တောင်မှ မပြောပြမိစေနဲ့။
ဒေါက်တာခင်မောင်ညို



